မင္းကြန္းမွ (၁၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ကို တ႐ုတ္သို႔ ေရာင္းစားခဲ့သူတစ္ဦးကို ဖမ္းမိ

မင္းကြန္းမွ (၁၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ကို တ႐ုတ္သို႔ ေရာင္းစားခဲ့သူတစ္ဦးကို ဖမ္းမိ

စစ္ကိုင္းၿမိဳ႕နယ္ မင္းကြန္းေဒသမွ အသက္(၁၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္တစ္ဦးကို တ႐ုတ္ျပည္သို႔ ေရာင္းစားခဲ့သူမ်ားထဲမွ မထက္ ဆိုသူကို လူကုန္ကူးမႈ ထပ္မံက်ဴးလြန္စဥ္ ဖမ္းဆီရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ဒီဇင္ဘာ(၁၂)ရက္ နံနက္ပိုင္းက မႏၲေလး-လားရႈိးကားလမ္း (၁၆)မိုင္ဂိတ္တြင္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦး ပါဝင္ေသာ လူကုန္ကူးပြဲစား သုံးဦးက အမ်ိဳးသမီးႏွစ္ဦးကို တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူးရန္ ေခၚေဆာင္

လာစဥ္ ဖမ္းဆီးရမိခဲ့ရာမွ မင္းကြန္းေဒသေန အသက္(၁၄)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ကို လူကုန္ကူးခဲ့သူျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စု (မႏၲေလး)မွ ရဲမႉးမ်ိဳးဇင္က Mandalay In-depth News သို႔ ေျပာသည္။

“ေကာင္မေလးႏွစ္ေယာက္ကို ေခၚလာတာနဲ႔ ေတြ႕ၿပီး ဖမ္းဆီးလိုက္တာ။ သူတို႔ဖုန္းထဲ ေျပာထားတဲ့ ဟာေတြအရ မဝင္းျမတ္သူကို ေရာင္းစားခဲ့တယ္ဆိုတာ ေပၚလြင္ခဲ့တာ” ဟု ရဲမႉးမ်ိဴးဇင္က ေျပာသည္။

လူကုန္ကူးမႈျဖင့္ အမႈဖြင့္ခံရသူ မထက္ / Photo – လူကုန္တား ရဲတပ္ဖြဲ႕

ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၁၉)ရက္က စစ္ကိုင္းၿမိဳ႕နယ္ မင္းကြန္းတိုက္နယ္မွ အသက္(၁၄)ႏွစ္အ႐ြယ္ မဝင္းျမတ္သူကို ပေထြးျဖစ္သူ၏ အမေတာ္စပ္သူ မစန္းစန္းမူက မႏၲေလးၿမိဳ႕ရွိ လက္ဖက္ရည္ဆိုင္မွတဆင့္ တ႐ုတ္နယ္

စပ္ မူဆယ္ၿမိဳ႕သို႔ ေခၚေဆာင္လာကာ မထက္ဆိုသူထံ အပ္ႏွံေရာင္းစားခဲ့‌ေၾကာင္း၊ မထက္ကလည္း မဝင္းျမတ္သူကို တ႐ုတ္ႏိုင္ငံရွိ အမည္မသိ အမ်ိဳးသမီးႏွစ္ဦးထံ ထပ္မံေရာင္းစားခဲ့ျခင္း ျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ထိုသို႔ တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူးခံရသည့္ အသက္(၁၄)ႏွစ္အ႐ြယ္ မဝင္းျမတ္သူကို ျပန္လည္ကယ္တင္ႏိုင္ျခင္း မရွိေသးဘဲ စုံစမ္းေနခ်ိန္ ၎ကို လူကုန္ကူးခဲ့သူမ်ားထဲမွ မထက္ဆိုသူကို ဖမ္းဆီးရမိျခင္း ျဖစ္သည္။

ဒီဇင္ဘာ(၁၂)ရက္ နံနက္ပိုင္းက အသက္(၃၀)ေက်ာ္အ႐ြယ္ အမ်ိဳးးသမီးႏွစ္ဦးကို တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားရန္ ေခၚေဆာင္လာသည့္ အမ်ိဳးသမီးႏွစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးပါ လူပြဲစားသုံးဦးကို မႏၲေလးၿမိဳ႕အထြက္ (၁၆)မိုက္စစ္ေဆးေရးဂိတ္တြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးႏိုင္ခဲ့သည္။

