႐ွာရတဲ့ပိုက္ဆံေတြအကုန္လံုးကို မိခင္ကိုပို႔ေပးၿပီး ရံုးခန္းထဲမွာထမင္းခိုးခ်က္စားခဲ့ရတဲ့ ေကာင္ေလးရဲ႕အျဖစ္

႐ွာရတဲ့ပိုက္ဆံေတြအကုန္လံုးကို မိခင္ကိုပို႔ေပးၿပီး ရံုးခန္းထဲမွာထမင္းခိုးခ်က္စားခဲ့ရတဲ့ ေကာင္ေလးရဲ႕အျဖစ္

တစ္ခ်ိဳ႕ေသာေယာက်ာၤေလးေတြဟာ သူတို႔ရဲ႕မိဘေတြကို အေတာ္ေလးခ်စ္ျမတ္ႏိုးၾကၿပီး ၊ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္အျမဲ ေက်းဇူးဆပ္ခ်င္တတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Azri Walter အမည္႐ွိတဲ့လုပ္ငန္း႐ွင္တစ္ေယာက္ဟာ ပိုက္ဆံေခြၽတာႏိုင္ဖို႔ရံုခန္းထဲထမင္းခိုးခ်က္ေနခဲ့တဲ့ ဝန္ထမ္းေကာင္ေလးရဲ႕ လူတိုင္းကိုရင္ထဲထိမိေစမဲ့အေၾကာင္းကို သူ႔ရဲ႕ Facebook စာမ်က္ႏွာေပၚမွာျပန္လည္ေဝမ်ွခဲ့ပါတယ္ ။

Azri ရဲ႕ေျပာျပခ်က္အရ ” ကြၽန္ေတာ္ရံုးခန္း႐ွိရာ အေပၚထပ္သို႔တက္သြားၿပီး တံခါးဖြင့္လိုက္ခ်ိန္မွာ ဘယ္သူမွမ႐ွိပါဘူး ၊ ဒါေပမဲ့ မီးေတြကလင္းေနတယ္ ၊ ပတ္ပတ္လည္လိုက္ၾကည့္လိုက္ေတာ့မွ စားပြဲခံုေအာက္ေလးမွာ အရိပ္ေလးေရႊ႔ေနတာကိုေတြ႔ခဲ့လို႔ ၾကက္သီးေတြထသြားတယ္ ၊ ၿပီးေတာ့ စားပြဲခံုေအာက္မွာ လႈပ္ေနတဲ့အသံ

လည္းၾကားေနရလို႔ ဘာလည္းဆိုတာ ၾကည့္လိုက္ဖို႔စိတ္ဆံုးျဖတ္ခဲ့တယ္ ၊ ေသခ်ာၾကည့္လိုက္ေတာ့မွ ကြၽန္ေတာ့္ရဲ႕ဝန္ထမ္းေကာင္ေလး Habil ျဖစ္ေနခဲ့တယ္ ၊ ဘာလုပ္ေနတာလဲ Habil ၊ ထမင္းခ်က္ေနတာလား ဆိုၿ

ပီးေမးလိုက္ခ်ိန္မွ သူက ” ေတာင္းပန္ပါတယ္ ဆရာ..ကြၽန္ေတာ္ထမင္းမစားရေသးလို႔ ထမင္းခ်က္ေနတာပါ ” ဆိုၿပီးခပ္လန္႔လန္႔ပံုစံေလးနဲ႔ သူကျပန္ေျဖခဲ့ပါတယ္ ” ဆိုၿပီး ေရးသားခဲ့ပါတယ္ ။

ထို႔ေနာက္ Azri က ” Habil မင္းဘာလို႔ေအာက္ထပ္က စားေသာက္ဆိုင္မွာ သြားၿပီးမစားတာလဲ ” ဆိုၿပီးေမးလိုက္ခ်ိန္မွာမွ Habil က ” ဒီတစ္ပတ္ ကြၽန္ေတာ္ရတဲ့ပိုက္ဆံအကုန္လံုးကို အေမ့ကိုျပန္ေပးခ်င္လို႔ ၊ အေမက ကြၽန္ေတာ့္နား ပိုက္ဆံမေတာင္းေပမဲ့လည္း ကြၽန္ေတာ္ကေပးရမယ္လို႔ထင္လို႔ပါ ၊ အဲဒါမွ ကြၽန္ေတာ့္ပိုက္ဆံေ

