မြန်မာအစိုးရရှေ့နေ ခရစ္စတိုဖာ စတိတ်ကာရဲ့ အချက်ချက်ကျကျပြန်လည်ချေပလိုက်တဲ့ ပြောကြားချက်ပါ အရမ်းကောင်းလို့ ကျေးဇူးကြီးလှပါတယ်
“မြန်မာနိုင်ငံဟာလူမျိုးသုဉ်းသတ်ဖြတ်မှုပဋိညာဉ်လက်မှတ်ထိုးထားတာကြောင့်တရားရုံးကအမိန့်ချလဲလည်းထူးလာမှာ မဟုတ်ပါဘူး”
မြန်မာအစိုးရရှေ့နေ ခရစ္စတိုဖာ စတိတ်ကာ ပြောကြားချက်မှ ကောက်နှုတ်ချက် မူရင်း7day Tv
လူသားချင်းစာနာဖို့မျိုသုဉ်းသတ်ဖြတ်မှုကိုတားဆီးဖို့ဆိုပြီးပြောခဲ့ပါတယ်။
မျိုးတုန်းသတ်ဖြတ်မှုရယ်လို့တိတိကျကျမပြောခဲ့ပါဘူး။
လျှောက်ထားတဲ့ဟာက လူမျိုးသုဉ်းသတ်ဖြတ်မှု ပဋိဉာဉ်ရှိရမယ်။
ကနဦးသက်သေတွေအရ ဂမ်ဘီယာမှာ တိုက်ရိုက်အကျိုးသက်ရောက်တာမရှိဘဲ ဒီ အမှုကိုလျှောက်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာလူမျိုးသုဉ်းသတ်ဖြတ်မှုပဋိညာဉ်လက်မှတ်ထိုးထားတာကြောင့်တရားရုံးကအမိန့်ချလဲထူးလာမှာ မဟုတ်ပါဘူး။
“မြန်မာနိုင်ငံဟာလူမျိူးသုဉ်းသတ်ဖြတ်မှုပဋိညာဉ်လက်မှတ်ထိုးထားတာကြောင့်တရားရုံးကအမိန့်ချလဲလည်းထူးလာမှာ မဟုတ်ပါဘူး”
မြန်မာအစိုးရရှေ့နေ ခရစ္စတိုဖာ စတိတ်ကာ ပြောကြားချက်မှ ကောက်နှုတ်ချက်
ကန ဦးသက်သေတွေနဲ့တင်ပြသွားမှာဖြစ်ပါတယ်။ ဒီကြားနာမှုနဲ့ပက်သတ်ပြီးဂမ်ဘီယာကို OIC ကထောက်ပံ့ပေး ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုဂမ်ဘီယာကနေပြီးသတိပေးအကြောင်းကြားစာပို့ခဲ့ပါသေးတယ်။
မေလ၂၀၁၈ မှာOIC ရဲ့ဆုံးဖြတ်ချက်ကိုရည်ညွှန်းပြီးတင်ပြနေတာဖြစ်ပါတယ်။
လူသားချင်းစာနာဖို့မျိူသုဉ်းသတ်ဖြတ်မှုကိုတားဆီးဖို့ဆိုပြီးပြောခဲ့ပါတယ်။
မျိူးတုန်းသတ်ဖြတ်မှုရယ်လို့တိတိကျကျမပြောခဲ့ပါဘူး။
OIC အဖွဲ့ဝင်တွေရဲ့အစည်းအဝေးကဆုံးဖြတ်ချက်တွေထဲမှာလူမျိူးတုန်းသတ်ဖြတ်မှုဆိုတာမပါပါဘူး။ အကြမ်းဖက်မှုပဲပါတယ်။ မျိူးနွယ်စုသန့်စင်မှုတွေလို့ပဲပါပါတယ်။ ၂၅ စက်တင်ဘာ၂၀၁၈ မှာ ဂမ်ဘီယာက မွတ်စလင်တွေအပေါ်ရက်ရက်စက်စက်ရာဇဝတ်ကျူးလွန်မှုလို့သုံးတာပါ။ မျိူးတုန်းသတ်ဖြတ်မှု လို့မသုံးပါဘူး။ နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုကိုလည်းရည်ညွှန်းခဲ့ပါတယ်။
OIC အဖွဲ့ဝင်တွေ နိုင်ငံတကာ တရားစီရင်ရေးစနစ်နဲ့ဆောင်ရွက်ဖို့ ဆိုတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကလည်း နိုင်ငံတကာတရားရုံးမှာတရား စွဲဆွဲဖို့ကိုပြောခဲ့ပါတယ်။ ဂမ်ဘီ ယာက အခုလိုဦးဆောင်တရားဆွဲဆိုတာကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။