အဆိုပါ လူကုန္ကူးပြဲစား သုံးဦးကို စစ္ေဆးရာ အသက္(၃၉)ႏွစ္အ႐ြယ္၊ မထက္ (ခ) ဇင္မာေအး(ခ) ညိဳျပာေအး ႏွင့္ အသက္(၃၇)ႏွစ္အ႐ြယ္ မသီတာေအး ညီအမ၊ ကန္သာယာရပ္ကြက္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေနသူႏွင့္ အသက္(၂၁)ႏွစ္အ႐ြယ္ ႏိုင္လင္းကို သန္လွ်င္ၿမိဳ႕နယ္ ရန္ကုန္တိုင္းေနသူတို႔ ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

လူကုန္ကူးမႈျဖင့္ အမႈဖြင့္ရသည့္ မသီတာေအး /Photo – လူကုန္တားရဲတပ္ဖြဲ႕

ထို႔ေနာက္ ဆက္လက္စစ္ေဆးရာ မထက္ဆိုသူ အမ်ိဳးသမီးသည္ မစန္းစန္းမူႏွင့္ ေပါင္းကာ မင္းကြန္းေဒသေန အသက္(၁၄)ႏွစ္အ႐ြယ္ မဝင္းျမတ္သူကို တ႐ုတ္ျပည္သို႔ ေရာင္းစားခဲ့သည့္ သက္ေသအ‌ေထာက္အထားမ်ား စစ္ေဆးရရွိသည္ဟု ရဲမႉးမ်ိဳးဇင္က ရွင္းျပသည္။

အဆိုပါ လူပြဲစားမ်ားသည္ အျခား လူကုန္ကူးမႈမ်ားလည္း က်ဴးလြန္ထားသည္ဟု ယူဆရၿပီး လက္ရွိတြင္ ဆက္လက္စစ္ေဆးေနဆဲဟု ရဲမႉးမ်ိဳးဇင္က ဆိုသည္။

လူကုန္ကူးမႈျဖင့္ အဖြင့္ခံရသူ ႏိုင္လင္းကို

၎ လူပြဲစားမ်ားႏွင့္အတူ တ႐ုတ္ဇနီးမယားအျဖစ္ လုပ္ကိုင္ရန္ လိုက္ပါလာသည့္ အမ်ိဳးသမီးႏွစ္ဦးမွာ အသက္(၃၀)ေက်ာ္အ႐ြယ္မ်ားျဖစ္ၿပီး မႏၲေလးႏွင့္ ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူမ်ားျဖစ္ကာ တ႐ုတ္ႏိုင္ငံတြင္ တ႐ုတ္

ဇနီးမယားအျဖစ္ လုပ္ကိုင္ပါက တစ္ႏွစ္လွ်င္ ေငြက်ပ္သိန္း(၄၀) ရရွိမည္ျဖစ္ေၾကာင္း ေျပာဆိုသျဖင့္ ေငြေၾကး အခက္အခဲေၾကာင့္ လိုက္ပါလာျခင္း ျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု ၎က ေျပာသည္။

ယင္းအမႈႏွင့္ပတ္သက္၍ မထက္ အပါအဝင္ လူပြဲစားသုံးဦးကို မႏၲေလးၿမိဳ႕ မဟာေအာင္ေျမ ၿမိဳ႕မရဲစခန္းတြင္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/၃၂ျဖင့္ အမႈ႕ဖြင့္ဖမ္းဆီး စစ္ေဆးလွ်က္ရွိသည္။

တ႐ုတ္ႏိုင္ငံသို႔ ေရာင္းစားခံရၿပီး တစ္လေက်ာ္ၾကာ အဆက္အသြယ္ မရျဖစ္ေနသည့္ စစ္ကိုင္း မင္းကြန္းေဒသမွ အသက္(၁၄)ႏွစ္အ႐ြယ္ မဝင္းျမတ္သူ

ႏိုဝင္ဘာ(၁၉)ရက္ကတည္းက တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူးခံခဲ့ရသည့္ မင္းကြန္းေဒသေန အသက္(၁၄)ႏွစ္အ႐ြယ္ မဝင္းျမတ္သူမွာ လက္ရွိအခ်ိန္ တစ္လနီးပါးၾကာသည္ထိ မိခင္ႏွင့္ အဆက္အသြယ္ မရေသးဘဲ ေပ်ာ

