မႏၲေလးတြင္ ဘဏ္မန္ေနဂ်ာ အမ်ိဳးသမီးတစ္ဦးက ၎၏ အမ်ိဳးသားႏွင့္ပူးေပါင္းကာ ATMစက္အတြင္းမွ ေငြက်ပ္သိန္း(၃၀၀)ေက်ာ္ ထုတ္ယူ

မႏၲေလးတြင္ ဘဏ္မန္ေနဂ်ာ အမ်ိဳးသမီးတစ္ဦးက ၎၏ အမ်ိဳးသားႏွင့္ပူးေပါင္းကာ ATMစက္အတြင္းမွ ေငြက်ပ္သိန္း(၃၀၀)ေက်ာ္ ထုတ္ယူ

ေဖာက္ထြင္းမွုျဖင့္ အမွုဖြင့္ခံရ

အမ္တီ၊ ဒီဇင္ဘာ-၁

မႏၲေလးၿမိဳ့တြင္ ကေမၻာဇဘဏ္ ဘဏ္ခြဲဒုတာဝန္ခံ အမ်ိဳးသမီးတစ္ဦးႏွင့္ ၎၏ အမ်ိဳးသားတို့ ပူးေပါင္းကာ ATM ေငြထုတ္စက္အတြင္းမွ ေငြက်ပ္သိန္း(၃၄၀) ထုတ္ယူမွု (၂၄)နာရီအတြင္း ဖမ္းဆီးရမိခဲ့ၿပီး ေဖာက္ထြင္းမွုျဖင့္ အမွုဖြင့္ထားေၾကာင္း မဟာေအာင္ေျမၿမိဳ့နယ္ အမွတ္(၉)ရဲစခန္းမွ သတင္းရရွိသည္။

နိုဝင္ဘာ(၂၉)ရက္ ညေနပိုင္းက မႏၲေလးၿမိဳ့ မဟာေအာင္ေျမၿမိဳ့နယ္၊ ရဲမြန္ေတာင္ရပ္ကြက္၊ (၃၅)လမ္းႏွင့္ (၅၃)လမ္းအနီး တပ္ဆင္ထားသည့္ ကေမၻာဇဘဏ္ ATM ေငြထုတ္စက္မွာ လိုင္းက်ေနေၾကာင္း ဖုန္းျဖင့္ ဆက္သြယ္လာသျဖင့္ ဘဏ္တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ရာ လိုင္းက်ျခင္း မဟုတ္ဘဲ ATM ေငြထုတ္စက္တြင္ ထည့္သြင္းထားသည့္ ေငြမ်ား ေပ်ာက္ဆုံးေနျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္ဟု ဆိုသည္။

အဆိုပါ ATM စက္တြင္ ထည့္သြင္းထားသည့္ ေငြက်ပ္သိန္း(၃၀၀)ေက်ာ္ ေပ်ာက္ဆုံးေနသည့္အေပၚ စုံစမ္းေဖာ္ထုတ္ အေရးယူေပးပါရန္ ဘဏ္တာဝန္ရွိသူတစ္ဦးက ရဲစခန္းသို့ တိုင္တန္းခဲ့ရာ မႏၲေလးခရိုင္ ရဲတပ္ဖြဲ႕မွူး၏ ႀကီးၾကပ္မွု့ျဖင့္ မႏၲေလးၿမိဳ့ အမွတ္(၃)မွုခင္း တပ္ဖြဲ႕မွူးႏွင့္အဖြဲ႕၊ မဟာေအာင္ေျမၿမိဳ့နယ္ အမွတ္(၉) ၿမိဳ့

မရဲစခန္းမွ စခန္းမွူးႏွင့္အဖြဲ႕၊ မႏၲေလးခရိုင္ မွုခင္းႏွိမ္နင္းေရးဌာနစိတ္မွ အဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က စံစမ္းစစ္ေဆးခဲ့ရာမွ ျဖစ္စဥ္ျဖစ္ပြားၿပီး (၂၄)နာရီအတြင္း ေငြထုတ္ယူသူမ်ားကို ဖမ္းဆီးနိုင္ခဲ့ျခင္းျဖစ္သည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အဆိုပါ ATM စက္အနီး တပ္ဆင္ထားသည့္ CCTV မွတ္တမ္းမ်ားအရ ATM စက္အတြင္းမွ ေငြထုတ္ယူသူသည္ စက္၏ အျပင္ေသာ့ကို ဖြင့္၍ စက္အတြင္းရွိ ေသတၱာ၏ လွို့ဝွက္နံပတ္မ်ား ရိုက္ႏွိပ္ကာ ေငြစက္ကၠဴမ်ား

