ရည်စားဟောင်း ဖြစ်တဲ့ နေခြည်ဦးကို ရေရှည်မှာ ဘယ်လိုပုံစံမျိုးနဲ့ မြင်ချင်သလဲဆိုတာ ရင်ဖွင့်လိုက်တဲ့ အောင်ရဲလင်း

ရည်စားဟောင်း ဖြစ်တဲ့ နေခြည်ဦးကို ရေရှည်မှာ ဘယ်လိုပုံစံမျိုးနဲ့ မြင်ချင်သလဲဆိုတာ ရင်ဖွင့်လိုက်တဲ့ အောင်ရဲလင်း

မင်းသားချော အောင်ရဲလင်းကတော့ ဗီဒီယိုခေတ်မှာရော ရုပ်ရှင်တွေမှာပါ အောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။

အောင်ရဲလင်းဟာ Beauty Blogger နေခြည်ဦးနဲ့လည်း ရည်းစားဟောင်းတွေဖြစ်ကြပြီး သူတို့အတွဲဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။

အောင်ရဲလင်းဟာ လက်ရှိမှာ နေခြည်ဦးနဲ့ အတူ အဆိုတော်ထက်ယံရဲ့ 3 ပုဒ်တွဲ Music Series တစ်ခုကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကြား အထူးရေပန်းစားလျက်ရှိတာပါ။

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ အောင်ရဲလင်းက နေခြည်ဦးကို အမြဲအောင်မြင်နေစေချင်တဲ့အကြောင်း ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။

“သူနဲ့ကျွန်တော်ပြန်တွေ့တဲ့အခိုက်မှာ Blogger အဖြစ်ရော၊ သရုပ်ဆောင်တစ်ယောက် အဖြစ်ရော အောင်အောင်မြင်မြင် ဖြစ်နေတာတွေ့ရတော့ အရမ်းကို ဝမ်းသာပါတယ်။

သူလုပ်တဲ့ အလုပ်တိုင်းအရာထင်စေချင်တယ်၊တစ်ခုလုပ်ရင် တစ်ခုအကောင်းဆုံး ဖြစ်စေချင်တယ် လို့ အောင်ရဲလင်းက ဆိုလာခဲ့တာပါ။ “ကျွန်တော် အမြဲတမ်း လည်းပြောပါတယ် သူအခုလိုမျိုး အောင်မြင်နေတာမျိုးကိုပဲ ကျွန်တော်အမြဲမြင်ချင်တာပါ။

သူလုပ်သမျှအရာထင်တာမျိုးပေါ့နော် သူနဲ့အခုပြန်ဆုံပြီးရိုက်ကူးရေးလုပ်တဲ့ အချိန်မှာ သူအများကြီးပြောင်းလဲတိုးတက်လာတာတွေ့ရပါတယ် ရိုက်ကူးရေးမှာလည်း တစ်ခုခုဆိုသင်ပေးဖြစ်ပါတယ် ” လို့ ဆက်လက်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။

အောင်ရဲလင်းကတော့ လက်ရှိ ထက်ယံရဲ့ Music Video ရိုက်ကူးမှုမှာ နေခြည်ဦးနဲ့ ပြန်လည်ဆုံတွေ့ရတဲ့အပေါ် ဝမ်းသာမိတယ်ဆိုတဲ့အကြောင်း ပြောပြထားခဲ့တာပါ။ ပရိသတ်ကြီးရေ အောင်ရဲလင်းနဲ့ နေခြည်ဦးအပေါ် ပရိသတ်ကြီးရဲ့သဘောထားကိုလည်း ပြောခဲ့ကြပါအုန်းနော်။ Crd

Be the first to comment

Leave a Reply

Your email address will not be published.


*