တြနဲ႔တျခားေမာင္ႏွမေတြအတြက္ အေမ အဝတ္အစား ၊ အစားအေသာက္ေတြ ဝယ္ေပးႏိုင္မွာပါ ” ဆိုၿပီးျပန္ေျဖခဲ့ပါတယ္ ။ Habil ရဲ႕မိခင္ဟာ တစ္ေယာက္တည္း သားသမီးအကုန္လံုးကိုေကြၽးေမြးျပဳစုခဲ့တာျဖစ္ၿပီး ၊

သူ၏ဖခင္မွာေတာ့ ေသဆံုးသြားခဲ့ရတာ ႏွစ္အနည္းငယ္ၾကာၿပီျဖစ္တဲ့အတြက္ Habil ဟာ အသက္ 19ႏွစ္ကတည္းက အျပင္အလုပ္ထြက္လုပ္ၿပီး မိသားစုကိုျပန္ေထာက္ပံ့ေနခဲ့တာပါ ။

ထို႔အျပင္ Habil က ” ဒါက ဘားမွမဟုတ္ပါဘူး ဆရာ..ကြၽန္ေတာ့္အေမ ဘယ္အခ်ိန္ထိ ကြၽန္ေတာ္တို႔နဲ႔အတူေနရမလဲဆိုတာ မသိႏိုင္ဘူး ၊ အေမ့ကို ေပ်ာ္ေစခ်င္တယ္ ၊ ဒီရဲ႕ပိုက္ဆံေတြက ေနာက္က်ရင္ ကြၽန္ေတာ္ျပ

န္႐ွာလို႔ရတယ္ ” ဆိုၿပီးေျပာျပခဲ့ပါတယ္ ။ Habil ရဲ႕စကားေတြေၾကာင့္ အလုပ္႐ွင္ Azri ဟာ အေတာ္ေလးရင္ထဲထိခံစားမိသြားခဲ့ၿပီး Habil ကို လွန္းဖက္ၿပီးႏွစ္သိမ့္ခဲ့ကာ Habil ကိုေအာက္ထပ္မွာ႐ွိတဲ့စားေသာက္ဆိုင္

သို႔ေခၚသြားၿပီး ေန႔လယ္စာဧည့္ခံေကြၽးေမြးခဲ့ပါတယ္ ။ ထို႔အျပင္ ဝန္ထမ္းေကာင္ေလးဆီကေန စိတ္ေနသေဘာထားပိုင္းမ်ားျပန္လည္သင္ယူခဲ့ရေၾကာင္းႏွင့္ အျခားသူမ်ားကပါ မိဘေတြအေပၚHabil ကဲ့သို႔စိတ္ဓာတ္မ်ိဳး ထားတတ္ေအာင္ျပန္လည္ေဝမ်ွေပးခဲ့တာျဖစ္ေၾကာင္းလည္း ေရးသားခဲ့ပါေသးတယ္။

Unicodes

ရှာရတဲ့ပိုက်ဆံတွေအကုန်လုံးကို မိခင်ကိုပို့ပေးပြီး ရုံးခန်းထဲမှာထမင်းခိုးချက်စားခဲ့ရတဲ့ ကောင်လေးရဲ့အဖြစ်

တစ်ချို့သောယောကျာၤလေးတွေဟာ သူတို့ရဲ့မိဘတွေကို အတော်လေးချစ်မြတ်နိုးကြပြီး ၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အမြဲ ကျေးဇူးဆပ်ချင်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Azri Walter အမည်ရှိတဲ့လုပ်ငန်းရှင်တစ်ယောက်ဟာ ပိုက်ဆံချွေတာနိုင်ဖို့ရုံခန်းထဲထမင်းခိုးချက်နေခဲ့တဲ့ ဝန်ထမ်းကောင်လေးရဲ့ လူတိုင်းကိုရင်ထဲထိမိစေမဲ့အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာပြန်လည်ဝေမျှခဲ့ပါတယ် ။

Azri ရဲ့ပြောပြချက်အရ ” ကျွန်တော်ရုံးခန်းရှိရာ အပေါ်ထပ်သို့တက်သွားပြီး တံခါးဖွင့်လိုက်ချိန်မှာ ဘယ်သူမှမရှိပါဘူး ၊ ဒါပေမဲ့ မီးတွေကလင်းနေတယ် ၊ ပတ်ပတ်လည်လိုက်ကြည့်လိုက်တော့မှ စားပွဲခုံအောက်လေးမှာ အရိပ်လေးရွှေ့နေတာကိုတွေ့ခဲ့လို့ ကြက်သီးတွေထသွားတယ် ၊ ပြီးတော့ စားပွဲခုံအောက်မှာ လှုပ်နေတဲ့အသံ

