တရုတ်ပြည်မှာ ရောင်းစားခံထားရတဲ့ မဝင်းမြတ်သူ လက်ရှိအခြေအနေ







Unicode

တရုတ်ပြည်မှာ ရောင်းစားခံထားရတဲ့ မဝင်းမြတ်သူရဲ့ လက်ရှိအခြေအနေကို မိခင်ဖြစ်သူ ဒေါ်ချို တို့နှင့်အတူ ပါဝင်ကူညီပေးနေတဲ့ ကိုကျော်စွာမှ လူမှုကွန်ယက်တွင် စတင်၍ ဗွီဒီယိုဖိုင်တင်ပြပေးခဲ့သော Kyaw Kyaw အကောင့်ပိုင်ရှင်အား ဆက်သွယ်မေးမြန်ထားတဲ့ အသံဖိုင်လေးဖြစ်ပါတယ်..။

Kyaw Kyaw အကောင့်ပိုင်ရှင်မှလည်း ရောင်းစားခံထားရသူ မဝင်းမြတ်သူအတွက် အစွမ်းကုန်ကူညီပေးနေခဲ့တယ်လို့ သိရပါတယ်..။

လက်ရှိအခြေအနေအရတော့ ကူညီပေးနေခဲ့သော်လည်း တိုးတက်ထူးခြားမှု မရှိတဲ့အပြင် ကူညီပေးနေသူများကိုပါ တရုတ်လူကုန်ကူးဂိုဏ်းမှ ငွေများလိမ်လည်သွားကြောင်း ပြောဆိုခဲ့ပါတယ်..။

အဆိုပါ လူကုန်ကူးအဖွဲ့ တည်ရှိနိုင်တဲ့ နေရာကိုလည်း ပြောပြထားတဲ့ အသံဖိုင်ပါရှိပါတယ်။ မိခင်ဖြစ်သူ ဒေါ်ချိုမှာလည်း အပူမီးဝိုင်းနေပြီး သက်ဆိုင်ရာမှ အစွမ်းကုန်ကူညီပေးကြပါလို့ တောင်းဆိုထားပါတယ်..။

မြန်မာ သမီးပျိုလေး မဝင်းမြတ်သူ အမြန်ဆုံးပြန်လည်ရရှိနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ အစွမ်းကုန်ကူညီပြီး အမြန်ဆုံး ပြန်လည်ရောက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်..။

အသံဖိုင် – ကိုကျော်စွာ #AlinnMyay(အလင်းမြေ) #လူကုန်ကူး #မဝင်းမြတ်သူ

Be the first to comment

Leave a Reply

Your email address will not be published.


*