ဒီေန႔ICJမွာတင္ျပခဲ့တဲ့ အေမစုရဲ႕ ပညာသားပါပါေလွ်ာက္လဲခ်က္ျမန္မာျပန္ပါ

ဒီေန႔ICJမွာတင္ျပခဲ့တဲ့ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေလွ်ာက္လဲခ်က္ျမန္မာျပန္ပါ

ျမန္မာတျပည္လုံးက သူမရဲ႕ မိန႔္ခြန္းကို နားေထာင္ေနၾကမွာပါ။ တိုက္႐ိုက္ English လို ေျပာတာက ပိုပီးတိက်လို႔ သူမ ေျပာတဲ့အတိုင္းပဲ တိုက္႐ိုက္နားေထာင္လိုက္ပါတယ္။ သိပ္ကို လွပ ညင္သာပါတယ္။ ဒီေခ်ပခ်က္မွာ ဘယ္ဘက္ကိုမွ အျပစ္တင္မသြားဘူး။

တပ္ကိုလဲ အျပစ္ပုံမခ်ဘူး။ ဆဲဆိုမိတဲ့ ျပည္သူေတြကိုလဲ ကာကြယ္သြားတယ္။ တဖက္က ခံစားရတဲ့ ႐ိုဟင္ဂ်ာေတြကိုလဲ ႏိုင္ငံသားမဟုတ္ဘူး ဘာဘူးနဲ႔ အျပစ္မတင္သြားတဲ့ အစြန္း ၃ဖက္ လြတ္တဲ့ေျပာၾကားခ်က္ပါ။

နားေထာင္ဖူးသမွ် အေမစု မိန႔္ခြန္းထဲ ေကာင္းလြန္းလို႔ ၾသခ်မိရတဲ့အထိပါ။ မူရင္း7day tv

ပထမဆုံးက ဒါဟာ ရဝမ္ဒါက အေျခအေနနဲ႔ မတူညီေၾကာင္း ရွင္းပါတယ္။ ခ႐ိုေအးရွားနဲ႔လဲ မတူညီေၾကာင္းေျပာပါတယ္။ ေနာက္ပီးေတာ့ ရခိုင္ျပည္နယ္မွာ AA နဲ လက္ရွိတပ္နဲ႔ ျဖစ္ေနတဲ့ စစ္ပြဲအေၾကာင္းတင္ျပပါတယ္။ ရခိုင္ျပည္နယ္ဟာ ဒုတိယ အဆင္းရဲဆုံ းျပည္နယ္ပါတဲ့။

ပီးေတာ့မွ ရခိုင္ျပည္ကို အဂၤလိပ္တပ္ေတြနဲ႔အတူ မြတ္စလင္ေတြ ပါလာတဲ့အေၾကာင္း၊ စစ္ပြဲမွာ သစၥာရွိရွိနဲ႔ တိုက္ပြဲဝင္ခဲ့ၾကပီး ရခိုင္ျပည္မွာ ဆက္ေနခဲ့ၾကတဲ့အေၾကာင္း သမိုင္းေတြကို ေျပာပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး ေက်ာင္းသားသမၼဂကို ထူေထာင္ခဲ့တာက ရခိုင္မြတ္စလင္လူမ်ိဳး ကိုထြန္းစိန္ကိုး။

ဒီသမိုင္းေၾကာင္းေတြကို တဖက္က မဟုတ္ဘူး ျငင္းမရပါဘူး။ ဘယ္သမိုင္းစာအုပ္ဖတ္ဖတ္ မွန္ေနတာပါပဲ။

ပီးေတာ့မွ ARSA ရဲ႕ စတင္တိုက္ခိုက္မႈကို ေသခ်ာေဖာ္ျပပါတယ္။ ေနရာေတြ ထိေတြ႕မႈေတြ က်ဆုံးမႈေတြ ေျပာပါတယ္။ အဓိက ၁၂ ေနရာမွာျဖစ္တယ္ေပါ့။ ခြဲျခားရခက္လို႔ လုပ္ရကိုင္ရခက္တယ္။

အဲေနရာမွာ အသုံးအႏႈန္းတခုကို အေမစုက ရွင္းျပသြားပါတယ္။ နယ္ေျမရွင္းလင္းေရးဆိုတာပါ။ လြတ္လပ္ေရးေခတ္ ဗကပေတြကို ပဲခူး႐ိုးမေပၚ လိုက္တိုက္တဲ့ တိုက္ပြဲကစပီး တပ္မေတာ္ဟာ နယ္ေျမရွင္းလင္းေရးဆိုတဲ့ စကားလုံးကို ေတာက္ေလွ်ာက္ သုံးစြဲလာပါသတဲ့။

