မိုးဖြဲညရဲ့ လမ္းေဘးမီးတုိင္ေအာက္က ၾကက္သီးထေလာက္စရာ…အျဖစ္

မေန႔ညက..သခင္ျမပန္းၿခံကေန ဌာနလမ္းကို ေအာက္ၾကည္ျမင့္တိုင္ လမ္း အတိုင္းလမ္းေလွ်ာက္ျပန္တယ္။

ည ၁ နာရီေလာက္၊ မိုးက ဖြဲဖြဲ႐ြာေနတယ္။ ကြၽန္ေတာ္လည္း ထီးေလးေဆာင္းၿပီးခပ္သုတ္သုတ္ျပန္တာေပါ့။

ဂ်မခါနာ အေက်ာ္ေရာက္ေတာ့လမ္းမီးက နီက်င္က်င္နဲ႔။

မီးတိုင္ကို အေက်ာ္မွာကြၽန္ေတာ့္ေနာက္ကေန အရိပ္တစ္ခုကပ္လိုက္လာတာေတြ႕လိုက္တယ္။

အရိပ္က…လူက ကေလးကိုယ္လုံး၊ေခါင္းႀကီးက အႀကီးႀကီးပဲ။ ကြၽန္ေတာ္စဥ္းစားတယ္။

ေခါင္းဒီေလာက္ အႀကီးႀကီးကိုထိန္းေလွ်ာက္ႏိုင္တဲ့ ကေလး ဆိုတာလူျဖစ္ႏိုင္ပါ့မလား။

ၾကက္သီးေတြ ထလာတယ္။ လမ္းမမွာ ကားတစ္စီးတစ္ေလမ်ားေတြ႕မလားဆိုေတာ့လည္း လုံးဝရွင္းလို႔။

ကြၽန္ေတာ္ ေျခလွမ္းကို သြက္သြက္ေလွ်ာက္တယ္။ ေနာက္ ေျခသံက ကပ္ပါလာတုန္းပဲ။

လမ္းမီး တစ္တိုင္ေက်ာ္တိုင္း အဲ့ဒီေခါင္းႀကီး ကိုယ္ေသး ကေလးသူရဲအရိပ္ကို ကိုယ့္ေရွ႕ ကတၱရာလမ္းေပၚျမင္ေနရတယ္။

လွည့္လည္း မၾကည့္ရဲတာနဲ႔ အသားကုန္ေလွ်ာက္လိုက္တာ..ဌာနလမ္းေရွ႕ ခ်န္ဘာဘီ မွတ္တိုင္ေရာက္ေတာ့

ထမင္းေၾကာ္ဆိုင္ေလး ဖြင့္ထားတာ သြားေတြ႕တယ္။ လူလည္း ေခြၽးေတြျပန္ၿပီးေတာ္ေတာ္ေမာေနၿပီ။

ထမင္းဆိုင္ မီးအလင္းေရာင္ေလးထဲဝင္လိုက္ေရာ….

အဲ့ဒီဆိုင္က ကတုံးမ ဆိုတဲ့ ကေလးမ က ကြၽန္ေတာ့္ ေနာက္ ကို အလန႔္တၾကားၾကည့္ရင္း ထေအာ္တယ္…

“ဟဲ့…တိုးတက္ထြန္း…နင္..မုန႔္ဖက္ထုပ္က ကုန္ၿပီလား..ထီးမပါ ဘာမပါနဲ႔..ဟယ္..ဖ်ားဦးမယ္” တဲ့။

ဒီေတာ့ ေနာက္လွည့္ၾကည့္လိုက္မွ..တိုးတက္ထြန္း ဆိုတဲ့ မေအေပး မုန႔္ဖက္ထုပ္သည္ေလးက

ကုန္သြားတဲ့ သူ႔မုန႔္ဖက္ထုတ္ေတာင္းကို ေခါင္းမွာေစာင္းၿပီး ကြၽန္ေတာ့္ေနာက္ကလိုက္လာတာကိုးဗ်။

မသာေလးက ေျပာေသးတယ္….

