အွန်လိုင်းမှာ ကြည့်ရှုသူများပြီး ရေပန်းစားနေတဲ့ အကဗီဒီယို

လက်တလော အင်တာနက်မှာ လူကြည့်များနေတဲ့ ရုပ်သံဖိုင်လေးတစ်ခုရှိပါတယ်။ အဲ့တာကတော့ တရုတ်စစ်သားတစ်ယောက်ဟာ ခေတ်ပေါ်အကလို့ ဆိုကြတဲ့ စက်ရုပ်အကကို ယူနီဖောင်းနဲ့ ကပြနေတဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

သူဟာဆိုရင် အကဝါသနာပါသူတစ်ဦးဖြစ်ပြီးတော့ ၊ ယခုလိုကပြနိုင်ဖို့အတွက်လည်း အင်တာနက်ကနေကြည့်ရှုလေ့လာပြီး ၊ အခါခါ လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။ သူက ကပြဖျော်ဖြေမှုကိုတော့ အများက လက်ခံသဘောကျကြပြီးတော့ အထူးသဖြင့်
စည်းချက်ညီစွာ အလှုပ်အချိုးလေးတွေက ပရိသတ်ကို သဘောခွေ့စေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူတွေရဲ့သဘောသဘာဝအရ ဒါဟာ မဖြစ်သင့်ဘူးလို့ ကန့်ကွက်ဝေဖန်နေသူတွေလည်း ရှိပါတယ်။ အခုလို ယူနီဖောင်းနဲ့ သရုပ်ပျက်စေတဲ့အက ၊ ရိုးရာမဟုတ်တဲ့ အကကို ကပြနေတာဟာ အတော်လေးကို ရုပ်ဆိုးအကျည်းတန်စေတယ်လို့

ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ဒီအပေါ်မှာတော့ သဘောထား မတူနိုင်သူတွေရှိနေနိုင်တာ သဘာဝပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကရော ကန့်ကွက်သူတွေဘက်ကဖြစ်မလား ၊ ဒါမှမဟုတ် စစ်သားလည်းလူပဲဂုဏ်သိက္ခာကျစေတာမျိုးမဟုတ်ရင် ခွင့်လွှင့်သင့်တယ်လို့ထင်လား ဖြေပေးကြည့်ပါဦးနော်။

credit-orginaluploader

unicode

Be the first to comment

Leave a Reply

Your email address will not be published.

*