အဲစကားလုံးဟာ လူမ်ိဳးတုန္းရွင္းလင္းတာ မဟုတ္ပဲ အၿမဲ သုံးတဲ့စကားျဖစ္ပါတယ္ေပါ့။

ေနာက္တခုကေတာ့ အဲလို ရွင္းလင္းတဲ့ေနရာမွာ ရာဇဝတ္မႈက်ဴးလြန္ခဲ့တဲ့ စစ္သားေတြ အရပ္သားေတြကို ဒီအတိုင္းမထားပဲ တရား႐ုံးေတြမွာ အေရးယူေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ဘယ္ေနရာမွာမဆို လူ႔အခြင့္အေရးခ်ိဳးေဖာက္တာကို လက္ခံမွာမဟုတ္ဘူးလို႔ အေမစုက ေျပာပါတယ္။

ေနာက္ပီး ေျခဥအရ တပ္ရဲ႕ ကိစၥေတြကို အစိုးရက အေရးယူလို႔ မရေၾကာင္း။ တပ္ကပဲ အေရးယူရေၾကာင္း။ ျမန္မာအစိုးရဟာ အလုံးစုံထိန္းခ်ဳပ္ခြင့္မရွိပဲ အဲဒါကို ျပင္ဆင္ဖို႔လဲ ျပည္ေထာင္စုလႊတ္ေတာ္မွာ အခု လုပ္ေနပါတယ္လို႔ ေျပာသြားပါတယ္။

ပါးပါးေလးနဲ႔ ကမ္ဘာကို သတင္းပို႔လိုက္တာပါ။ ကန႔္လန႔္ ဆက္တိုက္ခ်င္လဲ တိုက္ေပါ့။

ေနာက္တခုကေတာ့ အစိုးရက ရခိုင္မွာ လုပ္ေနတဲ့ ပညာေရး က်န္းမာေရးေတြအေၾကာင္း ေျပာပါတယ္။ ရခိုင္မွာ ေမြးတဲ့ မြတ္စလင္ေတြကို ေမြးစာရင္းေတြ ထုတ္ေပးဖို႔ သူမ ၫႊန္ၾကားထားတဲ့အေၾကာင္း၊ အဲျပည္သူေတြဟာလဲ တကၠသိုလ္တက္ေရာက္ခြင့္ရွိပီး အဆင့္ျမင့္ပညာ သင္ယူႏိုင္မယ္။

စေကာလားရွစ္ေတြလဲ ေပးမယ္လို႔ဆိုတဲ့အေၾကာင္းကို ေျပာသြားပါေသးတယ္။ ေနာက္ အဓိကစြပ္စြဲခ်က္ျဖစ္တဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈကို ဒီလိုေျဖရွင္းပါတယ္။

တဖက္ကို ထြက္သြားသူေတြ (Exodus) ျပန္ဝင္လာဖို႔ အေဆာက္အဦးေတြ ေဆာက္ေနတယ္။ ဘဂၤလားေဒ့ရ္ွနဲ႔လဲ ျပန္လက္ခံႏိုင္ဖို႔ မူေဘာင္ေတြခ်မွတ္ေနတယ္။

ဒီေလာက္ ျပန္လာဖို႔ ျပင္ဆင္ေနတာဟာ လူမ်ိဳးတုန္းသတ္ျဖတ္ေနတာ ေရွ႕ဆက္ပီး ဘယ္လိုရွိႏိုင္မလဲလို႔ ေထာက္ျပပီး ေမးသြားပါတယ္။ ဦးသန႔္ရဲ႕ ကုလမွာ ထားခဲ့တဲ့ စကားတခြန္းကိုလဲ ကိုးကားသြားပါတယ္။

အဆုံးသတ္ကေတာ့ အလွဆုံးပါပဲ။ က်မဟာ တရားမွ်တတာကို လိုလားပါတယ္။ ျပည္တြင္းမွာ တရားမွ်တမႈ မရွိမွသာ ျပည္ပက ဝင္ပီး တရားမွ်တမႈကို ရွာေဖြေပးရတာပါ။

