ပရိသတ္စိတ္ဝင္စားမႈျမင့္တက္ေနတဲ့ မင္းသမီးႀကီးဝါဝါဝင္းေ႐ႊရဲ႕ ေျမးေခ်ာမေလး ၂ ေယာက္

ပရိသတ္စိတ္ဝင္စားမႈျမင့္တက္ေနတဲ့ မင္းသမီးႀကီးဝါဝါဝင္းေ႐ႊရဲ႕ ေျမးေခ်ာမေလး ၂ ေယာက္

သ႐ုပ္ေဆာင္အကယ္ဒမီမင္းသမီးႀကီး ေဒၚဝါဝါဝင္းေ႐ႊဟာ သူမရဲ႕ ေျမးေခ်ာေလး ၂ဦးကို ပရိသတ္နဲ႔ မိတ္ဆက္ေပးလိုက္ၿပီး ပရိသတ္ေတြက ေျမးေခ်ာေလး ၂ဦးကို စိတ္ဝင္စားေနၾကပါတယ္။ သားငယ္ျဖစ္သူ ဝါဇင္ရဲ႕ အမ်ိဳးသမီးျဖစ္သူက သံ႐ုံးက သံမႉးျဖစ္တဲ့အတြက္ လက္ရွိမွာ စင္ကာပူႏိုင္ငံမွာေနထိုင္ေနတာျဖစ္ၿပီး သမီးေလး (၂) ေယာက္ကိုလည္း ေမြးဖြားထားတာျဖစ္ပါတယ္။

လက္တေလာလူမႈကြန္ယက္ေပၚမွာ ေရပန္းစားေနတဲ့ သ႐ုပ္ေဆာင္ဝါဝါဝင္းေ႐ႊရဲ႕ ေျမးမေလး (၂) ဦးကေတာ့ သားႀကီးဝင္းထြဋ္ဝင္းက ေမြးဖြားလာတဲ့ သမီးေခ်ာေလးႏွစ္ဦးျဖစ္ပါတယ္။ သူတို႔ေတြကေတာ့ ဝါေ႐ႊႏြယ္ေသြးဝင္း နဲ႔ ဝင္းဝါပန္းျမတ္ေသြးတို႔ပဲ ျဖစ္ပါတယ္။

အသက္ ၁၅ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ေျမးအငယ္မေလး ဝင္းဝါပန္းျမတ္ေသြးနဲ႔ အႀကီးမေလး ဝါေ႐ႊႏြယ္ေသြးဝင္းတို႔ ၂ဦးဟာ ခ်စ္စဖြယ္မ်က္ႏွာေလးေတြကို ပိုင္ဆိုင္ထားၾကသူေတြျဖစ္ၿပီး အဘြားျဖစ္သူ ေဒၚဝါဝါဝင္းေ႐ႊရဲ႕ လွပမႈေတြကို အေမြရရွိထားၾကသူေလးေတြလည္း ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အိမ္နာမည္ေ

တြက ဝါေသြးနဲ႔ ပန္းေသြးပါတဲ့။အန္တီေဒၚဝါဝါဝင္းေ႐ႊဟာ အႀကီးမေလး ဝါေ႐ႊႏြယ္ေသြးဝင္းကို သူမရဲ႕ ႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ ရွင္ဥပဂုတၱ ဇာတ္ကားထဲမွာ ထည့္သြင္း႐ိုက္ကူးခဲ့ေသးတာျဖစ္ၿပီး ဝါေ႐ႊႏြယ္ေသြးဝင္းေရာ ဝင္းဝါပန္းျမတ္ေသြးပါ အႏုပညာ ဝါသနာပါၾကတယ္လို႔ သိရပါတယ္။

