ႏွစ္ေပါင္းမ်ားစြာ က်ားေဖာင္ေပၚမွာ လူမဆန္စြာႏွိပ္စက္ခိုင္းေစကၽြန္ျပဳပီး ေပးတဲ့ေလွ်ာ္ေၾကးေငြက 3သိန္းတဲ့ဗ်ာ

ႏွစ္ေပါင္းမ်ားစြာ က်ားေဖာင္ေပၚမွာ လူမဆန္စြာႏွိပ္စက္ခိုင္းေစကၽြန္ျပဳပီး ေပးတဲ့ေလွ်ာ္ေၾကးေငြက 3သိန္းတဲ့ဗ်ာ

လူကုန္ကူးခံရသည့္ ဒဂုံေက်ာင္းသား ေမာင္ျမတ္သူရထြန္းအားက်ားပိုက္ လုပ္ငန္းရွင္က ေလ်ာ္ေၾကး ၃ သိန္း ေပးခဲ့ရာ လက္မခံခဲ့ေၾကာင္း လူ႔အခြင့္အေရးေကာ္မရွင္ေျပာ

 

လူကုန္ကူးခံရသည့္ ဒဂုံတကၠသိုလ္မွေနာက္ဆုံးႏွစ္ေက်ာင္းသား ေမာင္ျမတ္သူရထြန္းသည္ ႏွိပ္စက္ခံထားရသည့္ဒဏ္ရာမ်ားေၾကာင့္ ေျမာက္ဥကၠလာပေဆး႐ုံတြင္ ျပင္ပလူနာအျဖစ္ ကုသမႈခံယူေနရဆဲျဖစ္ေၾကာင္းလည္း သိရသည္။ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္အေနျဖင့္ အဆိုပါျဖစ္စဥ္မ်ိဳး ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္တြင္လည္း တိုင္စာမ်ား လက္ခံရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္အေနျဖင့္ လာမည့္ ဒီဇင္ဘာလ ၂ ရက္တြင္ ယင္းလုပ္ငန္း လုပ္ကိုင္သည့္ေဒသမ်ားသို႔ သြားေရာက္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။ က်ားပိုက္လုပ္ငန္းရွင္က ေမာင္ျမတ္သူရထြန္းအား ေလ်ာ္ေၾကးေငြ ၃ သိန္းေပးရာတြင္ မိသားစုမွ လက္မခံခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ထံမွ သိရသည္။

က်ားေဖာင္ေပၚသို႔ လူကုန္ကူးခံခဲ့ရၿပီး ညႇင္းပန္းႏွိပ္စက္ျခင္းခံခဲ့ရသည့္ ဒဂုံတကၠသိုလ္ေက်ာင္းသား ေမာင္ျမတ္သူရထြန္း၏ ေနအိမ္တြင္ ကာယကံရွင္အား ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္က ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၈ ရက္တြင္ သြားေရာက္ေမးျမန္းခဲ့ရာတြင္ သိရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိကေတာ့ ေဆးကုသမႈခံယူေနတယ္။ ကြဲသြားတဲ့နားကေတာ့ ျပန္ခ်ဳပ္ထားရတယ္။ မ်က္ႏွာက ဖူးေရာင္ေနတာ။ အေရာင္ကနည္းနည္းပဲက်ေသးတယ္။ ၿပီးေတာ့ က်ိဳးထားတဲ့လက္က ေက်ာက္ပတ္တီး စည္းထားရတယ္။ ဒဏ္ရာကရထားတာမ်ားေတာ့ အတြင္းေၾကေတြျဖစ္ေနတယ္။ ကိုက္ခဲ/နာက်င္ ေပ်ာက္ေဆးေတြ ေသာက္ေနရတယ္။

သူတို႔ကို က်ားပိုက္လုပ္ငန္းရွင္က ေလ်ာ္ေၾကးေငြ ၃ သိန္း ေပးတယ္ေျပာတယ္။ သူတို႔ကေတာ့လက္မခံဘူး။ ျငင္းလိုက္တယ္”ဟု ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္မွ အတြင္းေရးမႉး ဦးဘုန္းႂကြယ္က ေျပာသည္။

REF: THE LIFESTYLE MYANMAR

Unicodes

နှစ်ပေါင်းများစွာ ကျားဖောင်ပေါ်မှာ လူမဆန်စွာနှိပ်စက်ခိုင်းစေကျွန်ပြုပီး ပေးတဲ့လျှော်ကြေးငွေက 3သိန်းတဲ့ဗျာ

လူကုန်ကူးခံရသည့် ဒဂုံကျောင်းသား မောင်မြတ်သူရထွန်းအားကျားပိုက် လုပ်ငန်းရှင်က လျော်ကြေး ၃ သိန်း ပေးခဲ့ရာ လက်မခံခဲ့ကြောင်း လူ့အခွင့်အရေးကော်မရှင်ပြော

လူကုန်ကူးခံရသည့် ဒဂုံတက္ကသိုလ်မှနောက်ဆုံးနှစ်ကျောင်းသား မောင်မြတ်သူရထွန်းသည် နှိပ်စက်ခံထားရသည့်ဒဏ်ရာများကြောင့် မြောက်ဥက္ကလာပဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူနေရဆဲဖြစ်ကြောင်းလည်း သိရသည်။မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အဆိုပါဖြစ်စဉ်မျိုး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင်လည်း တိုင်စာများ လက်ခံရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လာမည့် ဒီဇင်ဘာလ ၂ ရက်တွင် ယင်းလုပ်ငန်း လုပ်ကိုင်သည့်ဒေသများသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ကျားပိုက်လုပ်ငန်းရှင်က မောင်မြတ်သူရထွန်းအား လျော်ကြေးငွေ ၃ သိန်းပေးရာတွင် မိသားစုမှ လက်မခံခဲ့ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံမှ သိရသည်။

ကျားဖောင်ပေါ်သို့ လူကုန်ကူးခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား မောင်မြတ်သူရထွန်း၏ နေအိမ်တွင် ကာယကံရှင်အား မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်တွင် သွားရောက်မေးမြန်းခဲ့ရာတွင် သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိကတော့ ဆေးကုသမှုခံယူနေတယ်။ ကွဲသွားတဲ့နားကတော့ ပြန်ချုပ်ထားရတယ်။ မျက်နှာက ဖူးရောင်နေတာ။ အရောင်ကနည်းနည်းပဲကျသေးတယ်။ ပြီးတော့ ကျိုးထားတဲ့လက်က ကျောက်ပတ်တီး စည်းထားရတယ်။ ဒဏ်ရာကရထားတာများတော့ အတွင်းကြေတွေဖြစ်နေတယ်။ ကိုက်ခဲ/နာကျင် ပျောက်ဆေးတွေ သောက်နေရတယ်။

သူတို့ကို ကျားပိုက်လုပ်ငန်းရှင်က လျော်ကြေးငွေ ၃ သိန်း ပေးတယ်ပြောတယ်။ သူတို့ကတော့လက်မခံဘူး။ ငြင်းလိုက်တယ်”ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောသည်။

REF: THE LIFESTYLE MYANMAR

Be the first to comment

Leave a Reply

Your email address will not be published.


*