ကိုယ့်သီချင်းပျက်သွားမှာကိုတော့ စိုးရိမ်ခဲ့တယ်လို့ ပြောတဲ့ ဝေကြီး

ကိုယ့်သီချင်းပျက်သွားမှာကိုတော့ စိုးရိမ်ခဲ့တယ်လို့ ပြောတဲ့ ဝေကြီး






ပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ (၇)ပတ်မြောက်သီဆိုယှဉ်ပြိုင်မှုကိုတော့ မနေ့ညကပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်(၅)ယောက်စလုံးက အကောင်းဆုံး သီဆိုယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ပတ်ထက်တစ်ပတ် သီဆိုယှဉ်ပြိုင်မှုတွေအားကောင်းလာတာက အနုပညာရှင်တွေပါ ကိုယ်အားပေး

တဲ့ပြိုင်ပွဲဝင်တွေကို ကိုယ်တိုင်ကိုယ်ကျလာရောက်ဝန်းရံကြတဲ့ အထိပါ။ တစ်ပတ်ကတော့ ထင်ရှားကျော်ကြားတေးသီချင်းများနဲ့သီဆိုယှဉ်ပြိုင်တာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေအထဲမှာမှ ဘင်ဂျမင်ကတော့ ဆန်ကာတင်စာရင်းမဝင်ခင်ကတည်းက မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံခဲ့ရတာဖြစ်ပြီး မနေ့ညကယှဉ်ပြိုင်မှုမှာ ကော်နီရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ဆေး” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တာပါ

ဒီသီချင်းကိုသီဆိုယှဉ်ပြိုင်မှုနဲ့ပတ်သက်ပြီး ဝေကြီးက အဓိက ကောင်းကောင်းဆိုစေချင်တာဖြစ်ပြီး ကိုယ့်သီချင်းပျက်သွားမှာကိုတော့ စိုးရိမ်ခဲ့တယ်လို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ လူတိုင်းက Perfect မဖြစ်တဲ့အပြင် Live သီဆိုရတာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေအတွက်လဲ တော်တော်ခက်ခဲပါတယ်လို့ ဝေကြီးက သူ့ရဲ့အမြင်တွေကို ပြောပြခဲ့ပါသေးတယ် ။

တစ်ခုစိုးရိမ်တာက မကော်သီဆိုသွားတာ အရမ်းကောင်းတယ်ဆိုတော့ သူသာတစ်ခုခုဖြစ်သွားရင် အပြောခံရမှာ ဆိုတော့ အဲ့တစ်ခုကို အရမ်းစိုးရိမ်ခဲ့ပါတယ်တဲ့ ။ ဒီညီလေး ဆိုရော ဆိုနိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ပေမယ့် အကောင်းဆုံးသီဆိုသွားနိုင်ခဲ့ပါတယ်လို့ ဝေကြီးကပြောပြခဲ့ပါတယ် ။ပရိတ်သတ်ကြီးရော ဘင်ဂျမင်သီဆိုသွားတာကို အားရကျေနပ်ခဲ့ရဲ့လား။

Be the first to comment

Leave a Reply

Your email address will not be published.


*