ဝါဆို့အတွက် မွေးနေ့လက်ဆောင်အဖြစ် သိန်း (၂၀) ကျော်တန် Balenciaga အိတ်ကို လက်ဆောင်ပေးခဲ့တဲ့ ဖြိုးလေးရဲ့ ဗီဒီယို
ချစ်သက်တမ်း (၅) နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ ဝါဆိုမိုးဦးနဲ့ဖြိုးလေးတို့စုံတွဲဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ရှေ့ဆက်နေခဲ့ကြပါတယ်။
အမြဲတမ်းအလျော့ပေးပြီးချစ်တတ်တဲ့ ဖြိုးလေး ကြောင့် ဝါဆို့ရဲ့အချစ်ရေးဟာ စိတ်ချမ်းသာစရာတွေအပြည့်ပါပဲ။ မနေ့က ဝါဆို့ရဲ့ မွေးနေ့မှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြပါတယ်။
မွေးနေ့ကိတ်ခွဲတဲ့အချိန်မှာ ဖြိုးလေးက ဝါဆိုလိုချင်တဲ့ Balenciaga (Hourglass Xs Tote – Black) အိတ်ကလေးကို လက်ဆောင်ပေးခဲ့ တာပါ။
လက်ဆောင်ရပြီးပြီးချင်းမှာပဲ ဝါဆိုက အမြတ်တနိုး နဲ့ အိတ်လေးကို ချက်ချင်းခါးမှာ ပတ်လိုက်ပြီး ဖြိုးလေးကိုနမ်းလိုက်တာ လေးက ကြည်နူးစရာ ပါပဲ။
ချစ်သူလေးကို အိတ်ကလေး ပတ်ပေးနေတဲ့ပုံလေးကို ” မင်းပျော်နေတယ်ဆို ကိုယ်ဘာမဆိုလုပ်ပေးရကျိုး နပ်ပါတယ် ” ဆိုပြီး ဖြိုးလေးက တင်ထားပါသေးတယ်။ မိသားစုတွေပျော်နေကြတဲ့ပုံရိပ်လေးကို ” ညကဆိုဆို Birthday မိသားစု Dinner အမှတ်တရ လေး ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
ပျော်စရာတွေ ဝမ်းနည်းစရာတွေအများကြီးကို အချိန်အကြာကြီး အတူတူဖြတ်သန်းလာခဲ့သူတွေမို့ လက်တွဲတွေက အတော်လေးကို ခိုင်မြဲနေခဲ့ပါပြီ။ ကြည်နူးစရာအမှတ်တရလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ Crd
Be the first to comment
Leave a Reply
Your email address will not be published.
*