အစ္စလာမ် ထိပ်သီးအစည်းအဝေး၁၄ ကြိမ်မြောက်မာလည်းနိုင်ငံတကာတရားစီရင်ရေးနဲ့ ဆောင်ရွက်ဖို့ဆိုတာပြောတာရှိပါတယ်။ ဥပဒေကြောင်းနဲ့ဆောင်ရွက်ဖို့ဆိုပြီး အတိအကျပြောထားတာ တော့မရှိပါဘူး။
ဂမ်ဘီယာနိုင်ငံအစိုးရအနေနဲ့လည်း ရှင်းရှင်းလင်းလင်းသိပုံမရပါဘူး ။ OIC က ဒီကိစ္စကိုဂမ်ဘီယာကဦးဆောင်ဖို့ အဆိုပြုခဲ့ပါတယ်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအကြောင်းကိုဆက်ပြောပါ့မယ်။
ဂမ်ဘီယာကသတင်းတွေဖော်ပြချက်ကိုပဲကိုးကားပြောဆိုခဲ့တာပါ။ အချက်အလက်တွေမပါပါဘူး။
OIC ကငွေကြေးထောက်ပံ့တာကိုလည်းပြောပါတယ်။
ငွေကြေးထောက်ပံ့မှုတွေကလည်းအစ္စလာမ်ဘဏ်တွေကထောက်ပံ့ပေးတာဖြစ်ပါတယ်။
ဒီဆောင်ရွက်မှုမှာ OICရဲ့ကိုယ်စားအားလုံးပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ဂမ်ဘီယာကမြန်မာကိုအကြောင်းကြားစာပို့ခဲ့တာပါ။ တကယ်တမ်းက ကြားနားစစ်ဆေးမှုလုပ်မယ်ဆိုတာ မြန်မာနိုင်ငံကို အကြောင်းကြားစာမပို့ခင်ထဲကလုပ်ဖို့ဖြစ်နေတာပါ။
OIC ကဂမ်ဘီယာကိုသူ့ကိုယ်စားလုပ်ဖို့ပြောထားတာပဲဖြစ်ပါတယ်။
၁၉ ရက်နေ့က ဂျာကာတာပို့စ်မှာ OICကို ယ်စားလုပ်ဖို့ဂမ်ဘီယာဆိုပြီးရေးသားထားပါတယ်။
ဂမ်ဘီယာဟာ ယာယီဥက္ကအဖြစ်နဲ့လုပ်မယ်ဆိုတာလည်းဖော်ပြခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ မှာမြန်မာက ဂမ်ဘီယာကို ပြန်ပြီးအကြောင်းကြားစာပို့ခဲ့ပါတယ်။
ဒါဟာအင်မတန်ထူးခြားပါတယ်။ နိုင်ငံတနိုင်ငံကတရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို နိုင်ငံတကာတရားရုံးကလုပ်တယ်ဆိုတာထူးခြားနေပါတယ်။
ဂမ်ဘီယာဟာ OIC ကိုယ်စားဂျီနိုဆိုဒ်နဲ့ပက်သတ်ပြီးတရားစွဲဖို့ကိုယ်စားပြုတာဖြစ်ပါတယ်။
ဘယ်နိုင်ငံကလှူဒါန်းမှုတွေပြုလုပ်နေလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။
OIC အဖွဲ့ထဲမှာဆိုရင်၁၃နိုင်ငံဟာဂျီနိုဆိုဒ်သဘောတူညီချက်မှာလက်မှတ်ထိုးတာတာမဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှိအပါအဝင်ဖြစ်လို့စီရင်ပိုင်နိုင်ခွင့်နဲ့ပက်သတ်ရင် မရနိုင်ဘူးဖြစ်ပါတယ်။
ဂျီနိုဆိုဒ်ရဲ့ သဘောတူညီချက်ပုဒ်မ ၉ မှာဆိုရင် ၂ နိုင်ငံကြားမှာဖြစ်တဲ့ကိစ္စမဟုတ်ဘူးဆိုရင်လုပ်လို့မရပါဘူး။
