ေတာင္ကိုရီးယားမွာ အထက္တန္းေက်ာင္းေတြ ျပန္ဖြင့္ၿပီး နာရီပိုင္းအတြင္း ျပန္ပိတ္ခဲ့ရ

ေတာင္ကိုရီးယားမွာ အထက္တန္းေက်ာင္းေတြ ျပန္ဖြင့္ၿပီး နာရီပိုင္းအတြင္း ျပန္ပိတ္ခဲ့ရ

ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕အေနာက္ပိုင္း ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ အင္ခြၽန္းက ျပန္ဖြင့္ခဲ့တဲ့ ေက်ာင္းေတြကို ဖြင့္ၿပီး နာရီပိုင္းအၾကာမွာပဲ ျပန္ပိတ္ခဲ့ရပါတယ္။ ေမလ ၂၀ ရက္က ျပန္ဖြင့္ခဲ့ေပမယ့္ ေက်ာင္းသား၂ ေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါ COVID-19 ကူးစက္ခံထားရတဲ့ ေက်ာင္းသားေတြဟာ စဖြင့္တဲ့ရက္ ဗုဒၶဟူးေန႔က ေက်ာင္းလာတက္ျခင္း မရွိခဲ့ေပမယ့္ အေစာပိုင္းက တျခားေက်ာင္းသားေတြနဲ႔ ထိေတြ႕မႈေတြ ရွိခဲ့ႏိုင္တာေၾကာင့္ ေက်ာင္းဖြင့္ၿပီး ၃ နာရီအၾကာမွာ ျပန္ပိတ္ခဲ့ရတာပါ။ ေတာင္ကိုရီးယား ပညာေရးဝန္ႀကီးကေတာ့ အင္ခြၽန္းၿမိဳ႕က ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္မယ့္ အခ်ိန္ကို အတိအက် မေျပာႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံအတြင္းက အထက္တန္းေက်ာင္းေတြကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလကတည္းက ပိတ္ထားခဲ့တာျဖစ္ၿပီး ေမလလယ္မွာ ပထမဆုံးအႀကိမ္ စာသင္ခန္းေတြကို ျပန္ဖြင့္ခဲ့တာပါ။ အထက္တန္းေက်ာင္းေတြ ၿပီးရင္ တျခား အတန္းေတြကိုလည္း တခုခ်င္းစီ ျပန္ဖြင့္သြားဖို႔ ရည္႐ြယ္ထားပါတယ္။

ေက်ာင္းေတြ ပိတ္ထားခ်ိန္မွာ ဧၿပီလလယ္ထိ Online Class ေတြ ဖြင့္လွစ္သင္ၾကားခဲ့ေပမယ့္ အဆင္မေျပခဲ့ဘဲ တိုင္ၾကားခ်က္ေတြ ရွိခဲ့ပါတယ္။ ဆိုးလ္ၿမိဳ႕ အီထယ္ဝန္ ရပ္ကြက္မွာျဖစ္ခဲ့တဲ့ ကူးစက္မႈေၾကာင့္ အထက္တန္းေက်ာင္းေတြကို ပုံမွန္ ေမွ်ာ္မွန္းတာထက္ ၁ ပတ္ေနာက္က်ၿပီးမွ ဖြင့္လွစ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ေမလ ၁၉ ရက္ေန႔က လူေပါင္း ၂၃၆,၀၀၀ ေက်ာ္ လက္မွတ္ေရးထိုးၿပီး ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ကို ေနာက္ဆုတ္ေပးဖို႔ သမၼတ႐ုံး Website ကတဆင့္ အသနားခံလႊာ တင္ျပခဲ့ၾကပါတယ္။ ေက်ာင္းေတြ ျပန္ဖြင့္မယ္ဆိုရင္ ကူးစက္မႈေတြ ရွိလာႏိုင္ၿပီး ဒုတိယလႈိင္း ကူးစက္မႈ ျဖစ္လာႏိုင္လို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ပညာေရးဝန္ႀကီးဌာနကေတာ့ ျပန္ဖြင့္မယ့္ ေက်ာင္းေတြကို အပူခ်ိန္တိုင္းစက္ေတြ ထားရွိၿပီး ၂၄ နာရီ အေရးေပၚ ကူညီေရးအစီအစဥ္ေတြ ထားရွိမယ္လို႔ ဆိုပါတယ္။ ေက်ာင္းဝင္ေပါက္ေတြမွာ ဆရာေတြကိုယ္တိုင္ ေက်ာင္းသားေတြကို အပူခ်ိန္တိုင္းတာရမွာျဖစ္ၿပီး ကိုယ္အပူခ်ိန္ ျမင့္သူေတြ၊ ေခါင္းကိုက္၊ ေခ်ာင္းဆိုးေနသူေတြဆိုရင္ ဝင္ခြင့္ မေပးဖို႔ ၫႊန္ၾကားထားပါတယ္။

