ပန္းျခံမွာ အားကစားေလ့က်င့္သူကို အေပါက္ဆိုးဆိုးနဲ႕ ဟန္႔တားခဲ့တဲ့ စည္ပင္ဝန္ထမ္း ရဲ႕ ဗီဒီယို

ပန္းျခံမွာ အားကစားေလ့က်င့္သူကို အေပါက္ဆိုးဆိုးနဲ႕ ဟန္႔တားခဲ့တဲ့ စည္ပင္ဝန္ထမ္း ရဲ႕ ဗီဒီယို

ပရိသတ္ၾကီးေရ ၊ အားကစားျပိဳင္ပြဲေတြ လုပ္ၾကျပီဆိုတာနဲ႕ ကိုယ္ေတြရဲ႕ ေက်းရြာ၊ ရပ္ကြက္ ၊ ျမို႕ ၊ ႏိုင္ငံ ကိုယ္စားျပဳအသင္းကို ပဲ အႏိုင္ရေစခ်င္ၾကတာပါ။ ဒီေန႔မွာေတာ့ ရန္ကုန္ျမို႕ ပန္းျခံတစ္ခုမွာ အားကစားေလ့က်င့္ေနတဲ့ လူတစ္ေယာက္ကို စည္ပင္က ဟန္႕တားခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုထြက္ေပၚလာပါတယ္။

ပန္းျခံလို႕ဆိုလိုက္တာနဲ႕ ထီးေလးကြယ္ျပီး ျဖစ္ခ်င္တိုင္းျဖစ္ေနၾကတဲ့ အတြဲေတြ ၊ မူးယစ္ေသာက္စားေနတဲ့ သူေတြကို ဟန္႔တားတာ ၊ အေရးယူတာေတြမလုပ္ခဲ့ဘဲ ၊ အခုလို သန္ရာအားကစားတစ္ခုကို လာေရာက္ ဟန္႔တား ခဲ့တဲ့လုပ္ရပ္က အားကစားခ်စ္ၾကတဲ့ သူေတြကို ေဒါသထြက္ေစခဲ့တာပါ။

ဟန္႔တားခံရတဲ့ အားကစားသမားက အခုလိုေလ့က်င့္ဖို႕အတြက္ အထက္အဆင့္ဆင့္ကိုစာတင္ခဲ့ေပမယ့္ စည္ပင္က ခြင့္ျပဳမျပဳ အေၾကာင္းၾကားတာမ်ိဳး ျပန္လည္မလုပ္ခဲ့ဘူး လို႕ ဆိုပါတယ္။ ယခင္ကလည္း သခင္ျမပန္းျခံအပါအဝင္ တျခားပန္းျခံေတြမွာ ေဆာ့ကစားလို႕ရေပမယ့္

စည္ပင္က အဆိုပါ ပန္းျခံတစ္ခုတည္းအတြက္ ခြင့္ျပဳမိန္႕မရခဲ့တာလို႕ဆိုပါတယ္။ အားကစားသမား ကို စည္ပင္ က ဝန္ထမ္းအမ်ိဳးသမီး ရဲ႕ ေျဖရွင္းခ်က္ဟာ ယုတၱိမတန္ခဲ့တာကိုေတြ႕ရပါတယ္. အဆိုပါအေၾကာင္းအရာကို နိုင္ငံေက်ာ္ မာရသြန္သမားျဖစ္တဲ့MYAT THU – Tri Smith က ဖြင့္ခ်ခဲ့တာပါ ။

“Public ပန္းၿခံမွာအရက္ထိုင္ေသာက္ေနတဲ့ လူေတြရွိတယ္(လာမတားဘူး)ေဆးအေရာင္းအဝယ္ လုပ္ေနတဲ့ သူေတြရွိတယ္(မသိလိုက္ဘူး)အားကစား လာလုပ္တယ္(ထူးဆန္းတယ္ဆို ခြင့္ျပဳမိန႔္ရဖို႔စာတင္ရမယ္… အႏၲရာယ္ ရွိလို႔တဲ့)ဘယ္အရာေတြက ပိုအႏၲရာယ္ရွိတာလဲ?

အားကစား ဝါသနာပါတဲ့ လူငယ္ေတြကို အားေပးသင့္တယ္…”ျမန္မာ့အားကစား ကမာၻကိုလႊမ္းရမည္”အခု ပန္းၿခံေတာင္မလႊမ္းႏိုင္ဘူးစိတ္မေကာင္းဘူး…ဘယ္လို ခြင့္ျပဳမိန႔္ရေအာင္ လုပ္သင့္လဲ???အႀကံျပဳေပးပါ…” ဆိုျပီးေရးသားထားတာကိုေတြ႕ရပါတယ္ ။ ”

