
ထမင်း ပေါင်းအိုး နဲ့ ဒန်ပေါက် ချက်နည်း
လိုအပ်တဲ့ ပစ္စည်းများ
၁။ ဒန်ပေါက်ဆန်
၂။ နို့စိမ်း ၊
၃။ ထောပတ်(အပူပေးထားပါ) ၊
၎။ ပဲစိမ်း ၊ စပျစ် စေ့ခြောက် ၊သီဟို စေ့ ၊
၅။ သကြား ၊ ဆား ၊ ကြက်သားမှုန့် ၊ ဆီ ၊ ကြက်သွန်ကြော် ၊
၆။ ဒန်ပေါက် အရောင်ဆေးရည် ၊
၇။ ဒန်ပေါက်မဆလာ (ဖာလာစေ့.နာနတ်ပွင့်.သစ်ဂျပိုးခေါက်..ကရဝေးရွက်.)
ပြုလုပ်ပုံ အဆင့်ဆင့်
၁။ ဒန်ပေါက်ဆန် ကို ရေဆေးပြီး နာရီဝက်ခန့် ရေစိမ်ထားပါ
၂။ရေနွေးအိုးကို အိုးကြီးကြီးနဲ့ ကိုယ်ချက်မယ့် အချိုးအစားပေါ် မူတည်ပြီး ရေများများနဲ့ ဆူအောင် တည်ပါ
၃။ ရေထဲကို သစ်ဂျပိုးခေါက် ၊ ဖာလာ ၊ နာနတ် ၊ ကရဝေး အနည်းငယ် နဲ့ ဆား နည်းနည်းထည့်ပြုတ်ပေးပါ။
၎။ ရေဆူလာရင် စိမ်ထားတဲ့ ဆန်ကို ထည့်ပြီး မွှေပေးပါ… ဆန်က ရှည်ထွက်လာပြီး မာတင်းတင်းလေး ဆိုရင် ရေစစ်ပြီး ပေါင်းမယ့် အိုးထဲကို ထည့်ပါ။
၅။ ပြီးရင်… ထောပတ် အပူပေးထားတာကို လောင်းထည့်ပါ။
၆။ နို့်စိမ်း ၊ သီဟိုစေ့ ၊ စပျစ်သီး ပဲစိမ်း တွေကိုထည့်ပါ.. ။ ဆား သကြား ကြက်သားမှုန့်ကိုလည်း ချက်တဲ့ ဆန်ပေါ် မူတည်ပြီး ထည့်ပေးပါ။
၇။ ပြီးရင် အပေါ်ကနေ ဒန်ပေါက် အရောင်ကို ကွက်ကြား လောင်းထည့် ပေးပါ။
၈။ အရောင်ထည့်ပြီးရင် ကြက်သွန်ကြော်နဲ့ ဒန်ပေါက် မဆလာ ကို အပေါ်ဆုံး ကနေတင်ပြီး ဆီ အနည်းငယ် လောင်းထည့်လိုက်ပါ။
၉။ ပြီးရင် မီးခလုတ်နှိပ်ပြီး ၄၅ မိနစ်ဆို ကျက်ပါပြီ။
ကြက်သားချက် အတွက်က တော့
– ကြက်သားကိုတော့ ညကတည်း က ဒိန်ချဉ်ရယ် မဆလာရယ် အချိုအငံနဲ့ နယ်ပြီး ရေခဲသေတ္တာထဲနှ ပ်ပါ။
– မနက်ကျရင် ကြက်သွန်ဖြူ/နီ ဆီသပ်ပြီး အရောင်မှုန့် ထည့်ကာ ကြက်သားချက်ပါ။
– ကြက်းသားကျက်ပြီ ဆိုရင် ကြက်သွန်ကြော်တွေ ကို များများထည့်ပြီး မဆလာ ထည့် လိုက်ရင် ရှယ်ကြက်သားဟင်းနဲ့ ဒန်ပေါက် ရပါပြီ။
(ဆန်ကိုဆယ်ပြီးပြုတ်ထားတဲ့အပူငွေ့မသေခင် အိုးထဲကိုထည့်တာတွေ အမြန်ဆုံးလုပ်ပါ)
Credit – TZMK
Leave a Reply