အခုအစီအစဥ္ေတြက ပထမဆုံးအႀကိမ္ မဟုတ္ေတာ့ဘဲ ၂၀၀၉ ခုႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ ဝက္တုပ္ေကြးနဲ႔ MERS ေရာဂါေတြတုန္းကလည္း အလားတူ လုပ္ေဆာင္ေပးခဲ့ပါေသးတယ္။ တက္ေရာက္မယ့္ အထက္တန္းေက်ာင္းသားေတြကို Social distancing အတိုင္း ေနထိုင္ရမွာျဖစ္ၿပီး ေက်ာင္းတြင္း သြားလာခြင့္ကိုလည္း ကန႔္သတ္ထားတယ္လို႔ ဆိုပါတယ္။

စာသင္ခန္းေတြထဲမွာလည္း အကြာအေဝးျခားၿပီး ထိုင္ရမွာျဖစ္လို႔ ေနရာ ကန႔္သတ္ခ်က္အရ ေက်ာင္းသားေတြကို ႏွစ္ပိုင္းခြဲၿပီး တပိုင္းကို ဆရာမနဲ႔ သင္ၾကားကာ ေနာက္တပိုင္းကိုေတာ့ ဗီဒီယိုကတဆင့္ သင္ၾကားဖို႔ စီစဥ္ထားပါတယ္။

ေက်ာင္းဆရာတဦးကေတာ့ ဆရာေတြက စာသင္ၾကားေရးပိုင္းအျပင္ ဗိုင္းရပ္စ္ ကာကြယ္ေရး၊ Quarantine ေစာင့္ၾကည့္ေရးပိုင္းကိုပါ လုပ္ေဆာင္ေနရလို႔ သင္ၾကားေရးပိုင္းကို ပိုအာ႐ုံစိုက္ႏိုင္ေအာင္ ဝန္ထမ္းအင္အား ထပ္တိုးေပးသင့္တယ္လို႔ အႀကံျပဳထားပါတယ္။

တောင်ကိုရီးယားမှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်ပြီး နာရီပိုင်းအတွင်း ပြန်ပိတ်ခဲ့ရ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အနောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ အင်ချွန်းက ပြန်ဖွင့်ခဲ့တဲ့ ကျောင်းတွေကို ဖွင့်ပြီး နာရီပိုင်းအကြာမှာပဲ ပြန်ပိတ်ခဲ့ရပါတယ်။ မေလ ၂၀ ရက်က ပြန်ဖွင့်ခဲ့ပေမယ့် ကျောင်းသား၂ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။

အဆိုပါ COVID-19 ကူးစက်ခံထားရတဲ့ ကျောင်းသားတွေဟာ စဖွင့်တဲ့ရက် ဗုဒ္ဓဟူးနေ့က ကျောင်းလာတက်ခြင်း မရှိခဲ့ပေမယ့် အစောပိုင်းက တခြားကျောင်းသားတွေနဲ့ ထိတွေ့မှုတွေ ရှိခဲ့နိုင်တာကြောင့် ကျောင်းဖွင့်ပြီး ၃ နာရီအကြာမှာ ပြန်ပိတ်ခဲ့ရတာပါ။ တောင်ကိုရီးယား ပညာရေးဝန်ကြီးကတော့ အင်ချွန်းမြို့က ကျောင်းတွေ ပြန်ဖွင့်နိုင်မယ့် အချိန်ကို အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွင်းက အထက်တန်းကျောင်းတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး မေလလယ်မှာ ပထမဆုံးအကြိမ် စာသင်ခန်းတွေကို ပြန်ဖွင့်ခဲ့တာပါ။ အထက်တန်းကျောင်းတွေ ပြီးရင် တခြား အတန်းတွေကိုလည်း တခုချင်းစီ ပြန်ဖွင့်သွားဖို့ ရည်ရွယ်ထားပါတယ်။

