ကားတိုက်မိထားတဲ့ခွေးကို စားဖို့ပြင်နေခဲ့တဲ့ ရင်နင့်ဖွယ်ရာအမျိုးသားရဲ့အဖြစ် (ရုပ်သံ)

ယခုလိုကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်ကာလမှာ အောက်ခြေလူတန်းစားအများစုဟာ

ဝမ်းစာအတွက်ပိုပြီးရုန်းကန်နေရပါတယ် ။ အထူးသဖြင့် ကိုယ့်နိုင်ငံမှာမဟုတ်ဘဲ

အခြားနိုင်ငံသို့သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေပါ ။ ဒီတစ်ခေါက်မှာလည်း အိန္ဒိယနိုင်ငံသို့သွားရောက်ပြီး

အလုပ်လုပ်ကိုင်နေလျက်ရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတစ်ဦးဟာ ဆာလောင်ငတ်မွတ်လွန်းလို့

ကားလမ်းမကြီးပေါ်က ကားတိုက်မိထားတဲ့ ခွေးအသေကောင်ကို အစိမ်းလိုက်စားသောက်ဖို့ ပြင်ဆင်နေခဲ့တာကို

camera နဲ့ ရိုက်ယူထားမိခဲ့ပါတယ်…။အဆိုပါ video ကို Pradhuman Singh Naruka အမည်ရှိတဲ့

facebook Account တစ်ခုမှ ဝေမျှခဲ့ချိန်မှာတော့ video ဟာ ကမ္ဘာ့အနှံအတော်လေးကို ပျံနှံ ့သွားခဲ့ပြီး

ယခုလိုကပ်ရောဂါဖြစ်နေချိန်မှာ အကျဉ်းအကျပ်ဖြစ်လောက်ဆာလောင်ပြီး ဒုက္ခရောက်နေခဲ့တဲ့

အဆိုပါအမျိုးသားရဲ့အဖြစ်ကို လူအများက စာနာပြီးသနားနေခဲ့ကြပါတယ် ။ အဆိုပါနိုင်ငံခြားသားအလုပ်သမားကို

Rajasthan ပြည်နယ်မှာရှိတဲ့ Delhi-Jaipur အဝေးပြေးလမ်းမကြီးမှာ ကားတိုက်မိထားတဲ့ခွေးကိုစားဖို့ပြင်နေတဲ့အနေအထား

နဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ အဆိုပါ အလုပ်သမားဟာ လမ်းမကြီးပေါ်မှာ ထိုင်လျက်ရှိနေခဲ့ပေမဲ့လည်း ဖြတ်သွားတဲ့ ကား

တစ်စီးမှရပ်နားပြီးကူညီပေးခြင်းမျိုးလည်း မရှိခဲ့ကြပါဘူး ။အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ခဲ့တဲ့ Mr Chatarpura က

ကားကိုလမ်းမကြီးဘေးရပ်နားပြီး အဆိုပါအလုပ်သမားအတွက် အစားအစာ ၊ သောက်ရေ နှင့် ငွေကြေးအနည်းငယ်

ပေးကမ်းခဲ့ပါတယ် ။ ယခုချိန်မှာ အိန္နိယနိုင်ငံတွင် social distancing ကာလဖြစ်တဲ့အတွက် တစ်ဦးနှင့်တစ်ဦးအနီးကပ်

နေထိုင်ခြင်းမျိုးမရှိသောကြောင့် အဆိုပါအလုပ်သမားကို အနည်းငယ်သာကူညီခွင့်ရခဲ့ကြောင်း

Mr Chatarpura က ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily) Source: worldofbuzz

ရုပ်သံကြည့်ရန်

Gepostet von Devendra Singh Chatarpura am Mittwoch, 20. Mai 2020

Be the first to comment

Leave a Reply

Your email address will not be published.


*