“ပိုက္ဆံမေပးလို႔” ဆုိၿပီး လမ္းေဘးပိုက္ဆံေတာင္းသူတစ္ဦးက ဆြမ္းခံၾကြေနသည့္ ဘုန္းႀကီးတစ္ပါးကို ထုိးႀကိတ္တဲ့ ျဖစ္ရပ္

“ပိုက္ဆံမေပးလို႔” ဆုိၿပီး လမ္းေဘးပိုက္ဆံေတာင္းသူတစ္ဦးက ဆြမ္းခံၾကြေနသည့္ ဘုန္းႀကီးတစ္ပါးကို ထုိးႀကိတ္တဲ့ ျဖစ္ရပ္

တာခ်ီလိတ္ၿမိဳ႕မွာ ဆြမ္းခံၾကြလာတဲ့ သက္ေတာ္ (၇၄)ႏွစ္အရြယ္ ဘုန္းႀကီးတစ္ပါးကို လမ္းေဘးမွာ ပိုက္ဆံေတာင္းသူတစ္ဦးက ပိုက္ဆံေတာင္းတာ မေပးလို႔ဆုိၿပီး ဒီကေန႔ မနက္ပိုင္းက ထုိးႀကိတ္ခဲ့တယ္လို႔ ဘုန္းႀကီးရဲ႕ ဒကာ၊ ဒကာမေတြထံကေန သိရပါတယ္။

ၾသဂုတ္လ ၂၆ရက္ မနက္ ၁၀နာရီခြဲခန္႔က တာခ်ီလိတ္ၿမိဳ႕၊ ရွမ္းရိုးမကြင္းေရွ႕ကေန ဆြမ္းခံၾကြလာတဲ့ ဦးဇင္းတစ္ပါးကို လမ္းေဘးမွာ ထုိင္ေနသူတစ္ဦးက ပိုက္ဆံေတာင္းခံရာ ဦးဇင္းက ပိုက္ဆံမရွိေၾကာင္း ေျပာဆိုခဲ့ရာ ပိုက္ဆံေတာင္းသူက ထုိးႀကိတ္ခဲ့ျခင္းျဖစ္ေၾကာင္း ထိုးႀကိတ္ခံရတဲ့ ဦးဇင္းကို ေန႔စဥ္ ဆြမ္းေလာင္းလွဴေနတဲ့ ဒကာတစ္ဦးက ေျပာပါတယ္။

“ဘုန္ႀကီးက ကၽြန္ေတာ္တုိ႔ဆီမွာ ဆြမ္းခံၾကြေနတာ ၇ႏွစ္ေက်ာ္ၿပီ။ သူက ေငြေၾကးအလွဴမခံဘူး။ အဲဒါေၾကာင့္ ပိုက္ဆံေတာင္းေတာ့ သူ႔မွာ မရွိဘူးေျပာတာကို ေတာင္းတဲ့သူက ထုိးတာ။ ေတာင္းတဲ့သူပံုက အရက္မူးေနတဲ့ပံုပဲ” လို႔ သူက ေျပာပါတယ္။

ဆြမ္းခံၾကြေနတဲ့ ဘုန္းႀကီးတစ္ပါးကို အခုလို ထိုးႀကိတ္တာေၾကာင့္ ထုိးႀကိတ္သူကို ဒကာ၊ ဒကာမေတြက ရဲစခန္းထံ အေၾကာင္းၾကားၿပီး အပ္ႏွံခဲ့တယ္လို႔ သိရပါတယ္။

တာခ်ီလိတ္္ၿမိဳ႕မွာ မူးယစ္ေဆးစြဲသူ၊ အရက္မူးေနသူေတြ လမ္းေဘးမွာ ေလ့လြင့္ေနတာ အမ်ားအျပားၿပီး သက္ဆုိင္ရာတာဝန္ရွိသူေတြက ထိထိေရာက္ေရာက္ ရွင္းလင္းမႈ မရွိတာေၾကာင့္ အခုကိစၥရပ္ေတြ ျဖစ္ေပၚေနတာလို႔ ေဒသခံေတြက ေဝဖန္ေနၾကပါတယ္။crd

တာချီလိတ်မြို့မှာ ဆွမ်းခံကြွလာတဲ့ သက်တော် (၇၄)နှစ်အရွယ် ဘုန်းကြီးတစ်ပါးကို လမ်းဘေးမှာ ပိုက်ဆံတောင်းသူတစ်ဦးက ပိုက်ဆံတောင်းတာ မပေးလို့ဆိုပြီး ဒီကနေ့ မနက်ပိုင်းက ထိုးကြိတ်ခဲ့တယ်လို့ ဘုန်းကြီးရဲ့ ဒကာ၊ ဒကာမတွေထံကနေ သိရပါတယ်။

သြဂုတ်လ ၂၆ရက် မနက် ၁၀နာရီခွဲခန့်က တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းရှေ့ကနေ ဆွမ်းခံကြွလာတဲ့ ဦးဇင်းတစ်ပါးကို လမ်းဘေးမှာ ထိုင်နေသူတစ်ဦးက ပိုက်ဆံတောင်းခံရာ ဦးဇင်းက ပိုက်ဆံမရှိကြောင်း ပြောဆိုခဲ့ရာ ပိုက်ဆံတောင်းသူက ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုးကြိတ်ခံရတဲ့ ဦးဇင်းကို နေ့စဉ် ဆွမ်းလောင်းလှူနေတဲ့ ဒကာတစ်ဦးက ပြောပါတယ်။

“ဘုန်ကြီးက ကျွန်တော်တို့ဆီမှာ ဆွမ်းခံကြွနေတာ ၇နှစ်ကျော်ပြီ။ သူက ငွေကြေးအလှူမခံဘူး။ အဲဒါကြောင့် ပိုက်ဆံတောင်းတော့ သူ့မှာ မရှိဘူးပြောတာကို တောင်းတဲ့သူက ထိုးတာ။ တောင်းတဲ့သူပုံက အရက်မူးနေတဲ့ပုံပဲ” လို့ သူက ပြောပါတယ်။

ဆွမ်းခံကြွနေတဲ့ ဘုန်းကြီးတစ်ပါးကို အခုလို ထိုးကြိတ်တာကြောင့် ထိုးကြိတ်သူကို ဒကာ၊ ဒကာမတွေက ရဲစခန်းထံ အကြောင်းကြားပြီး အပ်နှံခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့မှာ မူးယစ်ဆေးစွဲသူ၊ အရက်မူးနေသူတွေ လမ်းဘေးမှာ လေ့လွင့်နေတာ အများအပြားပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိထိရောက်ရောက် ရှင်းလင်းမှု မရှိတာကြောင့် အခုကိစ္စရပ်တွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။crd

Be the first to comment

Leave a Reply

Your email address will not be published.


*