အုပ်စုဖွဲ့ရိုက်နှက်ရန်ဖြစ်ရာမှ ရန်ပွဲကိုဖြန့်ဖြေပေးသူ ဓားထိုးခံရပီး သေဆုံး ရုပ်သံ
ဒီဗွီယိုဖိုင်ကတော့ အိန္ဒိယနိုင်ငံ ဒေလေမြို့မှ ရပ်ကွက်တစ်ခုအတွင်းမှာ လူတစ်ယောက်ကို ဝိုင်းရိုက်ကြတဲ့ ရန်ပွဲဖြစ်ပါတယ်။ အရိုက်ခံရတဲ့ လူငယ်မှာလည်း အတော်လေးအထိနာနေပါတယ်။
လက်လွန်ချေလွန်ဖြစ်မှာ စိုးတဲ့အတွက် ဝင်ရောက်ထိမ်းသိမ်းဖြန့်ဖြေပေးသူကို တစ်လူတစ်ယောက်မှ ပြေးဝင်လာပီး ဓားနဲ့ထိုးလိုက်တာဖြစ်ပါတယ်။ ဘယ်ဘက်နံကြားလောက်ဆီကို အထိုးခံလိုက်ရတာဖြစ်ပီး ဆေးရုံမရောက်မီ သေဆုံးသွားခဲ့ပါတယ်။
ရခဲလှတဲ့လူဘဝမှာ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ ရန်ဖြစ်ပီး အချိန်တွေကုန်နေကြအုံးမှာလား၊ အသက်တွေဘဝတွေ ပေးနေကြရအုံးမှာလား။ လူ့ဘဝဆိုတာ ခဏတာလေးပါ။ အဲဒီအချိန်ခဏတာလေးမှာ ဘဝကို အကျိုးရှိရှိနေတတ်ဖို့လိုပါတယ်ဗျာ။
သေဆုံးသူမှာ အသက်သုံးဆယ်ခန့်သာရှိသေးပီး သမီးသုံးယောက်နဲ့ သားတစ်ယောက်ရှိပါတယ်။ ကျန်ရစ်တဲ့ ဇနီးသည်နဲ့ သားသမီးတွေ ဘယ်လောက်ပူဆွေးသောက ရောက်နေကြမလဲဗျာ။
ရန်ဖြစ်ကြတယ်ဆိုတာ မကောင်းပါဘူး။ အခုတော့ ဖြန့်ဖြေပေးသူတစ်ယောက်က အသက်ပေးလိုက်ရပါပီ။ ဒီဗွီယိုလေးကို ကြည့်ခြင်းအားဖြင့် ရန်ဖြစ်တယ်ဆိုတာမကောင်းဘူးဆိုတာ ဆင်ခြင်ရှောင်ကျဉ်နိုင်ကြပါစေဗျာ။ #သာဂိ
Be the first to comment
Leave a Reply
Your email address will not be published.
*