အႀကီးမေလးက ေက်ာင္းမွာျပဳလုပ္တဲ့ ဇာတ္လမ္းတို ပေရာ့ဂ်က္ေလးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ဖူးၿပီး အဲဒီဇာတ္လမ္းကို သ႐ုပ္ေဆာင္မင္းေမာ္ကြန္းရဲ႕ သမီးေလး ေလေျပေသြးက တြဲဖက္ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးထားတာပါတဲ့။အငယ္မေလးကေတာ့ စႏၵရားတီးဝါသနာပါတယ္လို႔ ေဒၚဝါဝါဝင္းေ႐ႊက ဆိုထားပါတယ္။ကဲ အန္တီေဒၚဝါဝါဝင္းေ႐ႊရဲ႕ ေျမးေခ်ာေလးေတြကိုလည္း မၾကာခင္ အႏုပညာေလာကထဲမွာ ျမင္ရေတာ့မယ္ထင္ပါတယ္ေနာ္။

Unicode

ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ မင်းသမီးကြီးဝါဝါဝင်းရွှေရဲ့ မြေးချောမလေး ၂ ယောက်

သရုပ်ဆောင်အကယ်ဒမီမင်းသမီးကြီး ဒေါ်ဝါဝါဝင်းရွှေဟာ သူမရဲ့ မြေးချောလေး ၂ဦးကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီး ပရိသတ်တွေက မြေးချောလေး ၂ဦးကို စိတ်ဝင်စားနေကြပါတယ်။ သားငယ်ဖြစ်သူ ဝါဇင်ရဲ့ အမျိုးသမီးဖြစ်သူက သံရုံးက သံမှူးဖြစ်တဲ့အတွက် လက်ရှိမှာ စင်ကာပူနိုင်ငံမှာနေထိုင်နေတာဖြစ်ပြီး သမီးလေး (၂) ယောက်ကိုလည်း မွေးဖွားထားတာဖြစ်ပါတယ်။

လက်တလောလူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေတဲ့ သရုပ်ဆောင်ဝါဝါဝင်းရွှေရဲ့ မြေးမလေး (၂) ဦးကတော့ သားကြီးဝင်းထွဋ်ဝင်းက မွေးဖွားလာတဲ့ သမီးချောလေးနှစ်ဦးဖြစ်ပါတယ်။ သူတို့တွေကတော့ ဝါရွှေနွယ်သွေးဝင်း နဲ့ ဝင်းဝါပန်းမြတ်သွေးတို့ပဲ ဖြစ်ပါတယ်။

အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ မြေးအငယ်မလေး ဝင်းဝါပန်းမြတ်သွေးနဲ့ အကြီးမလေး ဝါရွှေနွယ်သွေးဝင်းတို့ ၂ဦးဟာ ချစ်စဖွယ်မျက်နှာလေးတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပြီး အဘွားဖြစ်သူ ဒေါ်ဝါဝါဝင်းရွှေရဲ့ လှပမှုတွေကို အမွေရရှိထားကြသူလေးတွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်

ယောက်ရဲ့ အိမ်နာမည်တွေက ဝါသွေးနဲ့ ပန်းသွေးပါတဲ့။အန်တီဒေါ်ဝါဝါဝင်းရွှေဟာ အကြီးမလေး ဝါရွှေနွယ်သွေးဝင်းကို သူမရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရှင်ဥပဂုတ္တ ဇာတ်ကားထဲမှာ ထည့်သွင်းရိုက်ကူးခဲ့သေးတာဖြစ်ပြီး ဝါရွှေနွယ်သွေးဝင်းရော ဝင်းဝါပန်းမြတ်သွေးပါ အနုပညာ ဝါသနာပါကြတယ်လို့ သိရပါတယ်။

အကြီးမလေးက ကျောင်းမှာပြုလုပ်တဲ့ ဇာတ်လမ်းတို ပရော့ဂျက်လေးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးပြီး အဲဒီဇာတ်လမ်းကို သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေးက တွဲဖက်ဒါရိုက်တာအဖြစ်

ရိုက်ကူးထားတာပါတဲ့။အငယ်မလေးကတော့ စန္ဒရားတီးဝါသနာပါတယ်လို့ ဒေါ်ဝါဝါဝင်းရွှေက ဆိုထားပါတယ်။ကဲ အန်တီဒေါ်ဝါဝါဝင်းရွှေရဲ့ မြေးချောလေးတွေကိုလည်း မကြာခင် အနုပညာလောကထဲမှာ မြင်ရတော့မယ်ထင်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*