











SAW

အဖေအရ င်း ကျောင်းဆ ရာ ကို သက်ငယ်မု ဒိမ်း မှု နဲ့ မိခင်ဖြစ်သူအမျိုးသမီးက တရားစွဲလိုက်ပါပြီ

ထို င်းနိုင်ငံ Korat ခရိုင် က နာမည်ကြီး တက္ကသိုလ်မှာ ပညာ ပေးနေကြတဲ့ ကျောင်းဆရာ နဲ့ ဆရာမ မိသားစု အမှတ်တယ ရိုက်ကူးထားတဲ့ ဓါတ်ပုံပါ ။ခင်ပွန်းသည် ဟာ နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာခဲ့သူလို့ သိရပါတယ်။သူတို့မှာ သုံးနှစ်အရွယ် သားယောက်ကျားလေးနဲ့ ၉ နှစ် အရွယ် သမီး မိန်းခလေး နှစ်ဦးရှိနေပါပြီ။

ထိုင်းနိုင်ငံမှာ PHD တက္ကသိုလ် ကျောင်းဆရာ ရဲ့ဝင်ငွေ ဟာ ဘတ်ငွေ ၇၀၀၀၀ ကနေ ၁၄၀၀၀၀ (ကျပ် သိန်း၃၀ မှ သိန်း၆၀ ) ရတာဆိုဆိုတော့မြို့မှာ နှစ်ထပ်တိုက် အိမ်ကြီးနဲ့ သာယာလိုက်တဲ့ မိသားစု ဘဝလို့ ထင်စရာပေါ့နော်

ခုရက်ပိုင်းမှာပေါ့…ဇနီးဖြစ်တဲ့ ကျောင်းဆရာမဟာ ကလေး နှစ်ယောက်ကိုခေါ်ပြီး အိမ်ကဆင်းသွားခဲ့တော့ အိမ်တွင်းရေးအဆင်မပြေလို့ လင်မယားစကားများကြတာမျိုး မဟုတ်ဘူးဆိုတာ နောက်ပိုင်းမှာသိလိုက်ရပါတယ် ။

မိခင်ဖြစ်သူအမျိုးသမီးက ရဲစခန်းမှာ သူမရဲ့ကလေးနှစ်ဦးကို ဖခင်အရင်းက လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် စော်ကားနေလို့ မုဒိမ်းမှု ဖွင့်ခဲ့တာဆိုတာကို တိုင်ကြားခဲ့တာပါ။

တက္ကသိုလ်ကျောင်းဆရာဟာ ရဲစခန်းကို လိုက်လာပြီး ကျွန်တော့် ဇနီးဟာ စိတ်ရောဂါရှင်ပါ မုဒိမ်းဖြစ်ရပ်တွေထိုင်းမှာ အဖြစ်များလာလို့ စိတ်ခြောက်ခြားပြီး ခုလိုဖြစ်ခဲ့တာလို့ တည်တည်ငြိမ်ငြိမ်နဲ့ လာရှင်းခဲ့ပါတယ် ။

ရဲကအမှုမဖွင့်ပေးလို့ အမျိုးသမီးဟာ သတင်းဌာန နဲ့ ခင်ပွန်းအကြောင်း ဖွင့်ချ ရှင်းပြီး နောက်ရဲစခန်း တစ်ခုမှာ အမှုထပ်ဖွင့်ပါတယ်။သတင်းတွေမှာဆရာမနဲ့ ကလေးတွေရဲ့ ရင်ဖွင့်ချက် တွေ ပါလာအပြီး အမှုကို ခရိုင်ရဲအရာရှိကိုယ်တိုင် လက်ခံပြီး ကလေးတွေကို ဆေးစစ်ချက် အသေးစိတ် စစ်ဆေးခဲ့ပါတယ်။

ကျွန်မ စိတ်ရောဂါဖြစ်နေတယ်ဟုတ် လား.. စောင့်ကြည့်ပါ ဆေးရုံက အဖြေထွက်လာပါလိမ့်မယ် လို့ ဆရာမဟာ သတင်းဌာနကိုပြောခဲ့ပါတယ်။သတင်းထောက်တွေဟာ အခင်းဖြစ်ပွားခဲ့တဲ့ အိမ်နဲ့ ကပ်နေတဲ့ အိမ်နီးချင်းတွေကိုလည်း ဒီမိသားစုအကြောင်း လိုက်စုံးစမ်းတဲ့အခါ ဆရာမ စိတ်က ပုံမှန်ပါတဲ့ အဲ..ကြားမိတာက ဆရာမအပြင်သွား တဲ့အချိန် ကလေးတွေက ဖင်နာတယ်ဆိုပြီး အော်ငိုသံ ကြားရတယ်တဲ့။

ဟုတ်ပါတယ်…ဆေးစစ်ချက်မှာ အသက် သုံးနှစ် ယောက်ကျားလေး ရဲ့ စအိုနဲ့ ၉နှစ် မိန်းခလေးရဲ့ သားအိမ် ပေါက်ပြဲ ဒဏ်ရာတွေ ဖြစ်နေတာကို ရဲစခန်းက အတည်ပြုပြီးတော့ ဒီကနေ့မှာ အဖေအရင်း ကျောင်းဆရာကို သက်ငယ်မုဒိမ်းမှုနဲ့ တရားစွဲလိုက်ပါပြီ။

ကလေးတွေရဲ့ ထွက်ဆိုချက်မှာ မုဒိမ်းအဖေဟာ သူတို့ ကို လိင်ပိုင်းဆိုင်ရာကျူးလွန်နေတာ လနဲ့ ချီနေပြီ- အမေအပြင်သွားတဲ့အချိန် ဆို ပါပါး (အဖေ)အခန်းထဲဝင်မလာပါစေနဲ့ လို့ ဘုရားတ ဆုတောင်းပြီး နေရတဲ့ဘဝ-ပါတဲ့

အဖေတင် ဘယ်ဟုတ်မလည်း.. တခါတခါ အဖိုး ကလည်း သူ့သားလိုပဲအိမ်လာလည်ရင် ကလေးတွေကို လိင်ဆက်ဆံဘို့ ကြိုးစားခဲ့တယ်လို့သိရပါတယ်။ရင်လေးဖွယ်ရာ မုဒိမ်း မျိုးဆက်တွေ ရဲ့ သားကောင်ဖြစ်နေရတဲ့ ကလေးငယ်တွေပါလား.နော်။

SAW

Be the first to comment

Leave a Reply

Your email address will not be published.


*