က်မတို႔ ျပည္သူေတြဟာ တဘဝလုံး တရားမွ်တမႈဆိုတာ မခံစားခဲ့ရဘူး။ (စစ္အစိုးရဖိႏွိပ္မႈေအာက္မွာ) တရားဥပေဒစိုးမိုးတယ္ဆိုတာကို မသိခဲ့ၾကဘူး။ က်မတို႔ဟာ အခုမွ ဒီမိုကေရစီကို တည္ေဆာက္ေနတုန္းပါ။ ျပည္သူေတြ တရားမွ်တမႈဆိုတာ နားလည္လာေအာင္ ခံစားတတ္ေအာင္ လုပ္ေပးေနတုန္းပါ။

က်မနားလည္ထားတဲ့ အမုန္းစကားဆိုတာ ဆဲဆိုေနတာေတြတင္မကပဲ တိုင္းျပည္ရဲ႕ လူ႔အဖြဲ႕အစည္း ၿငိမ္းခ်မ္းေရးပ်က္ျပားေအာင္ ႏိုင္ငံျခားတိုင္းျပည္ေတြ ေခါင္းေဆာင္ေတြက ေသြးထိုးတာ။ လူေတြအထင္မွားေအာင္

ပုံႀကီးခ်ဲ႕ေျပာဆိုတာေတြ၊ ၿပီးခဲ့တဲ့အရာေတြကို ထင္ေယာင္ထင္မွားနဲ႔ ဇာတ္နာေအာင္ ထပ္တလဲလဲေျပာေနတာကလဲ အမုန္းစကားနဲ႔ အမုန္းတရားပဲဆိုတာကို တရားသူႀကီးေတြကို က်မ ေျပာခဲ့ခ်င္တယ္။ ( အဲလိုစကားမ်ိဳး ဘယ္သူတက္ေျပာရဲခဲ့သလဲ)

ဘယ္ေလာက္လွတဲ့ အဆုံးသတ္ပါလဲ။ မေန႔က ျပည္သူေတြရဲ႕ အပူအပင္ကို အေကာင္းဆုံး ၿငိမ္းသတ္သြားေပးခဲ့တာပါ။ လက္ရွိ ခ်မွတ္ရမယ့္ အမိန႔္ဟာ လက္ရွိအခ်ိန္မွာ လူမ်ိဳးတုန္းသတ္ျဖတ္ေနမႈေတြကို ရပ္တန႔္ေပးဖို႔ပါ။ လက္ရွိမွာ AA နဲ႔ တိုက္ပြဲေတြပဲရွိပီး ႐ိုေတြနဲ႔ တိုက္ပြဲမရွိပဲ ျပန္လက္ခံဖို႔ ျပင္ဆင္ထားလို႔ ဒီစြပ္စြဲခ်က္ဟာ မွားေနပါတယ္။

ဒါေၾကာင့္ အလားအလာကေတာ့ အေကာင္းဘက္ကို ေရာက္သြားခဲ့သလို ကမာၻကလဲ သူတို႔ မသိခဲ့ရတဲ့ အခ်ိဳ႕အခ်က္အလက္ေတြကို ျမင္သြားရတာ ျမန္မာျပည္အတြက္ အႀကီးမားဆုံး အျမတ္ပါပဲ။

က်ေနာ္တို႔ လုပ္ရမွာက တိုင္းျပည္အတြင္းမွာ အတူေနထိုင္ၾကတဲ့ ျပည္တြင္းေန တိုင္းရင္းသားေတြ ဘာသာျခားေတြနဲ႔ ေသြးမကြဲ ဆဲတာဆိုတာေတြ အမုန္းပြားတာေတြ မလုပ္ၾကပဲ ခ်စ္ခ်စ္ၾကည္ၾကည္နဲ႔ တိုင္းျပည္တခုကို အေကာင္းဆုံး တည္ေထာင္ၾကဖို႔ပါပဲ။

သူမကို ေမြးခဲ့ခ်ိန္မွာ ဘယ္လိုနိမိတ္ေတြ ျပခဲ့သလဲ မသိခဲ့ပါဘူး။ ဒါေပမယ့္ ဗိုလ္ခ်ဳပ္ဟာ မပီးဆုံးေသးတဲ့ ျမန္မာျပည္နဲ႔ ျပည္သူေတြကို ကာကြယ္ဖို႔ သူ႔သမီးကို ထားခဲ့ေပးခဲ့တယ္။