ထုတ္ယူသြားျခင္း ျဖစ္သည္ဟု ဆိုသည္။ ထို့အျပင္ အဆိုပါ ေငြထုတ္ယူသူ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ကားနံပတ္မ်ား ေတြ႕ရွိခဲ့ၿပီး ဆက္လက္စုံစမ္းရာမွ ကေမၻာဇဘဏ္ ဘဏ္ခြဲ ဒု-တာဝန္ခံ အမ်ိဳးသမီးႏွင့္ ၎၏ အမ်ိဳးသားတို့ ျဖစ္သည္ကို ေဖာ္ထုတ္နိုင္ခဲ့သည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ထို့ေနာက္ နိုဝင္ဘာ(၃၀)ရက္ ညေနပိုင္းတြင္ အဆိုပါ ဇနီးေမာင္ႏွံကို မႏၲေလးၿမိဳ့ ခ်မ္းေအးသာစံၿမိဳ့နယ္ ျပည္ႀကီးမ်က္ရွင္ရပ္ကြက္ရွိ ၎တို့၏ ေနအိမ္တြင္ ဖမ္းဆီးနိုင္ခဲ့ၿပီး ATM ေငြထုတ္စက္အတြင္းမွ ေငြက်ပ္ သိန္း(၃၄၀) ထုတ္ယူမွုျဖင့္ မႏၲေလးၿမိဳ့ အမွတ္(၉)ၿမိဳ့မရဲစခန္းတြင္ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ၄၅၄ (ေဖာက္ထြင္းမွု)ျဖင့္ အမွု့ဖြင့္ထားေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

Unicodes

မန္တလေးတွင် ဘဏ်မန်နေဂျာ အမျိုးသမီးတစ်ဦးက ၎င်း၏ အမျိုးသားနှင့်ပူးပေါင်းကာ ATMစက်အတွင်းမှ ငွေကျပ်သိန်း(၃၀၀)ကျော် ထုတ်ယူ

ဖောက်ထွင်းမှုဖြင့် အမှုဖွင့်ခံရ

အမ်တီ၊ ဒီဇင်ဘာ-၁

မန္တလေးမြို့တွင် ကမ္ဘောဇဘဏ် ဘဏ်ခွဲဒုတာဝန်ခံ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ အမျိုးသားတို့ ပူးပေါင်းကာ ATM ငွေထုတ်စက်အတွင်းမှ ငွေကျပ်သိန်း(၃၄၀) ထုတ်ယူမှု (၂၄)နာရီအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဖောက်ထွင်းမှုဖြင့် အမှုဖွင့်ထားကြောင်း မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းမှ သတင်းရရှိသည်။

နိုဝင်ဘာ(၂၉)ရက် ညနေပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၃၅)လမ်းနှင့် (၅၃)လမ်းအနီး တပ်ဆင်ထားသည့် ကမ္ဘောဇဘဏ် ATM ငွေထုတ်စက်မှာ လိုင်းကျနေ

ကြောင်း ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဘဏ်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ လိုင်းကျခြင်း မဟုတ်ဘဲ ATM ငွေထုတ်စက်တွင် ထည့်သွင်းထားသည့် ငွေများ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ATM စက်တွင် ထည့်သွင်းထားသည့် ငွေကျပ်သိန်း(၃၀၀)ကျော် ပျောက်ဆုံးနေသည့်အပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဘဏ်တာဝန်ရှိသူတစ်ဦးက ရဲစခန်းသို့ တိုင်တန်းခဲ့ရာ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှု့ဖြင့် မန္တလေးမြို့ အမှတ်(၃)မှုခင်း တပ်ဖွဲ့မှူးနှင့်အဖွဲ့၊ မဟာ

အောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့၊ မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စံစမ်းစစ်ဆေးခဲ့ရာမှ ဖြစ်စဉ်ဖြစ်ပွားပြီး (၂၄)နာရီအတွင်း ငွေထုတ်ယူသူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ATM စက်အနီး တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ ATM စက်အတွင်းမှ ငွေထုတ်ယူသူသည် စက်၏ အပြင်သော့ကို ဖွင့်၍ စက်အတွင်းရှိ သေတ္တာ၏ လှို့ဝှက်နံပတ်များ ရိုက်နှိပ်ကာ ငွေစက်က္ကူများ ထုတ်ယူသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် အဆိုပါ ငွေထုတ်ယူ

သူ မောင်းနှင်လာသော မော်တော်ကားနံပတ်များ တွေ့ရှိခဲ့ပြီး ဆက်လက်စုံစမ်းရာမှ ကမ္ဘောဇဘဏ် ဘဏ်ခွဲ ဒု-တာဝန်ခံ အမျိုးသမီးနှင့် ၎င်း၏ အမျိုးသားတို့ ဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် နိုဝင်ဘာ(၃၀)ရက် ညနေပိုင်းတွင် အဆိုပါ ဇနီးမောင်နှံကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ ၎င်းတို့၏ နေအိမ်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ATM ငွေထုတ်စက်အတွင်းမှ

ငွေကျပ် သိန်း(၃၄၀) ထုတ်ယူမှုဖြင့် မန္တလေးမြို့ အမှတ်(၉)မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၄၅၄ (ဖောက်ထွင်းမှု)ဖြင့် အမှု့ဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*