ဘုရားပန်းအစဉ်လန်းဆန်းနေသောအိမ်အတွက်
ဘုရားပန်းအစဉ်လန်းဆန်းနေသောအိမ်အတွက်
လုပ် ငန်း၊ ကိုင် ငန်း စီး ပွါးရေး တွေ လည်း အ ဆင် ပြေ မှာ မဟုတ် တော့ ဘူး ဂါ ထာ တွေ၊ မန္တာန် တွေ အ မြှုပ် ထွက် အောင် မ ရွတ် ချင် နေ ပါ၊ ဘု ရား ပန်း အ မြဲ တမ်း လန်း လန်း ဆန်း ဆန်း ဖြစ် အောင် ထား မယ် ၊သောက် တော် ရေချမ်း လေး ကို လည်း အ မြဲတမ်း အေး နေ အောင် ထား မယ် ဆို ရင် အိမ် တွင်း ရေး လည်းအေး ချမ်း၊ စီး ပွား ရေး လည်းဖြောင့အ်စ စ အ ရာ ရာ အ ဆင်ပြေမှာ ပါ။
ဘုရားပန်းအစဉ်လန်းဆန်းနေသောအိမ်အတွက်
ကိုယ်ကျတော့ ဆာတိုင်း သောက်တယ် အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီး ကပ်မယ် ဆိုရင် ပိုကောင်းတာပေါ့နော။် အဲဒီ လောက်ကြီး အထိ မလဲနိုင်ဘူး ဆိုရင်တောင်နမနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော် ရေလေးလဲပြီး ၊ ကပ်ရင် ကောင်းတာပေါ့။
UNICODE
ရားပန်းအစဉ်လန်းဆန်းနေကြတဲ့အိမ်ဂေဟာအတွက်
လူ အ များ စု ရဲ့သ ဘာ ဝ ၊ အများ စု ရယ် မ ဟုတ်ဘူး ပေါ့လေ နတ် ကိုး ကွယ်မှု အား သန်တဲ့ ပု ဂ္ဂိုလ် တွေ က ဘု ရား ပန်း ညှိုးချင် ညှိုး ပါ စေ နတ်ပန်း တော့ အ ညှိုး မ ခံ နိုင် ဘူး ဘု ရား စင် မှာ ဆွမ်း ခဲ ဖွယ် ချို ချဉ်ရ သာ မ ရှိ ရင် သာ နေ မယ်။ နတ် ရှေ့ မှာ အုန်း သီးဆို လည်း အ လုံး လိုက်၊ ငှက် ပျော သီး ဆို လည်း အ ဖီး လိုက်။
ယော ဂီ တို့ အိမ် တွင်း ရေး မ သာ ယာ ချင် ဘူး လား။ သာ ယာ ချင် တယ် သာ ယာ ချင်တယ်ဆို ရင် ဘု ရား ပန်း မ ညှိုးပါ စေ နဲ့ ဘု ရား ပန်း ညှိုး ပြီ ဆို ရင် တော့ အ နှေး နဲ့ အ မြန်ပဲ ကွာ မယ် အိမ် တွင်း ရေး ပ ဋိပက္ခ တွေ ဖြစ် ပြီး တော့၊ တစ်ယောက်နဲ့ တစ် ယောက် အ ဆင်မ ပြေ ၊စိတ် ဝမ်း ကွဲ တာ တွေ ဖြစ် ကြ မှာ ပဲ။
လုပ် ငန်း၊ ကိုင် ငန်း စီး ပွါးရေး တွေ လည်း အ ဆင် ပြေ မှာ မဟုတ် တော့ ဘူး ဂါ ထာ တွေ၊ မန္တာန် တွေ အ မြှုပ် ထွက် အောင် မ ရွတ် ချင် နေ ပါ ဘု ရား ပန်း အ မြဲ တမ်း လန်း လန်း ဆန်း ဆန်း ဖြစ် အောင် ထား မယ် ၊သောက် တော် ရေချမ်း လေး ကို လည်း အ မြဲတမ်း အေး နေ အောင် ထား မယ် ဆို ရင် အိမ် တွင်း ရေး လည်းအေး ချမ်း၊ စီး ပွား လမ်း လည်းဖြောင့်စ စ အ ရာ ရာ အ ဆင်ပြေမှာ ပါ။
သောက်တော်ရေ တနေ့ ဘယ်နှစ်ခါ လဲတုံး။“နှစ်ခါ” ။နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ် ထင်တယ်နော်။ ကဲ…ကိုယ်ကတော့ “ရေ” တနေ့ ဘယ်နှစ်ခါ သောက်တုံး။“ဆယ်ခါ”။ေ တာ်တော်တရားတယ်။ ဘုရားကျတော့ ရေငတ် ထားတယ်။
ကိုယ်ကျတော့ ဆာတိုင်း သောက်တယ် အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီး ကပ်မယ် ဆိုရင် ပိုကောင်းတယ်နော် အဲဒီ လောက်ကြီး အထိ မလဲနိုင်ဘူး ဆိုရင်တောင်မှမနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော် ရေလေးလဲပြီး ၊ ကပ်ရင် ကောင်းတာပေါ့။
ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်ကိုယ်သောက်မယ့်ခွက်ကို လက်ကလေးနဲ့ ကိုင်ထားပြီးတော့မြတ်စွာဘုရားရှင်အား သောက်တော်ရေလှူဒါန်းပါတယ်လို့စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင် ကိုသောက်တော်ရေ ကပ်လိုက်ပေါ့ ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ ကပ်လိုက်ရုံပါပဲ။
ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။ ကိုယ်ရေ သောက်တိုင်း မြတ်စွာဘုရားကို သောက်တော် ရေချမ်း လှူဒါန်း ပြီး မှ ကိုယ်က စွန့်သောက်ပါ။
အရက်သမား၊ ဘီယာသမား တချို့တောင် အရက်သောက် ခါနီး၊ ဘီယာသောက် ခါနီး ကိုယ်သောက်မယ့် အရက်ပုလင်း၊ ဘီယာပုလင်းကိုအရက်သမားနတ် ကိုကြီးကျော် ကိုပသတဲ့ အနေနဲ့ နဖူးရှေ့လက်နဲ့ မြှောက်ပြီး၊ အာရုံပြုကြသေးတယ် မဟုတ်လား။
ကိုကြီးကျော် တပည့်တွေထက်၊ ဘုရားတပည့်တွေ က သာမှ ဖြစ်မှာနော် သောက် တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။
နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊ မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။ မစားခင် သရဏဂုံလေး၊ ဘာလေး လည်း ရွတ်ပေါ့။
သရဏဂုံ ရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားပေါ့ သရဏဂုံလေးသုံးခေါက ရွတ်ပြီးသွားပြီ ဆိုတော့မှမြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့ တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရားလို့စွန့်ပြီး စားပေါ့နော်။
မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့ ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။ အဲဒီတော့ ဘုရားကပ်ပြီးတော့စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွား တာပေါ့။
နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။ သောက်တော် ရေချမ်း မနွေးပါစေနဲ့။ ဒါ အရေးကြီးပါတယ်ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Be the first to comment
Leave a Reply
Your email address will not be published.
*