ဆီလီကွန်ထည့်ထားတယ် ဆိုပြီး ဝေဖန်နေကြတဲ့ ပရိတ်သတ်တွေကို အမှန်အတိုင်း ပြောပြလာတဲ့ မမဆောင်း

မင်းသမီးချော ဆောင်းအိန္ဒြေထွန်းကတော့ ပရိတ်သတ်ချစ် မင်းသမီးတစ်ယောက်အနေနဲ့ရပ်တည်နေသူဖြစ်ပြီး မိဘအမွေတွေကို တစ်ယောက်တည်း ရရှိခဲ့တာကြောင့် အလှူအတန်းများကို မပြတ်ပြုလုပ်နေသူပါ။သူမဟာ ”ဆောင်းအိန္ဒြေထွန်း ရဲ့ချစ်သူဟာ ဆရာဝန်လား? စစ်ဗိုလ်လား? ဘောလုံးဥက္ကဌလား? “ဆိုပြီးတော့ ဝေဖန်မှုတွေက မြင့်တက်လာရာမှ ပရိသတိစိတ်ဝင်စားခံလာခြင်းဖြစ်ပါတယ်။

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မမဆောင်းက ဆီလီကွန်ထည့်ထားတယ် ဆိုပြီး ဝေဖန်နေကြတဲ့ ပရိတ်သတ်တွေရဲ့ ပြောဆိုမှုတွေကို ပွင့်ပွင့်လင်းလင်း ပြန်လည်ဖြေရှင်းလာခဲ့တာပါ။

“မမဆောင်းကအရမ်းရှက်တတ်တယ်၊ ဆီလီကွန်တွေဘာတွေတော့မထည့်ဖြစ်ဘူး၊ကျန်းမာရေးနဲ့မညီညွတ်တာတွေဆိုရင် ရှောင်ပါတယ် ဆေးရုံလည်းမတက်ရဲဘူးလေ ဘောင်းဘီနှစ်ထပ်တွေဘာတွေလောက်ပဲ ဝတ်ဖြစ်တာပါ။ သူများတွေအရမ်းလှနေရင်အားကျတယ်။ ကိုယ်ကတော့ သတ္တိကတော့လုံးဝမရှိဘူး၊ လိုင်းပေါ်မှာ တင်ပါးပို့စ်Selectionတွေလုပ်ပြီးစကြတယ်”ဆိုလာခဲ့တာပါ။

ဆက်လက်ပြီးမမဆောင်းက “မော်လမြိုင်သူမို့ကိုယ်လုံးကွက်ကွက်ကွင်းကွင်းနဲ့ အဲဒီလိုဖြစ်နေတာမို့ကိုယ့်ကိုချစ်လို့စတာပဲသဘောထားပါတယ် ဘယ်လိုမှလည်းစိတ်မရှိပါဘူး သူတို့ Troll တဲ့သူတွေကြောင့် မမဆောင်းဆိုပြီးချစ်တဲ့သူတွေလည်းများလာတဲ့အတွက် အဲ့လိုစနေတဲ့ ပရိသတ်တွေတိုင်းကို မမဆောင်းက ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးရေ

မမဆောင်းကတော့ ဆီလီကွန်ထည့်ထားတယ် ဆိုပြီး ဝေဖန်နေကြတဲ့ အပေါ်ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…… ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း မျှဝေခဲ့ကြပါအုန်းနော်

credit

Be the first to comment

Leave a Reply

Your email address will not be published.


*