အခုလို အားကစားအတြက္ ၾကိဳးစားသူတစ္ေယာက္ကို ပိတ္ပင္ခဲ့တဲ့လုပ္ရပ္ဟာ အင္မတန္မွ အက်ဥ္းတန္တဲ့လုပ္ရပ္တစ္ခုလည္းျဖစ္ပါတယ္။ ကဲ ပရိသတ္ၾကီးေရ ဒီဗီဒီယိုေလးကို ၾကည့္ျပီး မွတ္ခ်က္ေလးေတြေပးခဲ့ၾကပါဦး။

ဗီဒီယိုဖိုင္ Source – MYAT THU – Tri Smith

unicodes

ပန်းခြံမှာ အားကစားလေ့ကျင့်သူကို အပေါက်ဆိုးဆိုးနဲ့ ဟန့်တားခဲ့တဲ့ စည်ပင်ဝန်ထမ်း ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ ၊ အားကစားပြိုင်ပွဲတွေ လုပ်ကြပြီဆိုတာနဲ့ ကိုယ်တွေရဲ့ ကျေးရွာ၊ ရပ်ကွက် ၊ မြို့ ၊ နိုင်ငံ ကိုယ်စားပြုအသင်းကို ပဲ အနိုင်ရစေချင်ကြတာပါ။ ဒီနေ့မှာတော့ ရန်ကုန်မြို့ ပန်းခြံတစ်ခုမှာ အားကစားလေ့ကျင့်နေတဲ့ လူတစ်ယောက်ကို စည်ပင်က ဟန့်တားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာပါတယ်။

ပန်းခြံလို့ဆိုလိုက်တာနဲ့ ထီးလေးကွယ်ပြီး ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ အတွဲတွေ ၊ မူးယစ်သောက်စားနေတဲ့ သူတွေကို ဟန့်တားတာ ၊ အရေးယူတာတွေမလုပ်ခဲ့ဘဲ ၊ အခုလို သန်ရာအားကစားတစ်ခုကို လာရောက် ဟန့်တား ခဲ့တဲ့လုပ်ရပ်က အားကစားချစ်ကြတဲ့ သူတွေကို ဒေါသထွက်စေခဲ့တာပါ။

ဟန့်တားခံရတဲ့ အားကစားသမားက အခုလိုလေ့ကျင့်ဖို့အတွက် အထက်အဆင့်ဆင့်ကိုစာတင်ခဲ့ပေမယ့် စည်ပင်က ခွင့်ပြုမပြု အကြောင်းကြားတာမျိုး ပြန်လည်မလုပ်ခဲ့ဘူး လို့ ဆိုပါတယ်။ ယခင်ကလည်း သခင်မြပန်းခြံအပါအဝင် တခြားပန်းခြံတွေမှာ ဆော့ကစားလို့ရပေမယ့်

စည်ပင်က အဆိုပါ ပန်းခြံတစ်ခုတည်းအတွက် ခွင့်ပြုမိန့်မရခဲ့တာလို့ဆိုပါတယ်။ အားကစားသမား ကို စည်ပင် က ဝန်ထမ်းအမျိုးသမီး ရဲ့ ဖြေရှင်းချက်ဟာ ယုတ္တိမတန်ခဲ့တာကိုတွေ့ရပါတယ်. အဆိုပါအကြောင်းအရာကို နိုင်ငံကျော် မာရသွန်သမားဖြစ်တဲ့MYAT THU – Tri Smith က ဖွင့်ချခဲ့တာပါ ။

“Public ပန်းခြံမှာအရက်ထိုင်သောက်နေတဲ့ လူတွေရှိတယ်(လာမတားဘူး)ဆေးအရောင်းအဝယ် လုပ်နေတဲ့ သူတွေရှိတယ်(မသိလိုက်ဘူး)အားကစား လာလုပ်တယ်(ထူးဆန်းတယ်ဆို ခွင့်ပြုမိန့်ရဖို့စာတင်ရမယ်… အန္တရာယ် ရှိလို့တဲ့)ဘယ်အရာတွေက ပိုအန္တရာယ်ရှိတာလဲ?

အားကစား ဝါသနာပါတဲ့ လူငယ်တွေကို အားပေးသင့်တယ်…”မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”အခု ပန်းခြံတောင်မလွှမ်းနိုင်ဘူးစိတ်မကောင်းဘူး…ဘယ်လို ခွင့်ပြုမိန့်ရအောင် လုပ်သင့်လဲ???အကြံပြုပေးပါ…” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ် ။ ”

အခုလို အားကစားအတွက် ကြိုးစားသူတစ်ယောက်ကို ပိတ်ပင်ခဲ့တဲ့လုပ်ရပ်ဟာ အင်မတန်မှ အကျဉ်းတန်တဲ့လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ ဒီဗီဒီယိုလေးကို ကြည့်ပြီး မှတ်ချက်လေးတွေပေးခဲ့ကြပါဦး။

ဗီဒီယိုဖိုင် Source – MYAT THU – Tri Smith

Be the first to comment

Leave a Reply

Your email address will not be published.


*