သူမဟာ မီးလွ်ံငွက္လို အခက္အခဲၾကားမွ အေတာက္ပဆုံး ပ်ံသန္းႏိုင္ခဲ့တဲ့ လူသားပါပဲ။ အာဂေခါင္းေဆာင္ပါ။ က်ေနာ္တို႔ ထပ္ေတြ႕ရဖို႔ မရွိေတာ့ပါဘူး။

ျပည္သူေတြဟာ သူတို႔ ဘဝတသက္တာမွာ သူတို႔အတြက္ ကမ္ဘာကို ထြက္ရင္ဆိုင္ေပးတဲ့ ေခါင္းေရွာင္မဟုတ္တဲ့ ေခါင္းေဆာင္တေယာက္ကို ပထမဆုံးအႀကိမ္ မ်က္ဝါးထင္ထင္ ေတြ႕ခဲ့ရတဲ့ သမိုင္းဝင္ေန႔ပါပဲ။

Credit

ဒီနေ့ICJမှာတင်ပြခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲချက်မြန်မာပြန်ပါ

မြန်မာတပြည်လုံးက သူမရဲ့ မိန့်ခွန်းကို နားထောင်နေကြမှာပါ။ တိုက်ရိုက် English လို ပြောတာက ပိုပီးတိကျလို့ သူမ ပြောတဲ့အတိုင်းပဲ တိုက်ရိုက်နားထောင်လိုက်ပါတယ်။ သိပ်ကို လှပ ညင်သာပါတယ်။ ဒီချေပချက်မှာ ဘယ်ဘက်ကိုမှ အပြစ်တင်မသွားဘူး။

တပ်ကိုလဲ အပြစ်ပုံမချဘူး။ ဆဲဆိုမိတဲ့ ပြည်သူတွေကိုလဲ ကာကွယ်သွားတယ်။ တဖက်က ခံစားရတဲ့ ရိုဟင်ဂျာတွေကိုလဲ နိုင်ငံသားမဟုတ်ဘူး ဘာဘူးနဲ့ အပြစ်မတင်သွားတဲ့ အစွန်း ၃ဖက် လွတ်တဲ့ပြောကြားချက်ပါ။

နားထောင်ဖူးသမျှ အမေစု မိန့်ခွန်းထဲ ကောင်းလွန်းလို့ သြချမိရတဲ့အထိပါ။

ပထမဆုံးက ဒါဟာ ရဝမ်ဒါက အခြေအနေနဲ့ မတူညီကြောင်း ရှင်းပါတယ်။ ခရိုအေးရှားနဲ့လဲ မတူညီကြောင်းပြောပါတယ်။ နောက်ပီးတော့ ရခိုင်ပြည်နယ်မှာ AA နဲ လက်ရှိတပ်နဲ့ ဖြစ်နေတဲ့ စစ်ပွဲအကြောင်းတင်ပြပါတယ်။ ရခိုင်ပြည်နယ်ဟာ ဒုတိယအဆင်းရဲဆုံးပြည်နယ်ပါတဲ့။

ပီးတော့မှ ရခိုင်ပြည်ကို အင်္ဂလိပ်တပ်တွေနဲ့အတူ မွတ်စလင်တွေ ပါလာတဲ့အကြောင်း၊ စစ်ပွဲမှာ သစ္စာရှိရှိနဲ့ တိုက်ပွဲဝင်ခဲ့ကြပီး ရခိုင်ပြည်မှာ ဆက်နေခဲ့ကြတဲ့အကြောင်း သမိုင်းတွေကို ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောင်းသားသမ္မဂကို ထူထောင်ခဲ့တာက ရခိုင်မွတ်စလင်လူမျိုး ကိုထွန်းစိန်ကိုး။

ဒီသမိုင်းကြောင်းတွေကို တဖက်က မဟုတ်ဘူး ငြင်းမရပါဘူး။ ဘယ်သမိုင်းစာအုပ်ဖတ်ဖတ် မှန်နေတာပါပဲ။

ပီးတော့မှ ARSA ရဲ့ စတင်တိုက်ခိုက်မှုကို သေချာဖော်ပြပါတယ်။ နေရာတွေ ထိတွေ့မှုတွေ ကျဆုံးမှုတွေ ပြောပါတယ်။ အဓိက ၁၂ နေရာမှာဖြစ်တယ်ပေါ့။ ခွဲခြားရခက်လို့ လုပ်ရကိုင်ရခက်တယ်။