‘သားက သရဲေၾကာက္လို႔ ဒီဦးေလးေနာက္ အမီလိုက္တာ…ဒီဦးေလးက လည္း လမ္းေလွ်ာက္တာ ျမန္လိုက္တာဗ်ာ’ တဲ့။

ငါလူးမကေလး…။ လူမွ ေသြးႏုသားႏု အလြမ္းဓာတ္ခံရွိပါတယ္ဆုိေနမွ လခြမ္းထဲမွပဲ…။

ရယ္ေမာျခင္းျဖင့္ အသက္ရွည္ၾကပါေစ…။

Credit:Original Uploader

မနေ့ညက..သခင်မြပန်းခြံကနေ ဌာနလမ်းကို အောက်ကြည်မြင့်တိုင် လမ်း အတိုင်းလမ်းလျှောက်ပြန်တယ်။

ည ၁ နာရီလောက်၊ မိုးက ဖွဲဖွဲရွာနေတယ်။ ကျွန်တော်လည်း ထီးလေးဆောင်းပြီးခပ်သုတ်သုတ်ပြန်တာပေါ့။

ဂျမခါနာ အကျော်ရောက်တော့လမ်းမီးက နီကျင်ကျင်နဲ့။

မီးတိုင်ကို အကျော်မှာကျွန်တော့်နောက်ကနေ အရိပ်တစ်ခုကပ်လိုက်လာတာတွေ့လိုက်တယ်။

အရိပ်က…လူက ကလေးကိုယ်လုံး၊ခေါင်းကြီးက အကြီးကြီးပဲ။ ကျွန်တော်စဉ်းစားတယ်။

ခေါင်းဒီလောက် အကြီးကြီးကိုထိန်းလျှောက်နိုင်တဲ့ ကလေး ဆိုတာလူဖြစ်နိုင်ပါ့မလား။

ကြက်သီးတွေ ထလာတယ်။ လမ်းမမှာ ကားတစ်စီးတစ်လေများတွေ့မလားဆိုတော့လည်း လုံးဝရှင်းလို့။

ကျွန်တော် ခြေလှမ်းကို သွက်သွက်လျှောက်တယ်။ နောက် ခြေသံက ကပ်ပါလာတုန်းပဲ။

လမ်းမီး တစ်တိုင်ကျော်တိုင်း အဲ့ဒီခေါင်းကြီး ကိုယ်သေး ကလေးသူရဲအရိပ်ကို ကိုယ့်ရှေ့ ကတ္တရာလမ်းပေါ်မြင်နေရတယ်။

လှည့်လည်း မကြည့်ရဲတာနဲ့ အသားကုန်လျှောက်လိုက်တာ..ဌာနလမ်းရှေ့ ချန်ဘာဘီ မှတ်တိုင်ရောက်တော့

ထမင်းကြော်ဆိုင်လေး ဖွင့်ထားတာ သွားတွေ့တယ်။ လူလည်း ချွေးတွေပြန်ပြီးတော်တော်မောနေပြီ။

ထမင်းဆိုင် မီးအလင်းရောင်လေးထဲဝင်လိုက်ရော….

အဲ့ဒီဆိုင်က ကတုံးမ ဆိုတဲ့ ကလေးမ က ကျွန်တော့် နောက် ကို အလန့်တကြားကြည့်ရင်း ထအော်တယ်…

“ဟဲ့…တိုးတက်ထွန်း…နင်..မုန့်ဖက်ထုပ်က ကုန်ပြီလား..ထီးမပါ ဘာမပါနဲ့..ဟယ်..ဖျားဦးမယ်” တဲ့။

ဒီတော့ နောက်လှည့်ကြည့်လိုက်မှ..တိုးတက်ထွန်း ဆိုတဲ့ မအေပေး မုန့်ဖက်ထုပ်သည်လေးက

ကုန်သွားတဲ့ သူ့မုန့်ဖက်ထုတ်တောင်းကို ခေါင်းမှာစောင်းပြီး ကျွန်တော့်နောက်ကလိုက်လာတာကိုးဗျ။

မသာလေးက ပြောသေးတယ်….

‘သားက သရဲကြောက်လို့ ဒီဦးလေးနောက် အမီလိုက်တာ…ဒီဦးလေးက လည်း လမ်းလျှောက်တာ မြန်လိုက်တာဗျာ’ တဲ့။

ငါလူးမကလေး…။ လူမှ သွေးနုသားနု အလွမ်းဓာတ်ခံရှိပါတယ်ဆိုနေမှ လခွမ်းထဲမှပဲ…။

ရယ္ေမာျခင္းျဖင့္ အသက္ရွည္ၾကပါေစ…။

Credit:Original Uploader

Be the first to comment

Leave a Reply

Your email address will not be published.


*