မြန်မာနိုင်ငံနဲ့ဂမ်ဘီယာကြားမှာဖြစ်တဲ့ပြသနာ မရှိပါဘူး။
တရားရုံးရဲ့စီရင်ပိုင်ခွင့်မှာ ဂျီနိုဆိုဒ်မှာပါတဲ့ အချက် ၉ ဟာ အခြေခံ အချက်ဖြစ်ပါတယ်။
ဓလေ့ထုံတမ်းတွေနဲ့ပက်သတ်ရင်နိုင်ငံတာတရားရုံးတွေကဆုံးဖြတ်ခွင့်မရှိပါဘူး။
ဆုံးဖြတ်ဖို့ဆိုရင် အငြင်းပွားမှုရှိရမယ် မြန်မာနဲ့ဂမ်ဘီယာပေါ့။
လျှောက်ထားတဲ့ဟာက လူမျိူးသုဉ်းသတ်ဖြတ်မှု ပဋိဉာဉ်ရှိရမယ်။
တရားရုံးကိုလျှောက်ထားတယ်ဆိုရင် OIC နိုင်ငံတွေ့ပဲဖြစ်ရမာပါ ဂမ်ဘီယာမဟုတ်ပါဘူး။ OIC နိုင်ငံတွေနဲ့လည်းမြန်မာကြားမှာ ဘာအငြင်းပွားမှုမှမရှိပါဘူး။
အငြင်းပွားမှုဆိုရင် တစ်ဖက်ကတင်ပြတာကိုတစ်ဖက်ကငြင်းမှရမှာပါ။ အငြင်းပွားမှုကိုတည်ဆောင်ဖို့ဂမ်ဘီယာဟာ OIC ရဲ့အချက်အလက်တွေကိုကိုးကားထားတာပါ။
မြန်မာနိုင်ငံဟာ OIC အဖွဲ့ဝင်မဟုတ်ပါဘူး သူ့ရဲ့ဆုံးဖြတ်ချက်တွေမှာပါဝင်ဖို့မဟုတ်ပါဘူး။
ကုလအချက်အလက်ရှာဖွေရေးထဲမှာ OIC ဂမ်ဘီယာဆိုတာတွေလည်းမပါပါဘူး။
မြန်မာနိုင်ငံကိုလည်း OIC နိုင်ငံတွေက ဘာတွေ ပြောတယ်ဆိုတာလည်းမပါပါဘူး။
တိုင်ပင်ခံပုဂ္ဂိုလ်ဆီပို့တဲ့စာရွက်စာတမ်းတွေမှာလည်းဂျီနိုဆိုဒ်ဆိုတာကိုရည်ညွန်းပြောဆိုခဲ့တာမပါပါဘူး။
ဂမ်ဘီယာကမြန်မာကို အကြောင်းပြန်ဖို့ပျက်ကွက်ခဲ့တယ်ဆိုပြီးပေါ်လာလို့ တုံ့ပြန့်မှုပျက်ကွက်တယ်ဆိုပြီး အငြင်းပွားမှုဖြစ်တာပါ။
မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးတွေကိုကျူးလွန်တာပဲပါတယ်။ အတိအကျအချက်အလက်တွေမပါပါဘူး။
ယေဘုယျအားဖြင့်ကုလအချက်လက်ရှာဖွေရေးအဖွဲ့နဲ့OIC က အချက်အလက်တွေပဲပါဝင်တာဖြစ်ပါတယ်။
မြန်မာက ဆန့်ကျင့်ငြင်းဆန်လို့ရတဲ့အချက်အလက်ဥပဒေအကြောင်း အရာမရှိပါဘူး။
ဂျီနိုဆိုဒ်ကွန်ဗန်းရှင်းပုဒ်မ ၉ အရ အငြင်းပွား မှုဂျီနိုဆိုဒ်ဆိုတဲ့ဟာလုံလောက်မှုမရှိပါဘူး။
အကြောင်းကြားစာကို တုံ့ပြန့်ဖို့ပျက်ကွက်ရုံနဲ့ အငြင်းပွားမှုဆိုတာ မဖြစ်နိုင်ပါဘူး။
ဒုတိယအကြိမ်ဂမ်ဘီယာကအကြောင်းကြားစာပို့ခဲ့ရှိပါတယ်။ ဒီအမှုကိုတင်ပြီးမှပဲပို့လိုက်တာဖြစ်ပါတယ်။ OIC ကလည်း ဂျီနိုဆိုဒ်ကွန်ဖန်းရှင်းကိုချိူးဖောက်တယ်ဆိုပြီးပြောဆိုထားတာမရှိပါဘူး။
OIC ကလည်း ဒီလူတွေနဲ့ပက်သတ်ပြီး တာဝန်ခံဖို့ဆောင်ရွက်ရမယ်ဆိုတာပဲဖြစ်ပါတယ်။ တာဝန်ရှိတဲ့သူတွေ တာဝန်ခံအောင်လုပ်တာပဲဖြစ်ပါတယ်။