အဲနေရာမှာ အသုံးအနှုန်းတခုကို အမေစုက ရှင်းပြသွားပါတယ်။ နယ်မြေရှင်းလင်းရေးဆိုတာပါ။ လွတ်လပ်ရေးခေတ် ဗကပတွေကို ပဲခူးရိုးမပေါ် လိုက်တိုက်တဲ့ တိုက်ပွဲကစပီး တပ်မတော်ဟာ နယ်မြေရှင်းလင်းရေးဆိုတဲ့ စကားလုံးကို တောက်လျှောက် သုံးစွဲလာပါသတဲ့။

အဲစကားလုံးဟာ လူမျိုးတုန်းရှင်းလင်းတာ မဟုတ်ပဲ အမြဲ သုံးတဲ့စကားဖြစ်ပါတယ်ပေါ့။

နောက်တခုကတော့ အဲလို ရှင်းလင်းတဲ့နေရာမှာ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ စစ်သားတွေ အရပ်သားတွေကို ဒီအတိုင်းမထားပဲ တရားရုံးတွေမှာ အရေးယူနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို လူ့အခွင့်အရေးချိုးဖောက်တာကို လက်ခံမှာမဟုတ်ဘူးလို့ အမေစုက ပြောပါတယ်။

နောက်ပီး ခြေဥအရ တပ်ရဲ့ ကိစ္စတွေကို အစိုးရက အရေးယူလို့ မရကြောင်း။ တပ်ကပဲ အရေးယူရကြောင်း။ မြန်မာအစိုးရဟာ အလုံးစုံထိန်းချုပ်ခွင့်မရှိပဲ အဲဒါကို ပြင်ဆင်ဖို့လဲ ပြည်ထောင်စုလွှတ်တော်မှာ အခု လုပ်နေပါတယ်လို့ ပြောသွားပါတယ်။

ပါးပါးလေးနဲ့ ကမ်ဘာကို သတင်းပို့လိုက်တာပါ။ ကန့်လန့် ဆက်တိုက်ချင်လဲ တိုက်ပေါ့။

နောက်တခုကတော့ အစိုးရက ရခိုင်မှာ လုပ်နေတဲ့ ပညာရေး ကျန်းမာရေးတွေအကြောင်း ပြောပါတယ်။ ရခိုင်မှာ မွေးတဲ့ မွတ်စလင်တွေကို မွေးစာရင်းတွေ ထုတ်ပေးဖို့ သူမ ညွှန်ကြားထားတဲ့အကြောင်း၊ အဲပြည်သူတွေဟာလဲ တက္ကသိုလ်တက်ရောက်ခွင့်ရှိပီး အဆင့်မြင့်ပညာ သင်ယူနိုင်မယ်။

စကောလားရှစ်တွေလဲ ပေးမယ်လို့ဆိုတဲ့အကြောင်းကို ပြောသွားပါသေးတယ်။ နောက် အဓိကစွပ်စွဲချက်ဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ဒီလိုဖြေရှင်းပါတယ်။

တဖက်ကို ထွက်သွားသူတွေ (Exodus) ပြန်ဝင်လာဖို့ အဆောက်အဦးတွေ ဆောက်နေတယ်။ ဘင်္ဂလားဒေ့ရ်ှနဲ့လဲ ပြန်လက်ခံနိုင်ဖို့ မူဘောင်တွေချမှတ်နေတယ်။

ဒီလောက် ပြန်လာဖို့ ပြင်ဆင်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်နေတာ ရှေ့ဆက်ပီး ဘယ်လိုရှိနိုင်မလဲလို့ ထောက်ပြပီး မေးသွားပါတယ်။ ဦးသန့်ရဲ့ ကုလမှာ ထားခဲ့တဲ့ စကားတခွန်းကိုလဲ ကိုးကားသွားပါတယ်။

အဆုံးသတ်ကတော့ အလှဆုံးပါပဲ။ ကျမဟာ တရားမျှတတာကို လိုလားပါတယ်။ ပြည်တွင်းမှာ တရားမျှတမှု မရှိမှသာ ပြည်ပက ဝင်ပီး တရားမျှတမှုကို ရှာဖွေပေးရတာပါ။

