ဒီဇင္ဘာ၂၆ရက္ေန႔_ေနၾကတ္မည္

ဒီဇင္ဘာ၂၆ရက္ေန႔_ေနၾကတ္မည္

ခရာဇ္ႏွစ္၂၀၁၉ ခု ဒီဇင္ဘာလ ၂၆ ရက္ေန႔ ၊ ျမန္မာႏွစ္ ၁၃၈၁ခု ျပာသိုလဆန္း ၁ရက္ ၾကာသပေတးေန႔တြင္ ေနၾကတ္ျခင္းျဖစ္စဥ္တစ္ခုျဖစ္ပြားမည္ျဖစ္သည္။

ေနၾကတ္ခ်ိန္မွာ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၈နာရီ ၅၉မိနစ္၅၁စကၠန႔္အခ်ိန္တြင္ စတင္ၿပီး နံနက္ ၁၁နာရီ ၄၇မိနစ္ ၄၃စကၠန႔္အခ်ိန္တြင္ Greatest or Maximum Eclipse ေနအၾကတ္ဆုံး
ျဖစ္ကာ ၂နာရီ ၃၅မိနစ္ ၄၄စကၠန႔္အခ်ိန္တြင္ ေနၾကတ္မွုၿပီးဆုံးမည္ျဖစ္သည္။

ယခုေနၾကတ္မွုအမ်ိဳးအစားမွာ Annular Eclipse ေခၚ ေနအရစ္ၾကတ္ျခင္းအမ်ိဳးအစားျဖစ္သည္။ေနအရစ္ၾကတ္ခ်ိန္တြင္ လင္းလက္ေနေသာလက္စြပ္ကြင္းသဖြယ္ အလင္းေရာင္ကြင္းသဏၭာန္ျဖစ္ေပၚေနေသာေနကိုျမင္ေတြ႕ၾကရသည္။

ေနၾကတ္ျခင္းသည္ ေနလကမၻာ တစ္တန္းတည္းက်ေရာက္ခ်ိန္တြင္ ေနႏွင့္ကမၻာအၾကား လက်ေရာက္ၿပီး လက ေနကိုဖုံးကြယ္လိုက္ျခင္းျဖစ္သည္။

‌တစ္နည္း အလင္းပိတ္ဝတၳဳျဖစ္ေသာလသည္ ေနရွိရာဘက္မွဖီလာဘက္တြင္ တစ္နည္း ကမၻာၿဂိဳဟ္ရွိရာဘက္အရိပ္ထြက္ေနသည္။ လကြယ္ရက္ ေနလကမၻာတစ္တန္းတည္းက်ေရာက္စဥ္ ထိုအရိပ္သည္ ကမၻာေပၚသို့က်ေရာက္သည္။

ထိုလအရိပ္က်ေရာက္ရာေနရာသည္ ေနကိုမျမင္ရဘဲ ေနၾကတ္ျခင္း Solar Eclipse ျဖစ္စဥ္ကို ျဖစ္ေပၚေစ
သည္။ ယခုေနၾကတ္ျခင္းကို အာရွတိုက္တစ္ဝွမ္းႏွင့္ အေရွ႕ေတာင္အာရွတစ္ဝွမ္းလုံး၊
အိႏၵိယသမုဒၶရာဩေၾတးလ်ေျမာက္ပိုင္း၊ပစိဖိတ္အေနာက္ပိုင္းေဒသမ်ားမွ ျမင္ေတြ႕ၾကရမည္။

ေနအရစ္ၾကတ္ျခင္းျဖစ္စဥ္ကို ေနၾကတ္လမ္းေၾကာင္းက်ေရာက္ရာေဒသမ်ားျဖစ္ေသာ ေဆာ္ဒီ
အာေရဗီးယား၊အိႏၵိယနိုင္ငံေတာင္ပိုင္းေဒသ၊သိရိလကၤာ၊စကၤာပူ၊မေလးရွား၊
ဖိလစ္ပိုင္၊ဂူအမ္ကၽြန္းစေသာ ေဒသမ်ားမွ ျမင္ေတြ႕ၾကရမည္။

ျမန္မာနိုင္ငံအပါအဝင္က်န္ေဒသအမ်ားစုမွာ ေနအရစ္ၾကတ္ျခင္း Annular Solar Eclipse ျဖစ္စဥ္ကို ျမင္ေတြ႕နိုင္ျခင္းမရွိဘဲ ေနတစ္ပိုင္းၾကတ္ျခင္း Partial Eclipse ကိုသာ ျမင္ေတြ႕ၾကရမည္။ crd# (ေနနကၡတ္ ၿဂိဳလ္သြားၿဂိဳလ္လာ)

