မသန်စွမ်းတော့တဲ့ အမေအိုကြီးကို ပြုစုစောင့်ရှောက်နေတဲ့ သမီးတစ်ယောက်ရဲ့ ကြည်နူးစရာမြင်ကွင်း(ရုပ်သံ)

ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွင် ကျေးဇူးဆပ်၍မကုန်နိုင်သော ပုဂ္ဂိုလ်ငါးယောက်ရှိသည်ဟု ဖော်ပြ ထားပါသည်၊၊ (၁) ဘုရားရှင်၊ (၂) တရား၊ (၃) သံဃာ၊ (၄) မိဘ၊ (၅) ဆရာတို့ဖြစ်ကြပါသည်၊၊ ဗုဒ္ဓဘာသာဝင်တို့တွင်မက လူသားတိုင်းတွင်လည်း သက်ဆိုင်ရာဘာသာရေးမှ ဘုရား၊

သင်ပြချက်၊ ဘာသာရေးခေါင်းဆောင်များနှင့်၊ မိဘ၊ ဆရာဟူ၍နည်းတူပင်ရှိကြပါသည်၊၊ဖော်ပြထားသည့် ပုဂ္ဂိုလ်ငါးယောက်တို့၏ကျေးဇူးသည် များလွန်းသဖြင့်ရေတွက်ရန် မတတ်သာသော ကြောင့် ပါဠိစာပေတွင် “အနန္တကျေးဇူးရှင်များ”ဟူ၍

အထူးပြုသုံးနှုံးထားပါသည်၊၊ လူတစ်ယောက်အတွက် နေ့စဉ်ဘဝရောက်ပြီးချိန်တွင် မည်မျှခက်ခဲသည်ဆိုစေကာမူ ဘဝရပ်တည်မှု အခက်ခဲဆုံးအချိန်သည် မိခင်၏ဝမ်းတွင်သန္ဓေနေရချိန် ဖြစ်ပါသည်၊၊

သန္ဓေသားအတွက်တင်မက ထိုအချိန်သည် မိခင်လောင်း၏ဘဝရှင်သန်ရပ်တည်မှုသည်လည်း အခက်ခဲဆုံးနှင့်သေဆုံးရန်အနီးဆုံး အချိန်ဟုဆိုလျင် မမှားနိုင်ပါ၊၊မိခင်များသည် ရင်သွေးငယ်အတွက် အဆင်အပြေဆုံးနှင့်သက်သာမှုအဖြစ်စေဆုံးနည်းလမ်းများကို

လေ့လာစုံစမ်း၍ နေထိုင်စားသောက်ကြရပါသည်၊၊ ဤသို့ဖြင့် ရင်သွေးငယ်လူသားမျိုးဆက်များကို မိဘတို့မွေးဖွားပေးကြရပါသည်၊၊ မိဘများသည် သားသမီးများအတွက် လက်ဦးဆရာဖြစ်ကြပါသည်၊၊

ရင်သွေးများအတွက် ဘာသာစ ကားနှင့် နေ့စဉ်ဘဝပြုမူနေထိုင်ပုံများကို မိဘများမှသင်ပေးကြရပြီး၊ လူလားမြောက်သော် စာသင် ကျောင်းများသို့ ပိုပြီးပညာများကိုသင်စေကြရပါသည်၊၊ကလေးများအတွက် ကျောင်းများသည်မည်မျှအသင်အပြကောင်းစေကာမူ အိမ်ပြန်ရောက်ချိန်တွင် မိဘများမှ ပံ့ပိုးသင်ပြမှုမရှိလျင်

သားသမီးများ၏ပညာရေး ထက်မြက်တိုးတက်လာနိုင်မည် မဟုတ်ပါ ချေ၊၊ မိဘနှစ်ဦးတို့သည် သားသမီးဆယ်ဦးခန့်ကို သန္ဓေဘဝတာဝန်ယူရခြင်း၊ ပညာရေးတာဝန်ယူရခြင်း၊ စီးပွားရေးတွင် အရင်းအနှီးပေး၍ဖြစ်စေ၊