ဂမ်ဘီယာသာမြန်မာနဲ့အငြင်းပွားခဲ့မယ်ဆိုရင် ဒီလိုကြားနာမှုလုပ်မယ်ဆိုတာကိုကြိုပြီးအကြောင်း မကြားခဲ့တာလဲ။
ဘာ့ကြောင့် ရှေ့နေတွေမဌားခင် မြန်မာကိုအကြောင်းမကြားခဲ့တာလဲ။
အားလုံးပြင်ဆင်ပြီးတော့မှသာပြောတာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပက်သတ်ရင် တရားစီရင်ပိုင်ခွင့်မရှိလို့ ရှေ့ဆက်ပြီးမဆောင်ရွက်သင့်ပါဘူး။
အရင်အမှုနှစ်ခုမှာ ဒီတရားရုံးကပြောခဲ့ဖူးသလို ဆုံးဖြတ်ဆောင်ရွက်ခွင့်မရှိဘူးဆိုရင် ဒီအမှုကိုလက်ခံထားတာမဖြစ်သင့်ပါဘူး။
ကနဦးသက်သေတွေအရ ဂမ်ဘီယာမှာ တိုက်ရိုက်အကျိူးသက်ရောက်တာမရှိဘဲ ဒီ အမှုကိုလျှောက်ထားတာဖြစ်ပါတယ်။
နိုင်ငံတကာလူ့အသိုင်းအဝိုင်းမှာ ဆောင်ရွက်ပေးရမယ့်နိုင်ငံတစ်နိုင်ငံရဲ့ အခွင့်အရေးကိုပြောကြားနေတာပါ။
မြန်မာနိုင်ငံဟာဂျီနိုဆိုဒ်သဘောတူညီချက်မှာတာဝန်တွေကိုလက်ခံထားတာဖြစ်ပါတယ်။
တကယ်တမ်းထိခိုက်တာ ဘင်္ဂလားဒေ့ရှိဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာ့အိမ်နီးချင်နိုင်ငံတွေကလည်း ဂျီနိုဆိုဒ် အပီုဒ် ၉ ကို လက်မှတ်ထိုးတာကြောင့် ဒါတွေ လုပ်လို့မရဘူးဖြစ်ပါတယ်။
ဘာစီလိုနာ ကိစ္စကိုနမူနာပေးပြီးရှင်းပြနေတာပါ။ နိုင်ငံတွေရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ကို အသေးစိတ်ရှင်းပြနေတာပါ။
ဂျီနိုဆိုဒ်ကွန်ဗန်းရှင်းမှာ တရားသူကြီးက မှတ်ချက်ပေးခဲ့ဖူးတာကိုရှင်းပြနေတာဖြစ်ပါတယ်။ ဘယ်ဂျီယံနဲ့ဆီနီဂေါကိစ္စကိုလည်းနမူနာပြောပြနေတာပါ။
ဒီတရားရုံးကိုလာပြီးတော့တရားစွဲမယ်ဆိုရင် ဟန်ချက်ညီဖို့တော့လိုပါလိမ့်မယ်။
ပြည့်စုံတဲ့အချက်အလက်တွေရှိမှ တရားစွဲဆိုသင့်ပါတယ်။
ဂမ်ဘီယာမလျှောက်ထားသင့်တဲ့အကြောင်းထပ်ပြောလိုပါတယ်။
ဂျီနိုဆိုဒ်အပိုဒ် ၈ နဲ့ပက်သတ်ပြီးခြွင်းချက်အနေနဲ့ပြောချင်ပါတယ်။
ခြွင်းချက်မထားတဲ့အပိုဒ် ၉ မှာဆိုရင်စီရင်ပိုင်ခွင့်ပေးထားပါတယ်။ ဒါပေမဲ့ဒီတရားရုံးအနေနဲ့ ခိုင်မာတဲ့ အနေအထားရှိမှသာလျှင် စီရင်နိုင်မှာဖြစ်ပါတယ်။
အပိုဒ် ၉ က ဘယ်အငြင်းပွားမှုမျိူးမဆို လို့ဆိုပြီးပြောထားတာမဟုတ်ပါဘူး။အငြင်းပွားနေတဲ့နိုင်ငံတွေလို့ပဲပြောထားတာဖြစ်ပါတယ်။
ဒါ့ကြောင့်မို့လို့ အပိုဒ် ၉ နဲ့ပက်သတ်ရင်ခြွင်းချက်မရှိရင် တရားရုံးအနေနဲ့လက်ခံ မဆောင်ရွက်သင့်ပါဘူး။
ဒါ့ကြောင့်ဂမ်ဘီယာနိုင်ငံအနေနဲ့ ဒီအမှုကိုလျှောက်ထားခွင့်မရှိသလို မြန်မာကလည်းရင်ဆိုင်ပိုင်ခွင့်မရှိပါဘူး။
