အိမ်းက ခွေးလေးတွေကို နိုင်းဝမ်းနဲ့ ယုန်လေး ဆိုပြီး နာမည်ပေးထားတဲ့ ပိုးကြာဖြူခင်ကြောင့် ရေတောင်သီးတယ်ဆိုတဲ့ နိုင်ဝမ်း

အိမ်းက ခွေးလေးတွေကို နိုင်းဝမ်းနဲ့ ယုန်လေး ဆိုပြီး နာမည်ပေးထားတဲ့ ပိုးကြာဖြူခင်ကြောင့် ရေတောင်သီးတယ်ဆိုတဲ့ နိုင်ဝမ်း

ကိုယ်ချစ်တဲ့ တိရိစ္ဆာန်လေးတွေကို အမြတ်တနိုးအနေနဲ့ နာမည်လေးတွေ ပေးတတ်ကြတာ သဘာဝပါပဲ။ ပိုးကြာဖြူခင်ရဲ့ အိမ်ကခွေးလေးတွေကိုတော့ သူမတို့ မိသားစု ချစ်စနိုးနာမည်လေးတွေ ပေးခဲ့ပါသေးတယ်။

မိသားစုရဲ့ ပျော်စရာအချိန်လေးတွေကို Live လွှင့်ခဲ့တဲ့ ပိုးကြာဖြူခင်ရဲ့ ဗီဒီယိုလေးကို နိုင်းဝမ်း က၀င်ကြည့်ခဲ့ပြီးနောက် အိမ်ကခွေးလေးတစ်ကောင်ရဲ့ နာမည်က သူ့ရဲ့ အနုပညာနာမည်နဲ့ တူနေတာကြောင့် ရေတောင်သီးတယ်ဆိုပြီး စနောက်ခဲ့ပါသေးတယ်။

ဒီဗီးဒီယိုလေးကို နိုင်းဝမ်းက ပြန်တင်တဲ့ အချိန်မှာတော့ ယုန်လေးက သူငယ်ချင်း အချင်းချင်း ၀င်ရောက်စနောက်ခဲ့တာကြောင့် အပြန်အလှန် စနောက်နေတဲ့ အချိန်မှာပဲ ပိုးကြာဖြူခင်က သူမတို့အိမ်မှာ ယုန်လေးဆိုတဲ့နာမည်နဲ့

နောက်ထပ်ခွေးလေးတစ်ကောင် ရှိသေးကြောင်းနဲ့ ဒီနာမည်လေးတွေကို မိခင်ကိုယ်တိုင် ပေးတာဖြစ်ကြောင်း ထပ်မံပြောဆိုလိုက်တဲ့ အချိန်မှာတော့ အားလုံးရယ်မောခဲ့ကြပါတယ်။

ခွေးလေးရဲ့ နာမည်က နိုင်းနိုင်းဖြစ်တာကြောင့် သူ့ရဲ့မျိုးဆက်လေးတွေကို နိုင်းဝမ်းနဲ့ နိုင်းတူး ဆိုပြီး ပေးထားခဲ့တာလို့ ပိုးကြာဖြူခင်က ဆိုပါတယ်။

ဒီဗီဒီယိုလေးကိုလည်း “မင်းသမီး ပိုးကြာဖြူခင် Live လေးကိုဝင်ကြည့်မိပါတယ် သောက်နေတဲ့ရေတောင် သီးသွားတယ် ဘယ်လိုဒေတောင်လာဟ” ဆိုပြီး နိုင်းဝမ်းက ဝေမျှခဲ့ပါတယ်။ ပရိသတ်ကြီးရော ဒီလိုရယ်ချင်စရာ တိုက်ဆိုင်မှုတွေ ကြုံခဲ့ဖူးသေးလား။ Crd

Be the first to comment

Leave a Reply

Your email address will not be published.


*