ကမ္ဘောဇဘဏ် ATM ငွေထုတ်စက်မှ ပိုက်ဆံ သိန်း ၃၀၀ ကျော် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ကမ္ဘောဇဘဏ် ATM ငွေထုတ်စက်မှ ပိုက်ဆံ သိန်း ၃၀၀ ကျော် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား




Unicode

နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီခန့်အချိန်တွင် မန္တလေးမြို့ရှိ ကမ္ဘောဇ ATM ငွေထုတ်စက်မှ ပိုက်ဆံများ ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို စစ်ဆေးနေကြောင်း မဟာအောင်မြေ ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ ATM ငွေထုတ်စက်သို့ ငွေလာထုတ်သူများက လိုင်းကျနေသည်ဟု ထင်သဖြင့် ဘဏ်သို့အကြောင်းကြားခဲ့ရာ လိုင်းကျနေခြင်း မဟုတ်ဘဲ ငွေများဖောက်ယူခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ဘဏ်တာဝန်ရှိသူများမှ ATM ငွေထုတ်စက်အား စစ်ဆေးခဲ့ရာ လက်ကျန်ငွေကျပ် သိန်း ၃၄၀ ခန့်မှာ မရှိတော့ဘဲ ပျောက်ဆုံးနေသဖြင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။

အဆိုပါ ATM စက်အတွင်းမှ ငွေများဖောက်ယူသွားသူအား မဟာအောင်မြေမြို့မ ရဲစခန်းတွင် (ပ)၁၀၉၄/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၅၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

Myanmar Online News

Be the first to comment

Leave a Reply

Your email address will not be published.


*