ႏွစ္ရက္အတြင္း ၾကည့္ရႈသူ ၁၅ သန္းနီးပါး ရွိေနသည့္ စူပါဟီးရိုး႐ုပ္ရွင္-WONDER WOMAN 84 (နမူနာ)video…

ႏွစ္ရက္အတြင္း ၾကည့္ရႈသူ ၁၅ သန္းနီးပါး ရွိေနသည့္ စူပါဟီးရိုး႐ုပ္ရွင္-WONDER WOMAN 84 (နမူနာ)

လာမယ့္ႏွစ္ထဲ ႐ုံတင္ျပသသြားဖို႔ ရွိေနတဲ့ နာမည္ႀကီး႐ုပ္ရွင္ Wonder Woman 1984 ႐ုပ္ရွင္ Trailer ဟာ ထြက္ရွိၿပီး ၂ ရက္အတြင္းမွာပဲ ယူက်ဳဘ္ေပၚ ဝင္ေရာက္ၾကည့္ရႈ ၾကတဲ့ အႀကိမ္ေရ ၁၅ သန္းနီးပါး ရွိေနခဲ့ၿပီ ျဖစ္ပါတယ္

ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသမီး ဂယ္ဂေဒါ့ ေခါင္းေဆာင္ပါဝင္ထားတဲ့ ဒီ႐ုပ္ရွင္ ကားကိုေတာ့ Warner Bros. Pictures က ျဖန႔္ခ်ိမွာျဖစ္ၿပီး အေမရိကန္အမ်ိဳးသမီး ႐ုပ္ရွင္ ဒါရိုက္တာ Patty Jenkins က ရိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္

အမ်ိဳးသမီးစူပါဟီးရိုးဇာတ္ေကာင္ Wonder Woman ဟာ DC Comics ဇာတ္ေကာင္ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Batman Vs. Superman: Dawn of Justice ႐ုပ္ရွင္မွာ ပြဲဦးထြက္စတင္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္

အဲဒီေနာက္ ၂၀၁၇ ခုႏွစ္မွာေတာ့ Wonder Woman အမည္နဲ႔ ႐ုပ္ရွင္ထြက္ရွိလာခဲ့ၿပီး တႏွစ္တည္းမွာပဲ ထြက္ရွိခဲ့တဲ့ Justice League မွာလည္း Batman ၊ Superman ၊ Aquaman ၊ Falsh ၊ Cyborg တို႔လို DC နာမည္ႀကီးဇာတ္ေကာင္ေတြနဲ႔ Wonder Woman က တစုတစည္းထဲ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္

ခုကားကေတာ့ ၂၀၁၇ ႐ုပ္ရွင္ Wonder Woman ရဲ့ ေနာက္ဆက္တြဲ Sequel ႐ုပ္ရွင္အေနနဲ႔ အခ်ိန္ ၃ ႏွစ္အၾကာမွာ ထြက္ရွိလာၿပီး ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ မင္းသမီး ဂယ္ဂေဒါ့နဲ႔အတူ တျခား ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Chris Pine ၊ Kristen Wiig ၊ Pedro Pascal ၊ Robin Wright နဲ႔ Connie Nielsen စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာပါ။

Wonder Woman 1984 ႐ုပ္ရွင္ကားထဲမွာ Diana Prince တျဖစ္လဲ Wonder Woman က ၁၉၈၀ ျပည့္လြန္ စစ္ေအးေခတ္ကာလအတြင္း ဆိုဗီယက္ယူနီယံနဲ႔ ျဖစ္ခဲ့တဲ့ ပဋိပကၡေတြထဲ ပါဝင္ျဖစ္ခဲ့တာေတြကို ဘယ္လို အမိုက္စား၊ အလန္းစား ဇာတ္လမ္းဇာတ္ကြက္ေတြ၊ အထူးျပဳခ်က္ေတြနဲ႔ ရိုက္ကူးထားမလဲဆိုတာကိုေတာ့ ဒီကားထဲမွာ ေစာင့္ေမၽွာ္ ၾကည့္ရႈၾကရမွာပါ။

ဒီကားကိုေတာ့ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၅ ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္တယ္လို႔ ေၾကျငာထားပါတယ္။

DVB TV News

————————-

နှစ်ရက်အတွင်း ကြည့်ရှုသူ ၁၅ သန်းနီးပါး ရှိနေသည့် စူပါဟီးရိုးရုပ်ရှင်-WONDER WOMAN 84 (နမူနာ)

လာမယ့်နှစ်ထဲ ရုံတင်ပြသသွားဖို့ ရှိနေတဲ့ နာမည်ကြီးရုပ်ရှင် Wonder Woman 1984 ရုပ်ရှင် Trailer ဟာ ထွက်ရှိပြီး ၂ ရက်အတွင်းမှာပဲ ယူကျုဘ်ပေါ် ဝင်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ ၁၅ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဂယ်ဂဒေါ့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီရုပ်ရှင် ကားကိုတော့ Warner Bros. Pictures က ဖြန့်ချိမှာဖြစ်ပြီး အမေရိကန်အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ Patty Jenkins က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

အမျိုးသမီးစူပါဟီးရိုးဇာတ်ကောင် Wonder Woman ဟာ DC Comics ဇာတ်ကောင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Vs. Superman: Dawn of Justice ရုပ်ရှင်မှာ ပွဲဦးထွက်စတင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ Wonder Woman အမည်နဲ့ ရုပ်ရှင်ထွက်ရှိလာခဲ့ပြီး တနှစ်တည်းမှာပဲ ထွက်ရှိခဲ့တဲ့ Justice League မှာလည်း Batman ၊ Superman ၊ Aquaman ၊ Falsh ၊ Cyborg တို့လို DC နာမည်ကြီးဇာတ်ကောင်တွေနဲ့ Wonder Woman က တစုတစည်းထဲ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

ခုကားကတော့ ၂၀၁၇ ရုပ်ရှင် Wonder Woman ရဲ့ နောက်ဆက်တွဲ Sequel ရုပ်ရှင်အနေနဲ့ အချိန် ၃ နှစ်အကြာမှာ ထွက်ရှိလာပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မင်းသမီး ဂယ်ဂဒေါ့နဲ့အတူ တခြား ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Chris Pine ၊ Kristen Wiig ၊ Pedro Pascal ၊ Robin Wright နဲ့ Connie Nielsen စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ

Wonder Woman 1984 ရုပ်ရှင်ကားထဲမှာ Diana Prince တဖြစ်လဲ Wonder Woman က ၁၉၈၀ ပြည့်လွန် စစ်အေးခေတ်ကာလအတွင်း ဆိုဗီယက်ယူနီယံနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေထဲ ပါဝင်ဖြစ်ခဲ့တာတွေကို ဘယ်လို အမိုက်စား၊ အလန်းစား ဇာတ်လမ်းဇာတ်ကွက်တွေ၊ အထူးပြုချက်တွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ စောင့်မျှော် ကြည့်ရှုကြရမှာပါ။

ဒီကားကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။

DVB TV News

Be the first to comment

Leave a Reply

Your email address will not be published.


*