Unicodes

ဒီဇင်ဘာ၂၆ရက်နေ့_နေကြတ်မည်

ခရာဇ်နှစ်၂၀၁၉ ခု ဒီဇင်ဘာလ ၂၆ ရက်နေ့ ၊ မြန်မာနှစ် ၁၃၈၁ခု ပြာသိုလဆန်း ၁ရက် ကြာသပတေးနေ့တွင် နေကြတ်ခြင်းဖြစ်စဉ်တစ်ခုဖြစ်ပွားမည်ဖြစ်သည်။

နေကြတ်ချိန်မှာ မြန်မာစံတော်ချိန် နံနက် ၈နာရီ ၅၉မိနစ်၅၁စက္ကန့်အချိန်တွင် စတင်ပြီး နံနက် ၁၁နာရီ ၄၇မိနစ် ၄၃စက္ကန့်အချိန်တွင် Greatest or Maximum Eclipse နေအကြတ်ဆုံး
ဖြစ်ကာ ၂နာရီ ၃၅မိနစ် ၄၄စက္ကန့်အချိန်တွင် နေကြတ်မှုပြီးဆုံးမည်ဖြစ်သည်။

ယခုနေကြတ်မှုအမျိုးအစားမှာ Annular Eclipse ခေါ် နေအရစ်ကြတ်ခြင်းအမျိုးအစားဖြစ်သည်။နေအရစ်ကြတ်ချိန်တွင် လင်းလက်နေသောလက်စွပ်ကွင်းသဖွယ် အလင်းရောင်ကွင်းသဏ္ဌာန်ဖြစ်ပေါ်နေသောနေကိုမြင်တွေ့ကြရသည်။

နေကြတ်ခြင်းသည် နေလကမ္ဘာ တစ်တန်းတည်းကျရောက်ချိန်တွင် နေနှင့်ကမ္ဘာအကြား လကျရောက်ပြီး လက နေကိုဖုံးကွယ်လိုက်ခြင်းဖြစ်သည်။

‌တစ်နည်း အလင်းပိတ်ဝတ္ထုဖြစ်သောလသည် နေရှိရာဘက်မှဖီလာဘက်တွင် တစ်နည်း ကမ္ဘာဂြိုဟ်ရှိရာဘက်အရိပ်ထွက်နေသည်။ လကွယ်ရက် နေလကမ္ဘာတစ်တန်းတည်းကျရောက်စဉ် ထိုအရိပ်သည် ကမ္ဘာပေါ်သို့ကျရောက်သည်။

ထိုလအရိပ်ကျရောက်ရာနေရာသည် နေကိုမမြင်ရဘဲ နေကြတ်ခြင်း Solar Eclipse ဖြစ်စဉ်ကို ဖြစ်ပေါ်စေ
သည်။ ယခုနေကြတ်ခြင်းကို အာရှတိုက်တစ်ဝှမ်းနှင့် အရှေ့တောင်အာရှတစ်ဝှမ်းလုံး၊
အိန္ဒိယသမုဒ္ဓရာဩတြေးလျမြောက်ပိုင်း၊ပစိဖိတ်အနောက်ပိုင်းဒေသများမှ မြင်တွေ့ကြရမည်။

နေအရစ်ကြတ်ခြင်းဖြစ်စဉ်ကို နေကြတ်လမ်းကြောင်းကျရောက်ရာဒေသများဖြစ်သော ဆော်ဒီ
အာရေဗီးယား၊အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသ၊သိရိလင်္ကာ၊စင်္ကာပူ၊မလေးရှား၊
ဖိလစ်ပိုင်၊ဂူအမ်ကျွန်းစသော ဒေသများမှ မြင်တွေ့ကြရမည်။

မြန်မာနိုင်ငံအပါအဝင်ကျန်ဒေသအများစုမှာ နေအရစ်ကြတ်ခြင်း Annular Solar Eclipse ဖြစ်စဉ်ကို မြင်တွေ့နိုင်ခြင်းမရှိဘဲ နေတစ်ပိုင်းကြတ်ခြင်း Partial Eclipse ကိုသာ မြင်တွေ့ကြရမည်။ crd# (နေနက္ခတ် ဂြိုလ်သွားဂြိုလ်လာ)

Be the first to comment

Leave a Reply

Your email address will not be published.


*