ဝမ္းနည္းဖို႔ေကာင္းတဲ့ သတိေပး စာတေစာင္အေၾကာင္း

ဝမ္းနည္းဖို႔ေကာင္းတဲ့ သတိေပး စာတေစာင္အေၾကာင္း

ျမန္မာႏိုင္ငံဟာ က်န္းမာေရးေစာင့္ေရွာက္မႈၫႊန္းကိန္းေတြမွာ အနိမ့္ဆုံးျဖစ္ၿပီး စစ္တမ္းထဲမွာ ပါတဲ့ ႏိုင္ငံေပါင္း (၁၉၀) မွာ အဆင့္ (၁၉၀) ရရွိေနတာကို သိရွိၿပီး ျဖစ္ၾကမွာပါ။ က်န္းမာေရးေစာင့္ေရွာက္မႈ အနိမ့္ဆုံး ႏိုင္ငံျ

ဖစ္တဲ့အတြက္ ေဆး႐ုံ၊ ခြဲစိတ္ခန္း၊ ဓာတ္ခြဲခန္း စတဲ့ အေျခခံအေဆာက္အအုံေတြ ရွားပါးတဲ့အျပင္ ဆရာဝန္၊ သူနာျပဳ၊ ေဆးအကူ စတဲ့ ဝန္ထမ္းေတြရဲ႕ အင္အားဟာ လည္း အလြန္နည္းပါးပါတယ္။

အဆိုးဆုံးကေတာ့ ျပည္သူေတြဟာ က်န္းမာေရး အသိပညာေတြ နိမ့္ပါးေနာက္က်ေနၾကတာပဲ ျဖစ္ပါတယ္။ ေဆး႐ုံနဲ႔ လူနာအခ်ိဳး မညီမွ်ျခင္း၊ လူနာနဲ႔ ဆရာဝန္ အခ်ိဳး မညီမွ်ျခင္းေတြေၾကာင့္ ဆရာဝန္ေတြဟာ လိုအပ္သည္ထက္ ပိုမို အလုပ္လုပ္ရတာေၾကာင့္ လုပ္ငန္းခြင္ ေပ်ာ္႐ႊင္မႈေတြ အနိမ့္ဆုံးကို ေရာက္ေနၾကပါတယ္။

အဲဒီအခ်ိန္မွာ မသိနားမလည္တဲ့ လူနာေတြေၾကာင့္ ကုသေရးပိုင္းေတြမွာ အေႏွာင့္အယွက္ ျဖစ္လာႏိုင္ပါတယ္။ အဲဒီလို အေၾကာင္းတရားေတြ ေပါင္းစုံလာၾကတဲ့ အခ်ိန္မွာ ပုံမွာ ပါတဲ့ စာလို ၾကမ္းတမ္းတဲ့ စာမ်ိဳးေတြ ျဖစ္ေပၚလာပါေတာ့တယ္။

ဒီစာကို ေရးထားရတဲ့ အေၾကာင္းအရင္း ေနာက္ခံအေၾကာင္းကို မသိေပမယ့္ ေသခ်ာတာတခုကေတာ့ ဒီစာကို ကပ္ထားတာ အစိုးရေဆး႐ုံ တခုမွာပဲ ျဖစ္ပါလိမ့္မယ္။ ေဆး႐ုံရဲ႕ စည္းကမ္း၊ ဆရာဝန္ေတြရဲ႕ စည္းကမ္းေတြကို မလိုက္နာတဲ့ လူနာေတြကို ေျခာက္လွန႔္တဲ့ စာပဲ ျဖစ္ပါေစလို႔ ဆုေတာင္းရပါတယ္။

႐ုတ္တရက္ ဒီစာကို ျမင္လိုက္ရတဲ့ ေသြးဆူသြားတဲ့ လူေတြ အေနနဲ႔လည္း ကြၽန္ေတာ္ေျပာခဲ့တဲ့ အထက္က အေၾကာင္းအရာေတြကို ဖတ္ၿပီး ေသေသခ်ာခ်ာ စဥ္းစားၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္။ ႏွစ္ ၆၀ ေက်ာ္ အဖက္ဖက္က ေနာက္က်ခဲ့ရတဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ တဦးနဲ႔ တဦး အျပစ္တင္ ဆဲဆို မေနဘဲ ကိုယ္ႏိုင္တဲ့ဖက္

က တာဝန္ယူၿပီး ဝိုင္းဝန္း လုပ္ေဆာင္ဖို႔ အခ်ိန္က်ပါၿပီ။ ကြၽန္ေတာ္တို႔ လက္ထက္မွာ ဆင္းရဲၿပီး ေအာက္က်ေနာက္က်ေနခဲ့ရေပမယ့္ ကြၽန္ေတာ္တို႔ မ်ိဳးဆက္ကိုေတာ့ တိုးတက္ဖြံ႕ၿဖိဳးၿပီး ၿငိမ္းခ်မ္းတဲ့ ေနရာကို ပို႔ေပးခဲ့ခ်င္ပါတယ္။ အဲဒါေၾကာင့္ အတူတူ ႐ုန္းၾကဖို႔ ေတာင္းဆိုလိုက္ပါရေစ

