Unicodes
Myanmar Idol Top 11 ကနေ ထွက်ခွါခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေကို ပြန်လည်ဘုတ်ပေးပီး နောက်တစ်ကြိမ် သီဆိုယှဉ်ပြိုင်ခွင့်ရမယ့် Wild Card စနစ်ကို ကြေငြာ ရုပ်သံ
မြန်မာအိုင်ဒေါ တော့11ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွါခဲ့ရတဲ့ ပြိုင်ပွဲဝင်များထဲက ကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်တစ်ဦးကို ပြန်လည်ခေါ်ယူခွင့်ရှိတဲ့ အခွင့်အရေးကို ကြေငြာလိုက်ပါတယ်။
wild card အသုံးပြုပီးတော့ ခေါ်ယူရမှာဖြစ်ပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ အီးမေးလ် သို့မဟုတ် ဖေ့ဘုတ်အကောင့်နဲ့ mmidonlinevote.com/wildcard လိပ်စာကနေတဆင့်ဝင်ရောက်ပီး အခမဲ့ဘုတ်ပေးနိုင်တယ်လို့သိရပါတယ်။
ကိုယ်နှစ်သက်တဲ့ ပြိုင်ပွဲဝင်တစ်ဦးတည်းကို တစ်ကြိမ်တည်းသာ ဘုတ်ပေးခွင့်ရရှိမှာဖြစ်ပါတယ်။ လောလောဆယ် mmidonlinevote.com/wildcard ကို ဝင်ကြည့်ရာမှာတော့ ဝက်ဆိုဒ် အယ်ရာတက်နေပီး ဝင်းရောက်ကြည့်ရှု့သူ သို့မဟုတ် မဲပေးသူ များလွန်းနေလို့လားမသိပါ လုံး၀၀င်လို့မရပါ။
ဘုတ်ပေးခွင့် အချိန်ကတော့ 13.12.2019 သောကြာနေ့ညကနေ 14.12.2019 စနေနေ့ည 11 နာရီအထိသာ ပေးခွင့်ရမာဖြစ်ပါတယ်။
ကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို မြန်မာအိုင်ဒေါ စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလာစေချင်တယ်ဆိုရင်တော့ အခုပဲ ဘုတ်ပေးလိုက်ပါဗျာ။ ဘုတ်ပေးရွေးချယ်ရမယ့် ပြိုင်
ဝင်များမှာ ချူးစစ်ဟန် VN-77705၊ နေလင်းကျော် VN-77709 ၊ နှင်းအိအိဝင်း VN-77707 ၊ တန်ခွန်ကျော် VN-77704 ၊ ထက်အဉ္ဇလီ VN-77706 ၊ နော်စေစေထူး VN-77703 နဲ့ ယော်ကီး VN-77701 တို့ပဲဖြစ်ပါတယ်။ ဘုတ်အများဆုံးရတဲ့ ပြိုင်ပွဲဝင်ကတော့ wild card နဲ့အတူ မြန်မာအိုင်ဒေါစင်မြင့်ထက်မှာ ပြန်လည် ယှဉ်ပြိုင်ခွင့်ရမာဖြစ်ပါတယ်။
နောက်တစ်ပါတ်မှာတော့ တော့ပ်ဖိုးပြိုင်ပွဲဝင်တေနဲ့အတူ wild card winner တို့မှ မြန်မာ့ရုပ်ရှင် ဇာတ်ဝင်တေးတစ်ပုဒ်နဲ့ နောက်ထပ်တေးတစ်ပုဒ် စုစုပေါင်း နှစ်ပုဒ်စီနှုန်းဖြင့် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ မြန်မာရုပ်ရှင် ထူးချွန်ဆု သို့မဟုတ် အကယ်ဒမီပေးပွဲနီးလာလို့ ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင်ဇာတ်ဝင်တေးကို သီဆိုယှဉ်ပြိုင်စေတာဖြစ်တယ်လို့လည်း ပြောပါတယ်။
နောက်ထပ် ပြိုင်ရမယ့်သီချင်းအမျိုးအစားကိုတော့ မြန်မာအိုင်ဒေါ အော့ဖစ်ရှယ်ပေ့မှာ ကြေငြာပေးသွားမယ်လို့လည်း သိရပါတယ်။
ကဲ ပြိုင်ပွဲက ထွက်ခွါခဲ့ရတဲ့ ပြိုင်ပွဲဝင်လေးတွေအတွက် မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာသလို အားပေးကြတဲ့ ပရိတ်သတ်ကြီးအတွက်လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ဝင်ကို နောက်တစ်ကြိမ်မျှော်လင့်ခွင့် အခွင့်အရေးရရှိလာတာဖြစ်လို့ ဝမ်းသာမိပါတယ်။
သို့သော်လည်း ပရိတ်သတ်နဲ့ ပြိုင်ပွဲဝင်တွေကို တကယ့်စေတနာနဲ့ အခွင့်ရေးပေးလိုက်တာလား ဘုတ်တင်မက်ဆေ့တွေရောင်းစားချင်လို့ ငွေတေထပ်ရဖို့ တမင်တကာဖန်တီးတာလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်အတွက် အခမဲ့ တစ်ဘုတ်တည်းနဲ့ ပြန်လည်ရွေးချယ်ခွင့်ကိုရလို့ လောလောဆယ်ကျေနပ်မိပါတယ်ခင်များ။ #သာဂိ
Be the first to comment
Leave a Reply
Your email address will not be published.
*