“အရက္သမား သူငယ္ခ်င္းေတြကို ပုိင္ဆိုင္ထားသူဟာ ကံေကာင္းသူမ်ားသာၿဖစ္ေႀကာင္း ေလ့လာေတြ့ရွိ”

“အရက္သမား သူငယ္ခ်င္းေတြကို ပုိင္ဆိုင္ထားသူဟာ ကံေကာင္းသူမ်ားသာၿဖစ္ေႀကာင္း ေလ့လာေတြ့ရွိ”

ဘာလုိ႔ ကံေကာင္းတာလဲ.. ေျပာျပပါမယ္။ လူဆိုတာ အရက္ဝင္သြားတာနဲ႔ ဖံုးကြယ္ထားသမွ်လွ်ဳိ ႔ဝွက္ခ်က္ေတြ၊ စိတ္ရင္းအမွန္ေတြ၊ အမူအက်င့္အမွန္ေတြ ေပၚထြက္လာစျမဲပဲ မဟုတ္လား။ အရက္ေသာက္ရင္ စိတ္ထားေကာင္းသြားသလို ၊ ေသြးဆိုးသြားတာေတြလည္း ႐ွိပါတယ္

တကယ္လုိ႔ ကိုယ့္သူငယ္ခ်င္းေတြထဲမွာ ေအးေဆးေလး အျငိမ္ထုိင္ေသာက္တတ္တဲ့ သူငယ္ခ်င္းေတြ ႐ွိမယ္ဆိုရင္ေပါ့။ သူတို႔ အရက္ဝင္သြားခ်ိန္ဆို မင္းနဲ႔ပတ္သတ္ျပီး စိတ္အရင္းအမွန္ေတြကို ဖြင့္ထုတ္ပါလိမ့္မယ္။ ဒါတင္ မဟုတ္ဘူး

သေဘာေကာင္းျပီး စားထားသမွ်လည္း ႐ွင္းေပးခ်ိန္ ႐ွင္းေပးမွာပါ။ (တစ္ခ်ဳိ ႔အရက္သမားေတြက ဂုန္းဆင္းလို႔မရ ) မူးေနေပမယ့္ အကုန္သိတယ္။ စိတ္ညစ္ရင္ပဲျဖစ္ျဖစ္ ၊ ေပ်ာ္ရင္ပဲျဖစ္ျဖစ္ ” ေဟ်ာင့္ေတြ … သြားေသာက္ရေအာင္ ” ဆို ႏွစ္ခါ ေခၚစရာမလိုေအာင္ တက္ညီလက္ညီလာၾကမွာပါ။

ပင္ပန္းသမွ်ေတြကို ေသာက္ရင္း အပန္းေျဖရတာေလာက္ ေပ်ာ္စရာေကာင္းတာ မ႐ွိေတာ့ပါဘူး။ စိတ္ညစ္လို႔ ေသာက္လုိက္ရင္ ဒီအရက္သမား သူငယ္ခ်င္းေလးေတြက ေပ်ာ္ေအာင္ထားေပးဦးမွာ..မင္း ငိုမလား.. အဝငို။

တစ္ခါတည္း ဖြင့္ထုတ္လုိက္။ ခ်စ္သူက စိတ္မၾကည္ရင္ မင္းကိုအသည္းခဲြမယ္၊ အရက္သမား သူငယ္ခ်င္းေလးေတြကေတာ့ ဘယ္ခ်ိန္ျဖစ္ျဖစ္ ရယ္စရာေတြပဲ ဖန္တီးေပးမွာပါ။

တစ္ခါတစ္ေလ ဒီေကာင္ေတြမူးျပီး လာရစ္ျပန္ျပီဆိုျပီး စိတ္မညစ္ပါနဲ႔။ အရစ္မခံခ်င္ သူတို႔နဲ႔အတူ ေပ်ာ္ေပ်ာ္ၾကီး ေသာက္လုိက္ပါ။ အျမဲတမ္း မေခ်ာေမြ႔ႏိုင္တဲ့ ဘဝမွာ ေသာက္ေဖာ္ ေသာက္ဖက္ေလးေတြ ႐ွိေနတာကို ဂုဏ္ယူလိုက္ပါ

