မြန်မာယန်စီကုမ္ပဏီရှိ လုပ်သားတစ်ဦး ရုတ်တရက်လဲကျသေဆုံး

မြန်မာယန်စီကုမ္ပဏီရှိ လုပ်သားတစ်ဦး ရုတ်တရက်လဲကျသေဆုံး

မုံရွာ၊ မေ ၂၁-၂၀၂၀ [ရန်နိုင်စိုး(VOM)]

ဆားလင်းကြီးမြို့နယ် ကြေးနီထုတ်လုပ်ရေးစီမံကိန်းဖြစ်တဲ့ မြန်မာယန်စီကုမ္ပဏီ Processဌာနရှိ လူပျိုဆောင်မှ ကန့်ဝင်အလုပ်လုပ်နေတဲ့ လုပ်သားတစ်ဦးဟာ ဒီကနေ့မနက်ပိုင်းက ရုတ်တရက်လဲကျပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

အ‌ဲ့ဒီလို လ‌ဲကျသေဆုံးခဲ့တာနဲ့ပတ်သတ်ပြီး ရုပ်လောင်းကို မိုင်းတိုက်နယ်-၁၆ ကုတင်ဆံ့မှာ စစ်ဆေးနေပါတယ်။

” သေတာတော့ မနက်ပိုင်းက ရုတ်တရက်လဲကျသေဆုံးတာ။ အဲ့လူက ကန့်ဝင်ပြီး ဒီမှာ အလုပ်လုပ်နေတဲ့သူပါ။ ဟင်းချက်နေတုန်း လဲကျသေတာ။ လဲကျတဲ့အရှိန်ကြောင့် ခေါင်းမှာ ဒါဏ်ရာရသွားတာရှိတယ် ။ ဘာကြောင့် သေရတယ်ဆိုတာတော့ မထုတ်ပြန်သေးဘူး “လို့ ဆားလင်းကြီးလူမှုအဖွဲ့စည်းတစ်ခုမှ ကိုဝင်းထွန်းကပြောပါတယ်။

သေဆုံးသူဟာ ရန်ကုန်မြို့က လာရောက်လုပ်ကိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး မြန်မာယန်စီကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတာ ၃ နှစ်လောက်ရှိပြီ သိရပါတယ်။

ဆေးရုံတာဝန်ရှိသူတစ်ဦးကတော့ ” လောလောဆယ် စစ်ဆေးနေဆဲပါ။ စစ်ဆေးနေဆဲကာလဖြစ်လို့ ဘာကြောင့်ဆိုတာ မရသေးပါဘူး ” လို့ ပြောပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ယန်စီကုမ္ပဏီက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

Covid-19ထိန်းချုပ်ရေးကာလမှာ ပြီးခဲ့တဲ့ ဧပြီလကတည်းကစပြီး ယန်စီကုမ္ပဏီရှိ ဝန်ထမ်းတွေကို မိမိဆန္ဒအလျှောက် ကန့်စနစ်နဲ့ အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

မြန်မာယန်စီကုမ္ပဏီမှာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသခံများအပါဝင် အနယ်နယ်အရပ်ရပ်က လုပ်သားတွေနဲ့ တရုတ်လူမျိုးလုပ်သားတွေ အများအပြား အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #ယန်စီလုပ်သား #ရုတ်တရက်လဲကျသေဆုံး

Zawgyi

ျမန္မာယန္စီကုမၸဏီရွိ လုပ္သားတစ္ဦး ႐ုတ္တရက္လဲက်ေသဆုံး

မံုရြာ၊ ေမ ၂၁-၂၀၂၀ [ရန္ႏိုင္စိုး(VOM)]

ဆားလင္းႀကီးၿမိဳ႕နယ္ ေၾကးနီထုတ္လုပ္ေရးစီမံကိန္းျဖစ္တဲ့ ျမန္မာယန္စီကုမၸဏီ Processဌာနရိွ လူပ်ိဳေဆာင္မွ ကန႔္ဝင္အလုပ္လုပ္ေနတဲ့ လုပ္သားတစ္ဦးဟာ ဒီကေန႔မနက္ပိုင္းက ႐ုတ္တရက္လဲက်ၿပီး ေသဆုံးမႈျဖစ္ပြားခဲ့ပါတယ္။

အ‌ဲ့ဒီလို လ‌ဲက်ေသဆုံးခဲ့တာနဲ႔ပတ္သတ္ၿပီး ႐ုပ္ေလာင္းကို မိုင္းတိုက္နယ္-၁၆ ကုတင္ဆံ့မွာ စစ္ေဆးေနပါတယ္။

” ေသတာေတာ့ မနက္ပိုင္းက ႐ုတ္တရက္လဲက်ေသဆုံးတာ။ အဲ့လူက ကန႔္ဝင္ၿပီး ဒီမွာ အလုပ္လုပ္ေနတဲ့သူပါ။ ဟင္းခ်က္ေနတုန္း လဲက်ေသတာ။ လဲက်တဲ့အရွိန္ေၾကာင့္ ေခါင္းမွာ ဒါဏ္ရာရသြားတာရွိတယ္ ။ ဘာေၾကာင့္ ေသရတယ္ဆိုတာေတာ့ မထုတ္ျပန္ေသးဘူး “လို႔ ဆားလင္းႀကီးလူမႈအဖြဲ႕စည္းတစ္ခုမွ ကိုဝင္းထြန္းကေျပာပါတယ္။

ေသဆုံးသူဟာ ရန္ကုန္ၿမိဳ႕က လာေရာက္လုပ္ကိုင္တဲ့ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး ျမန္မာယန္စီကုမၸဏီမွာ အလုပ္လုပ္ကိုင္ေနတာ ၃ ႏွစ္ေလာက္ရွိၿပီ သိရပါတယ္။

ေဆး႐ုံတာဝန္ရွိသူတစ္ဦးကေတာ့ ” ေလာေလာဆယ္ စစ္ေဆးေနဆဲပါ။ စစ္ေဆးေနဆဲကာလျဖစ္လို႔ ဘာေၾကာင့္ဆိုတာ မရေသးပါဘူး ” လို႔ ေျပာပါတယ္။

ဒါနဲ႔ပတ္သတ္ၿပီး ယန္စီကုမၸဏီက တာဝန္ရွိသူေတြကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။

Covid-19ထိန္းခ်ဳပ္ေရးကာလမွာ ၿပီးခဲ့တဲ့ ဧၿပီလကတည္းကစၿပီး ယန္စီကုမၸဏီရွိ ဝန္ထမ္းေတြကို မိမိဆႏၵအေလွ်ာက္ ကန႔္စနစ္နဲ႔ အလုပ္လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

ျမန္မာယန္စီကုမၸဏီမွာ ဆားလင္းႀကီးၿမိဳ႕နယ္ လက္ပံေတာင္းေတာင္ေဒသခံမ်ားအပါဝင္ အနယ္နယ္အရပ္ရပ္က လုပ္သားေတြနဲ႔ တ႐ုတ္လူမ်ိဳးလုပ္သားေတြ အမ်ားအျပား အလုပ္လုပ္ကိုင္ေနတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဆားလင္းႀကီး #ယန္စီလုပ္သား #ရုတ္တရက္လဲက်ေသဆံုး

Be the first to comment

Leave a Reply

Your email address will not be published.


*