ကျမတို့ ပြည်သူတွေဟာ တဘဝလုံး တရားမျှတမှုဆိုတာ မခံစားခဲ့ရဘူး။ (စစ်အစိုးရဖိနှိပ်မှုအောက်မှာ) တရားဥပဒေစိုးမိုးတယ်ဆိုတာကို မသိခဲ့ကြဘူး။ ကျမတို့ဟာ အခုမှ ဒီမိုကရေစီကို တည်ဆောက်နေတုန်းပါ။ ပြည်သူတွေ တရားမျှတမှုဆိုတာ နားလည်လာအောင် ခံစားတတ်အောင် လုပ်ပေးနေတုန်းပါ။

ကျမနားလည်ထားတဲ့ အမုန်းစကားဆိုတာ ဆဲဆိုနေတာတွေတင်မကပဲ တိုင်းပြည်ရဲ့ လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးပျက်ပြားအောင် နိုင်ငံခြားတိုင်းပြည်တွေ ခေါင်းဆောင်တွေက သွေးထိုးတာ။ လူတွေအထင်မှားအောင်

ပုံကြီးချဲ့ပြောဆိုတာတွေ၊ ပြီးခဲ့တဲ့အရာတွေကို ထင်ယောင်ထင်မှားနဲ့ ဇာတ်နာအောင် ထပ်တလဲလဲပြောနေတာကလဲ အမုန်းစကားနဲ့ အမုန်းတရားပဲဆိုတာကို တရားသူကြီးတွေကို ကျမ ပြောခဲ့ချင်တယ်။ ( အဲလိုစကားမျိုး ဘယ်သူတက်ပြောရဲခဲ့သလဲ)

ဘယ်လောက်လှတဲ့ အဆုံးသတ်ပါလဲ။ မနေ့က ပြည်သူတွေရဲ့ အပူအပင်ကို အကောင်းဆုံး ငြိမ်းသတ်သွားပေးခဲ့တာပါ။ လက်ရှိ ချမှတ်ရမယ့် အမိန့်ဟာ လက်ရှိအချိန်မှာ လူမျိုးတုန်းသတ်ဖြတ်နေမှုတွေကို ရပ်တန့်ပေးဖို့ပါ။ လက်ရှိမှာ AA နဲ့ တိုက်ပွဲတွေပဲရှိပီး ရိုတွေနဲ့ တိုက်ပွဲမရှိပဲ ပြန်လက်ခံဖို့ ပြင်ဆင်ထားလို့ ဒီစွပ်စွဲချက်ဟာ မှားနေပါတယ်။

ဒါကြောင့် အလားအလာကတော့ အကောင်းဘက်ကို ရောက်သွားခဲ့သလို ကမ္ဘာကလဲ သူတို့ မသိခဲ့ရတဲ့ အချို့အချက်အလက်တွေကို မြင်သွားရတာ မြန်မာပြည်အတွက် အကြီးမားဆုံး အမြတ်ပါပဲ။

ကျနော်တို့ လုပ်ရမှာက တိုင်းပြည်အတွင်းမှာ အတူနေထိုင်ကြတဲ့ ပြည်တွင်းနေ တိုင်းရင်းသားတွေ ဘာသာခြားတွေနဲ့ သွေးမကွဲ ဆဲတာဆိုတာတွေ အမုန်းပွားတာတွေ မလုပ်ကြပဲ ချစ်ချစ်ကြည်ကြည်နဲ့ တိုင်းပြည်တခုကို အကောင်းဆုံး တည်ထောင်ကြဖို့ပါပဲ။

သူမကို မွေးခဲ့ချိန်မှာ ဘယ်လိုနိမိတ်တွေ ပြခဲ့သလဲ မသိခဲ့ပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ဟာ မပီးဆုံးသေးတဲ့ မြန်မာပြည်နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ သူ့သမီးကို ထားခဲ့ပေးခဲ့တယ်။

သူမဟာ မီးလျှံငှက်လို အခက်အခဲကြားမှ အတောက်ပဆုံး ပျံသန်းနိုင်ခဲ့တဲ့ လူသားပါပဲ။ အာဂခေါင်းဆောင်ပါ။ ကျနော်တို့ ထပ်တွေ့ရဖို့ မရှိတော့ပါဘူး။

ပြည်သူတွေဟာ သူတို့ ဘဝတသက်တာမှာ သူတို့အတွက် ကမ်ဘာကို ထွက်ရင်ဆိုင်ပေးတဲ့ ခေါင်းရှောင်မဟုတ်တဲ့ ခေါင်းဆောင်တယောက်ကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် တွေ့ခဲ့ရတဲ့ သမိုင်းဝင်နေ့ပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*