ပထမဂမ်ဘီယာကတောင်းဆိုထားတဲ့ကြားဖြတ်စီရင်ပိုင်ခွင့်အချက်နှစ်ချက်ဟာဘော့စနီးယားကိစ္စတုန်းကအချက်နှစ်ချက်နဲ့တူညီနေပါတယ်။ တရားရုံးကစီရင်ချက်ချရင် အဲဒီဟာကို လိုက်နာဖို့လိုပါတယ် မလိုက်နာရင်ချိုးဖောက်ရာကျပါတယ်။
ကြားဖြတ်စီရင်ချက်တွေနဲ့ပက်သတ်ပြီးနမူနာပေးပြီးပြောကြားလိုပါတယ်။
ကြားဖြတ်စီမံဆောင်ရွက်ချက်ကိုဘယ်လိုအခြေအနေမှာပေးသင့်တယ်မပေးသင့်ဘူးကိုရှင်းပြနေတာပါ။
ကြားဖြတ်စီမံဆောင်ရွက်ချက်ကိုပေးလိုက်ရင် အငြင်းပွားမှုပိုဆိုးနိုင်တာကိုပြောပြနေတာပါ။
မြန်မာနိုင်ငံဟာလူမျိူးသုဉ်းသတ်ဖြတ်မှုပဋိညာဉ်လက်မှတ်ထိုးထားတာကြောင့်တရားရုံးကအမိန့်ချလဲထူးလာမှာ မဟုတ်ပါဘူး။
တက်ကြွလှုပ်ရှားသူတွေရဲ့ဝေဖန်ပြစ်တင်မှုပဲတိုးလာမှာပါ။ တချို့ကိစ္စတွေမှာ တရားကြားနာမှုထက် တရားစွဲဆိုသူက ကြားဖြတ်အစီအမံက အရေးကြီးတယ်ဆိုတာ မြင်တတ်ကြပါတယ်။
ကြားဖြတ်စီမံဆောင်ရွက်ချက်တွေထဲမှာ ဘာတွေပါမယ်ဆိုတာ အတိအကျမသိနိုင်ပါဘူး။ကြားဖြတ်စီမံဆောင်ရွက်မှုမှာ သက်သေအထောက်အထားတွေ မဖျက်ဖို့ဆိုရင် အဲ့ဒါတွေက ဘာတွေလည်းသိလိုပါတယ်။ လျှောက်ထားသူနဲ့ဆက်စပ်သလားသိချင်ပါတယ်။ လက်ရှိရှိနေတဲ့ အငြင်းပွားမှုကိုပိုပြီးမတိုးစေလိုတဲ့ အချက်တွေပါပါ့မယ်။ကြားဖြတ်စီမံဆောင်ရွက်ချက်တွေဟာခိုင်မာတဲ့ အရာတွေပူးပေါင်းလုပ်မြှဖ်ပါ့မယ်။ ကြားဖြတ်မှုတွေကိုတရားရုံးကိုအစီရင်ခံရမယ်ဆိုတဲ့ အချက်ဟာ နိုင်ငံရေးသဘောတူပဋိညာဉ်သဘောတူစာချုပ်နဲ့တူတူဖြစ်ပါတယ်။ ဒီအစီရင်ခံစာတွေကိုတင်ပို့မယ်ဆိုရင်တရားရုံးကကြည့်နိုင်မှာမဟုတ်ပါဘူး ။
ခြောက်ခုမြောက်တောင်းဆိုထားတာဟာ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ကုလပေါင်းပြီးပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတကာဥပဒအရ မြန်မာက ကုလပဲဖြစ်ဖြစ်ဘယ်သူဖြစ်ဖြစ် ခွင့်ပြုဖို့ဆိုတဲ့ တာဝန်မရှိပါဘူး။ အခုလိုတောင်းဆိုထားတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်မှာ အခြေခံစည်းမျဉ်းတွေမရှိပါဘူး။
အပိုဒ် ၈ ကို မြန်မာနိုင်ငံအနေနဲ့ ခြွင်းချက်အနေနဲ့ချန်ထားတာကြောင့် ဒါတွေလုပ်ရမယ်လို့ တရားရုံးစီရင်ခွင့်မရှိပါဘူး။
မူရင္း 7day Tv
Be the first to comment
Leave a Reply
Your email address will not be published.
*