ဆေးရုံတက်နေတဲ့ ဖခင်အိုကို လည်ပင်းညှစ်သတ်တဲ့ ရုပ်သံဖိုင်
လောကကြီးကလည်း တယ်လည်းကြောက်စရာကောင်းပါလားဗျာ။ ကိုယ့်ကိုမွေးထုတ်ပေးပီး ပြုစုစောင့်ရှောက်တဲ့ ဖခင်ကို ပြန်သတ်တယ်တဲ့ဗျာ။ အရင်ကတော့ ရာဇဝင်တွေထဲလောက်သာ ဖတ်ခဲ့ဖူးတာပါ။ အခုတော့ လက်တွေ့ကြီးဗျာ ဗွီယိုဖိုင်ကြီး။
ဗွီယိုကြည့်ရတာ ဘေးနားက လူတစ်ယောက်က ခိုးရိုက်ထားတဲ့ပုံဗျာ။ ဘာလို့ဝင်မဆွဲသလဲ ဘာလို့မအော်သလဲ။ တစ်ကယ်လို့ ဘေးနားက ခိုးရိုက်နေတဲ့လူနာကလည်း အားအင်ချိနဲ့နေတဲ့လူနာဆို ဘယ်လိုဝင်ဆွဲမလဲ၊ အော်ရင် သူ့ကိုပါ သတ်သွားမှအခက်။
လူတွေရဲ့ စိတ်ဓာတ်တွေ ယုတ်မာကောက်ကျစ်လာကြသလို လောကကြီးကလည်း ဆုယုတ်ပျက်စီးလာနေပါပီ။ မကြားဘူးတဲ့ ကပ်ရောဂါတွေ၊ ကပ်ဘေးတွေ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေ…..။
ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်ဖို့က အရေးကြီးပါတယ်။ ဘယ်လောက်ဆိုးသွမ်းတဲ့မိဘဖြစ်ပါစေ အခုလိုမလုပ်သင့်ပါ။ မကောင်းရင် လွတ်ရာထွက်သွားလိုက်ပါဗျာ။ ကျေးဇူးမဆပ်နိုင်ရင်နေပါမိတ်ဆွေ သင့်အပေါ်ကျေးဇူးပြုဖူးသူ ကျေးဇူးရှိသူကို ဘယ်သောအခါမှ မစော်ကားပါနဲ့ မပြစ်မှားပါနဲ့နော် #Thargi
Be the first to comment
Leave a Reply
Your email address will not be published.
*