လမ်းပြ၍ဖြစ်စေပျိုးထောင်ပေးရခြင်း၊ အိမ်ထောင်ပြုရာတွင် တာဝန်ယူပေးရခြင်းနှင့် တစ်သက်တာကိုယ်ပိုင်ပစ္စည်းများကို “အမွေ”ဟူသောအမည်ဖြင့် လွှဲအပ်ရ ခြင်းတာဝန်များကိုကျေပွန်အောင်

ထမ်းဆောင်နိုင်ကြလေသည်၊၊သားသန္ဓေကိုဝမ်းတွင် ထားရချိန်နှင့်မွေးဖွားရချိန်တွင် မိခင်၏ခန္ဓာဗေဒဆိုင်ရာပျက်စီးမှုများစွာရှိသည် ကိုအသိအမှတ်ပြုမိသည့် သားသမီးအလွန်နည်းပါးလှပါသည်၊၊ ထို့ကြောင့် သားသမီးမမွေးဖွားရသည့် အပျိုကြီးများနှင့် သားသမီးများစွာမွေးဖွားရသည့် မိခင်များအရွယ်တင်ပုံခြင်း ကွာခြားခြင်းဖြစ်ပါသည်၊၊

မိဘတို့သည် ရင်သွေးရရှိပြီးလျင် သူတို့ဘဝအတွက်ဟူ၍ မည်သည့်အရာကိုမျှသိမ်းပိုက်မှုမရှိကြ တော့ဘဲ သားသမီးများအတွက်သာ ဘဝကိုမြှုပ်နှံလိုက်ကြတော့သည်ကို တွေ့ပါသည်၊၊ထိုကဲ့သို့ပင် ဘဝကိုစတေး၍

ရင်သွေးများကိုပြုစုပျိုးထောင်သူများဖြစ်သောကြောင့် “ကျေးဇူးဆပ်မကုန်သူများ”စာ ရင်းတွင်ပါဝင်ရခြင်း ဖြစ်ပါသည်၊၊ ဗုဒ္ဓဘာသာစာပေနှင့် သင်ပြချက်များအရလေ့လာသုံးသပ်လျင် သာမန်လူများကိုမဆိုထားဘိ၊ မိဘ ကျေးဇူးကိုမြတ်စွာဘုရားရှင်သော်မှ ကျေပွန်အောင်ဆပ်မသွားနိုင်ဟူ၍ နောက်ပိုင်းသီဟိုဠ်ခေတ်များ တွင်ရေးသားသည့် ပါဠိစာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊

မိဘများကို ပါဠိစာပေတွင် “လက်ဦးဆရာများ”ဟူ၍၎င်း၊ “ဗြဟ္မာကြီးများ”ဟူ၍၎င်း အထူးဂုဏ်ပြုခေါ်ဆို ထားသည်ကို လေ့လာရပါသည်၊၊ လက်ဦးဆရာဟူသည်မှာ မိဘတို့သည်သားသမီးတို့အား အဦးဆုံး လူ့ဘဝအခြေခံပညာရပ်များကို သင်ပေးသောကြောင့်ဖြစ်ပါသည်၊၊

အသက်ရှိနေစဉ်ကာလလေးမှာ အမေ့ကို လုပ်ကြွးပါသေသွားမှ ငိုပြနေလည်း မောရုံပဲရှိမယ်

အသက်ရှိနေစဉ်ကာလလေးမှာ အမေ့ကို လုပ်ကြွးပါသေသွားမှငိုပြနေလည်း မောရုံပဲရှိမယ်

Gepostet von Tgi Video am Samstag, 12. September 2020

credit

Be the first to comment

Leave a Reply

Your email address will not be published.


*