
ဆံပင်ကို နှစ်ပေါင်း ၄၀ တိုင်အောင်သူ့မညှပ်မလျှော်ပဲထားခဲ့တဲ့ အိန္ဒိယလူမျိုးတစ်ဦး

အိန္ဒိယနိုင်ငံမှအမျိုးသားတစ်ဦးဟာ နှစ် ၄၀ ကျော်ကြာအောင်ဆံပင်မညှပ်မလျှော်ပဲထားခဲ့တာအခုဆိုရင် ဆံပင်အရှည်ဟာ ၆ ပေရှိနေပီဖြစ်ပါတယ်။ ပြီးတော့အဆိုပါဆံပင်ဟာသူ့အတွက်တော့ဘုရားပေးထားတဲ့ကောင်းချီးဖြစ်တယ်လို့ဆိုပါတယ်။

စာကယ်ဒစ်တူဒူ(၆၃ နှစ်)ဘီဟာပြည်နယ်အရှေ့ပိုင်းမွန်ဂါဒေသမှာနေထိုင်တာဖြစ်ပီး သူ့ရှည်လျားလှတဲ့ဆံပင်တွေကိုခေါင်းပေါ်မှာဦးထုပ်လိုဆောင်းထားတာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ၄၀ တစ်ညမှာတော့ သူ့ခေါင်းကဆံပင်တွေဟာအခုလိုအကျစ်လိုက်တွေစတင်ဖြစ်လာတာဖြစ်ပါတယ်လို့သူကဆိုပါတယ်။ အဲ့အချိန်ကစလို့ ဒီဆံပင်ကိုဘုရားသခင်ပေးတဲ့ကောင်းချီးတစ်ခုအဖြစ်မှတ်ယူလာခဲ့တာဖြစ်ပါတယ်။

အဲ့အပြင် ဘုရားသခင်ကသူ့အိမ်မက်ထဲထိလာပီးဆံပင်ကိုမညှပ်ဖို့ပြောခဲ့တယ်လို့ဆိုပါတယ်။ အဲ့ကတည်းကသူကအဲ့ဒီ့ညွှန်ကြားချက်ကိုလိုက်နာလာခဲ့တာဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် သူအရက်နဲ့ဆေးလိပ်ကိုလဲဖြတ်ခဲ့ပါသေးတယ်။ ဟိန္ဒူဘာသာနတ်ဘုရားတစ်ပါးဖြစ်တဲ့ Sadhus ဟာဆိုရင်လည်းသူ့ဆံပင်ကိုမဖြီးမလိမ်းပဲအရှည်ကြီးထားခဲ့ပါတယ်။

Sadhus နဲ့မတူပဲစာကယ်ရဲ့ဆံပင်ဟာ အကျစ်အကြီးကြီးဖြစ်နေပီး သူအပြင်ထွက်တဲ့အခါမှာဆိုရင် ဆံပင်ကိုသန့်ရှင်းနေအောင်လို့အဝတ်ဖြူနဲ့ဆံပင်ကိုပတ်ထားပီးထွက်လေ့ရှိပါတယ်။

တကယ်လို့သူသာသူ့ဆံပင်ကိုခေါင်းပေါ်မှာပုံမထားဘူးဆိုရင် သူ့ဆံပင်ဟာမြေပြင်ပေါ်မှာလျှပ်တိုက်နေမှာပဲဖြစ်ပါတယ်။

သူ့အိမ်နီးချင်းတွေကလဲ သူတော်စင်ပုံပေါက်ပီးလေးစားတဲ့အနေနဲ့ သူ့ကို Mahatma Ji ဆိုပီးခေါ်ဆိုသမုတ်ကြပါတယ်။

သူဟာရိုးရာဆေးကုသမားအဖြစ်နာမည်ကြီးပီး ကလေးမရှိစုံတွဲတွေအတွက်အိမ်လုပ်ဆေးဝါးတွေကိုပြင်ဆင်ပေးပါတယ်။

လူတွေဟာဝေးလံတဲ့နေရာတွေကနေလာပီး စာကယ်ကိုလာတွေ့ကာ အတူဓာတ်ပုံရိုက်ယူကြပါတယ်။ သူကတော့လာသမျှလူအကုန်လုံးကိုအပြုံးနဲ့ပဲှီုတ်ဆက်ကြပါတယ်။

သူဟာ ၃၁ နှစ်တာသစ်တောဌာနမှာအလုပ်လုပ်ခဲ့တာဖြစ်ပီး သူ့ဇနီးရူပီယာဒီဗီ၊ သား ၃ ယောက်၊ သမီး ၃ ယောက် နဲ့ မြေး ရ ယောက်နဲ့အတူနေထိုင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ထိန်းမရသိမ်းမရတဲ့ဆံပင်ရှည်နဲ့ပတ်သတ်လို့ဘာပြဿနာမှမရှိဘူးလို့လဲဆိုပါတယ်။

အရှည်ဆုံးဆံပင်ကျစ်ကိုပိုင်ဆိုင်ထားတဲ့သူအဖြစ် ကမ္ဘာ့စံချိန်တင်ထားတဲ့သူကတော့ ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့ အက်ရှာမန်ဒယ်လာဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ သူမဆံပင်ဟာဆိုရင် ၂၀၁၈ ခုနှစ် သူမအသက် ၅၅ နှစ်အရွယ်မှာတိုင်းတာချက်အရဆိုရင် ပေ ၁၁၀ ရှိပါတယ်။

၉ ရာစုနှစ်ဗိုက်ကင်းဘုရင်ဟာရယ် ၁ ဟာဆိုရင် နော်ဝေးတစ်ပြည်လုံးကိုသူမသိမ်းပိုက်နိုင်မချင်းသူ့ဆံပင်ကိုမဖြတ်ဘူးလို့ကျိန်ဆိုခဲ့ပါတယ်။ ဒါကြောင့် Shaggy ဟာရယ်ဆိုပီးတော့လဲနာမည်တွင်ခဲ့ပါသေးတယ်။ နောက်တော့ ဟာရယ်ဟာတဖြည်းဖြည်းနဲ့တိုင်းပြည်တစ်ခုလုံးကိုသိမ်းယူနိုင်ခဲ့ပီး ဟာရယ် Finehair ဆိုပီးနာမည်တွင်ခဲ့ပါတော့တယ်။

Writer -Min Thu (Daily Hot News )

Be the first to comment

Leave a Reply

Your email address will not be published.


*