ေမာင္ေလးလုံး

Unicodes

ဝမ်းနည်းဖို့ကောင်းတဲ့ သတိပေး စာတစောင်အကြောင်း

မြန်မာနိုင်ငံဟာ ကျန်းမာရေးစောင့်ရှောက်မှုညွှန်းကိန်းတွေမှာ အနိမ့်ဆုံးဖြစ်ပြီး စစ်တမ်းထဲမှာ ပါတဲ့ နိုင်ငံပေါင်း (၁၉၀) မှာ အဆင့် (၁၉၀) ရရှိနေတာကို သိရှိပြီး ဖြစ်ကြမှာပါ။ ကျန်းမာရေးစောင့်ရှောက်မှု အနိမ့်ဆုံး နိုင်ငံြ

ဖစ်တဲ့အတွက် ဆေးရုံ၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း စတဲ့ အခြေခံအဆောက်အအုံတွေ ရှားပါးတဲ့အပြင် ဆရာဝန်၊ သူနာပြု၊ ဆေးအကူ စတဲ့ ဝန်ထမ်းတွေရဲ့ အင်အားဟာ လည်း အလွန်နည်းပါးပါတယ်။

အဆိုးဆုံးကတော့ ပြည်သူတွေဟာ ကျန်းမာရေး အသိပညာတွေ နိမ့်ပါးနောက်ကျနေကြတာပဲ ဖြစ်ပါတယ်။ ဆေးရုံနဲ့ လူနာအချိုး မညီမျှခြင်း၊ လူနာနဲ့ ဆရာဝန် အချိုး မညီမျှခြင်းတွေကြောင့် ဆရာဝန်တွေဟာ လိုအပ်သည်ထက် ပိုမို အလုပ်လုပ်ရတာကြောင့် လုပ်ငန်းခွင် ပျော်ရွှင်မှုတွေ အနိမ့်ဆုံးကို ရောက်နေကြပါတယ်။

အဲဒီအချိန်မှာ မသိနားမလည်တဲ့ လူနာတွေကြောင့် ကုသရေးပိုင်းတွေမှာ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ အဲဒီလို အကြောင်းတရားတွေ ပေါင်းစုံလာကြတဲ့ အချိန်မှာ ပုံမှာ ပါတဲ့ စာလို ကြမ်းတမ်းတဲ့ စာမျိုးတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဒီစာကို ရေးထားရတဲ့ အကြောင်းအရင်း နောက်ခံအကြောင်းကို မသိပေမယ့် သေချာတာတခုကတော့ ဒီစာကို ကပ်ထားတာ အစိုးရဆေးရုံ တခုမှာပဲ ဖြစ်ပါလိမ့်မယ်။ ဆေးရုံရဲ့ စည်းကမ်း၊ ဆရာဝန်တွေရဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့ လူနာတွေကို ခြောက်လှန့်တဲ့ စာပဲ ဖြစ်ပါစေလို့ ဆုတောင်းရပါတယ်။

ရုတ်တရက် ဒီစာကို မြင်လိုက်ရတဲ့ သွေးဆူသွားတဲ့ လူတွေ အနေနဲ့လည်း ကျွန်တော်ပြောခဲ့တဲ့ အထက်က အကြောင်းအရာတွေကို ဖတ်ပြီး သေသေချာချာ စဉ်းစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နှစ် ၆၀ ကျော် အဖက်ဖက်က နောက်ကျခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံမှာ တဦးနဲ့ တဦး အပြစ်တင် ဆဲဆို မနေဘဲ ကိုယ်နိုင်တဲ့ဖက်

က တာဝန်ယူပြီး ဝိုင်းဝန်း လုပ်ဆောင်ဖို့ အချိန်ကျပါပြီ။ ကျွန်တော်တို့ လက်ထက်မှာ ဆင်းရဲပြီး အောက်ကျနောက်ကျနေခဲ့ရပေမယ့် ကျွန်တော်တို့ မျိုးဆက်ကိုတော့ တိုးတက်ဖွံ့ဖြိုးပြီး ငြိမ်းချမ်းတဲ့ နေရာကို ပို့ပေးခဲ့ချင်ပါတယ်။ အဲဒါကြောင့် အတူတူ ရုန်းကြဖို့ တောင်းဆိုလိုက်ပါရစေ

မောင်လေးလုံး

Be the first to comment

Leave a Reply

Your email address will not be published.


*