ေန႔စဥ္ဓူဝ စာအုပ္ၾကီးအတုိင္းေန၊ ပတ္ဝန္းက်င္ အသိုင္းဝုိင္းကို ေၾကာက္ေနရင္ ဘဝၾကီးဟာ ဘယ္ ေနေပ်ာ္စရာ ေကာင္းမလဲ။ ဒီေတာ့ အလုပ္လည္း လုပ္ ၊ ေသာက္လည္း ေသာက္။ ဘာအတြက္နဲ႔မွ စိတ္ညစ္မခံနဲ႔။ ဒီလို သူငယ္ခ်င္းေတြ႐ွိတာ မင္း သိပ္ကံေကာင္းပါတယ္။

————————

အရက်သမား သူငယ်ချင်းတွေကို ပိုင်ဆိုင်ထားသူဟာ ကံကောင်းသူများသာဖြစ်ကြောင်း လေ့လာတွေ့ရှိရ

ဘာလို့ ကံကောင်းတာလဲ.. ပြောပြပါမယ်။ လူဆိုတာ အရက်ဝင်သွားတာနဲ့ ဖုံးကွယ်ထားသမျှလျှို ့ဝှက်ချက်တွေ၊ စိတ်ရင်းအမှန်တွေ၊ အမူအကျင့်အမှန်တွေ ပေါ်ထွက်လာစမြဲပဲ မဟုတ်လား။ အရက်သောက်ရင် စိတ်ထားကောင်းသွားသလို ၊ သွေးဆိုးသွားတာတွေလည်း ရှိပါတယ်။

တကယ်လို့ ကိုယ့်သူငယ်ချင်းတွေထဲမှာ အေးဆေးလေး အငြိမ်ထိုင်သောက်တတ်တဲ့ သူငယ်ချင်းတွေ ရှိမယ်ဆိုရင်ပေါ့။ သူတို့ အရက်ဝင်သွားချိန်ဆို မင်းနဲ့ပတ်သတ်ပြီး စိတ်အရင်းအမှန်တွေကို ဖွင့်ထုတ်ပါလိမ့်မယ်။ ဒါတင်မဟုတ်ဘူး။ သဘောကောင်းပြီး စား

ထားသမျှလည်း ရှင်းပေးချိန် ရှင်းပေးမှာပါ။ (တစ်ချို ့အရက်သမားတွေက ဂုန်းဆင်းလို့မရ ) မူးနေပေမယ့် အကုန်သိတယ်။ စိတ်ညစ်ရင်ပဲဖြစ်ဖြစ် ၊ ပျော်ရင်ပဲဖြစ်ဖြစ် ” ဟျောင့်တွေ … သွားသောက်ရအောင် ” ဆို နှစ်ခါ ခေါ်စရာမလိုအောင် တက်ညီလက်ညီလာကြမှာပါ။

ပင်ပန်းသမျှတွေကို သောက်ရင်း အပန်းဖြေရတာလောက် ပျော်စရာကောင်းတာ မရှိတော့ပါဘူး။ စိတ်ညစ်လို့ သောက်လိုက်ရင် ဒီအရက်သမား သူငယ်ချင်းလေးတွေက ပျော်အောင်ထားပေးဦးမှာ..မင်း ငိုမလား.. အဝငို။

တစ်ခါတည်း ဖွင့်ထုတ်လိုက်။ ချစ်သူက စိတ်မကြည်ရင် မင်းကိုအသည်းခွဲမယ်၊ အရက်သမား သူငယ်ချင်းလေးတွေကတော့ ဘယ်ချိန်ဖြစ်ဖြစ် ရယ်စရာတွေပဲ ဖန်တီးပေးမှာပါ။

တစ်ခါတစ်လေ ဒီကောင်တွေမူးပြီး လာရစ်ပြန်ပြီဆိုပြီး စိတ်မညစ်ပါနဲ့။ အရစ်မခံချင် သူတို့နဲ့အတူ ပျော်ပျော်ကြီး သောက်လိုက်ပါ။ အမြဲတမ်း မချောမွေ့နိုင်တဲ့ ဘဝမှာ သောက်ဖော် သောက်ဖက်လေးတွေ ရှိနေတာကို ဂုဏ်ယူလိုက်ပါ။

နေ့စဉ်ဓူဝ စာအုပ်ကြီးအတိုင်းနေ၊ ပတ်ဝန်းကျင် အသိုင်းဝိုင်းကို ကြောက်နေရင် ဘဝကြီးဟာ ဘယ် နေပျော်စရာ ကောင်းမလဲ။ ဒီတော့ အလုပ်လည်း လုပ် ၊ သောက်လည်း သောက်။ ဘာအတွက်နဲ့မှ စိတ်ညစ်မခံနဲ့။ ဒီလို သူငယ်ချင်းတွေရှိတာ မင်း သိပ်ကံကောင်းပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*