ကျောင်းတွေ ပိတ်ထားချိန်မှာ ဧပြီလလယ်ထိ Online Class တွေ ဖွင့်လှစ်သင်ကြားခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ တိုင်ကြားချက်တွေ ရှိခဲ့ပါတယ်။ ဆိုးလ်မြို့ အီထယ်ဝန် ရပ်ကွက်မှာဖြစ်ခဲ့တဲ့ ကူးစက်မှုကြောင့် အထက်တန်းကျောင်းတွေကို ပုံမှန် မျှော်မှန်းတာထက် ၁ ပတ်နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့က လူပေါင်း ၂၃၆,၀၀၀ ကျော် လက်မှတ်ရေးထိုးပြီး ကျောင်းတွေ ပြန်ဖွင့်ဖို့ကို နောက်ဆုတ်ပေးဖို့ သမ္မတရုံး Website ကတဆင့် အသနားခံလွှာ တင်ပြခဲ့ကြပါတယ်။ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင် ကူးစက်မှုတွေ ရှိလာနိုင်ပြီး ဒုတိယလှိုင်း ကူးစက်မှု ဖြစ်လာနိုင်လို့ တောင်းဆိုခဲ့ကြပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ ပြန်ဖွင့်မယ့် ကျောင်းတွေကို အပူချိန်တိုင်းစက်တွေ ထားရှိပြီး ၂၄ နာရီ အရေးပေါ် ကူညီရေးအစီအစဉ်တွေ ထားရှိမယ်လို့ ဆိုပါတယ်။ ကျောင်းဝင်ပေါက်တွေမှာ ဆရာတွေကိုယ်တိုင် ကျောင်းသားတွေကို အပူချိန်တိုင်းတာရမှာဖြစ်ပြီး ကိုယ်အပူချိန် မြင့်သူတွေ၊ ခေါင်းကိုက်၊ ချောင်းဆိုးနေသူတွေဆိုရင် ဝင်ခွင့် မပေးဖို့ ညွှန်ကြားထားပါတယ်။

အခုအစီအစဉ်တွေက ပထမဆုံးအကြိမ် မဟုတ်တော့ဘဲ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဝက်တုပ်ကွေးနဲ့ MERS ရောဂါတွေတုန်းကလည်း အလားတူ လုပ်ဆောင်ပေးခဲ့ပါသေးတယ်။ တက်ရောက်မယ့် အထက်တန်းကျောင်းသားတွေကို Social distancing အတိုင်း နေထိုင်ရမှာဖြစ်ပြီး ကျောင်းတွင်း သွားလာခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

စာသင်ခန်းတွေထဲမှာလည်း အကွာအဝေးခြားပြီး ထိုင်ရမှာဖြစ်လို့ နေရာ ကန့်သတ်ချက်အရ ကျောင်းသားတွေကို နှစ်ပိုင်းခွဲပြီး တပိုင်းကို ဆရာမနဲ့ သင်ကြားကာ နောက်တပိုင်းကိုတော့ ဗီဒီယိုကတဆင့် သင်ကြားဖို့ စီစဉ်ထားပါတယ်။

ကျောင်းဆရာတဦးကတော့ ဆရာတွေက စာသင်ကြားရေးပိုင်းအပြင် ဗိုင်းရပ်စ် ကာကွယ်ရေး၊ Quarantine စောင့်ကြည့်ရေးပိုင်းကိုပါ လုပ်ဆောင်နေရလို့ သင်ကြားရေးပိုင်းကို ပိုအာရုံစိုက်နိုင်အောင် ဝန်ထမ်းအင်အား ထပ်တိုးပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*