လည်းကြားနေရလို့ ဘာလည်းဆိုတာ ကြည့်လိုက်ဖို့စိတ်ဆုံးဖြတ်ခဲ့တယ် ၊ သေချာကြည့်လိုက်တော့မှ ကျွန်တော့်ရဲ့ဝန်ထမ်းကောင်လေး Habil ဖြစ်နေခဲ့တယ် ၊ ဘာလုပ်နေတာလဲ Habil ၊ ထမင်းချက်နေတာလား ဆိုြ

ပီးမေးလိုက်ချိန်မှ သူက ” တောင်းပန်ပါတယ် ဆရာ..ကျွန်တော်ထမင်းမစားရသေးလို့ ထမင်းချက်နေတာပါ ” ဆိုပြီးခပ်လန့်လန့်ပုံစံလေးနဲ့ သူကပြန်ဖြေခဲ့ပါတယ် ” ဆိုပြီး ရေးသားခဲ့ပါတယ် ။

ထို့နောက် Azri က ” Habil မင်းဘာလို့အောက်ထပ်က စားသောက်ဆိုင်မှာ သွားပြီးမစားတာလဲ ” ဆိုပြီးမေးလိုက်ချိန်မှာမှ Habil က ” ဒီတစ်ပတ် ကျွန်တော်ရတဲ့ပိုက်ဆံအကုန်လုံးကို အမေ့ကိုပြန်ပေးချင်လို့ ၊ အမေက ကျွန်တော့်နား ပိုက်ဆံမတောင်းပေမဲ့လည်း ကျွန်တော်ကပေးရမယ်လို့ထင်လို့ပါ ၊ အဲဒါမှ ကျွန်တော့်ပိုက်ဆံေ

တွနဲ့တခြားမောင်နှမတွေအတွက် အမေ အဝတ်အစား ၊ အစားအသောက်တွေ ဝယ်ပေးနိုင်မှာပါ ” ဆိုပြီးပြန်ဖြေခဲ့ပါတယ် ။ Habil ရဲ့မိခင်ဟာ တစ်ယောက်တည်း သားသမီးအကုန်လုံးကိုကျွေးမွေးပြုစုခဲ့တာဖြစ်ပြီး ၊

သူ၏ဖခင်မှာတော့ သေဆုံးသွားခဲ့ရတာ နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့အတွက် Habil ဟာ အသက် 19နှစ်ကတည်းက အပြင်အလုပ်ထွက်လုပ်ပြီး မိသားစုကိုပြန်ထောက်ပံ့နေခဲ့တာပါ ။

ထို့အပြင် Habil က ” ဒါက ဘားမှမဟုတ်ပါဘူး ဆရာ..ကျွန်တော့်အမေ ဘယ်အချိန်ထိ ကျွန်တော်တို့နဲ့အတူနေရမလဲဆိုတာ မသိနိုင်ဘူး ၊ အမေ့ကို ပျော်စေချင်တယ် ၊ ဒီရဲ့ပိုက်ဆံတွေက နောက်ကျရင် ကျွန်တော်ပြ

န်ရှာလို့ရတယ် ” ဆိုပြီးပြောပြခဲ့ပါတယ် ။ Habil ရဲ့စကားတွေကြောင့် အလုပ်ရှင် Azri ဟာ အတော်လေးရင်ထဲထိခံစားမိသွားခဲ့ပြီး Habil ကို လှန်းဖက်ပြီးနှစ်သိမ့်ခဲ့ကာ Habil ကိုအောက်ထပ်မှာရှိတဲ့စားသောက်ဆိုင်

သို့ခေါ်သွားပြီး နေ့လယ်စာဧည့်ခံကျွေးမွေးခဲ့ပါတယ် ။ ထို့အပြင် ဝန်ထမ်းကောင်လေးဆီကနေ စိတ်နေသဘောထားပိုင်းများပြန်လည်သင်ယူခဲ့ရကြောင်းနှင့် အခြားသူများကပါ မိဘတွေအပေါ်Habil ကဲ့သို့စိတ်ဓာတ်မျိုး ထားတတ်အောင်ပြန်လည်ဝေမျှပေးခဲ့တာဖြစ်ကြောင်းလည်း ရေးသားခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*