က္ဆုံးေနသည္။ မဝင္းျမတ္သူမွာ တ႐ုတ္ႏိုင္ငံအတြင္းသို႔ ေရာက္ရွိသြားေသာေၾကာင့္ ၎တို႔အေနျဖင့္ ကယ္တင္ရန္ အခက္အခဲမ်ား ရွိေနၿပီး တ႐ုတ္ႏိုင္ငံ ရဲတပ္ဖြဲ႕ႏွင့္ ခ်ိတ္ဆက္ကာ ျပန္လည္ကယ္တင္ႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္ေနေၾကာင္း ရဲမႉး မ်ိဳးဇင္က ေျပာသည္။

ဒုစရိုက္သမား ၀ိသမာေလာဘသားေတြဆိုတာ သူတို႔ေငြရမယ္ဆို ဘာမဆိုလုပ္ၾကမယ့္သူေတြ။ ေနာက္ဆံုး လူသတ္ဖို႔ေတာင္ ၀န္ေလးတဲ့သူေတြမဟုတ္ပါဘူး။ ကိုယ့္ဘက္က အစစအရာရာ သတိ၀ီရိယေနနဲ႔ၾကဖို႔၊ မိသားစုစည္းစည္းလံုးလံုး တိုင္တိုင္ပင္ပင္ေနၾကဖို႔၊ သြားမယ့္လာမယ့္ေနရာ၊ လုပ္ကိုင္မယ့္အလုပ္၊ သြားမယ့္

လာမယ့္အခ်ိန္၊ ေပါင္းသင္းေတြ႔ဆံုမယ့္လူေတြ စတဲ့အရာေတြကို သြားသင့္မသြားသင့္ လုပ္သင့္မလုပ္သင့္ ယံုၾကည္သင့္မယံုၾကည္သင့္ ေသခ်ာစဥ္းစားၾကပါဗ်ာ။ ျဖစ္ခဲ့ရင္ အင္မတန္ဒုကၡေရာက္ၾကရပါတယ္။ လူအခ်င္းခ်င္းလွည့္ပတ္ျခင္း ကင္းရွင္းၾကပါေစဗ်ာ…..

Mandalay Indepth News

Unicodes

မင်းကွန်းမှ (၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်သို့ ရောင်းစားခဲ့သူတစ်ဦးကို ဖမ်းမိ

စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်ပြည်သို့ ရောင်းစားခဲ့သူများထဲမှ မထက် ဆိုသူကို လူကုန်ကူးမှု ထပ်မံကျူးလွန်စဉ် ဖမ်းဆီရမိခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ(၁၂)ရက် နံနက်ပိုင်းက မန္တလေး-လားရှိုးကားလမ်း (၁၆)မိုင်ဂိတ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်သော လူကုန်ကူးပွဲစား သုံးဦးက အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးရန် ခေါ်ဆောင်

လာစဉ် ဖမ်းဆီးရမိခဲ့ရာမှ မင်းကွန်းဒေသနေ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်ကို လူကုန်ကူးခဲ့သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲမှူးမျိုးဇင်က Mandalay In-depth News သို့ ပြောသည်။

“ကောင်မလေးနှစ်ယောက်ကို ခေါ်လာတာနဲ့ တွေ့ပြီး ဖမ်းဆီးလိုက်တာ။ သူတို့ဖုန်းထဲ ပြောထားတဲ့ ဟာတွေအရ မဝင်းမြတ်သူကို ရောင်းစားခဲ့တယ်ဆိုတာ ပေါ်လွင်ခဲ့တာ” ဟု ရဲမှူးမျိူးဇင်က ပြောသည်။

လူကုန်ကူးမှုဖြင့် အမှုဖွင့်ခံရသူ မထက် / Photo – လူကုန်တား ရဲတပ်ဖွဲ့

ပြီးခဲ့သည့် နိုဝင်ဘာ(၁၉)ရက်က စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်မှ အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူကို ပထွေးဖြစ်သူ၏ အမတော်စပ်သူ မစန်းစန်းမူက မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်မှတဆင့် တရုတ်နယ်

စပ် မူဆယ်မြို့သို့ ခေါ်ဆောင်လာကာ မထက်ဆိုသူထံ အပ်နှံရောင်းစားခဲ့‌ကြောင်း၊ မထက်ကလည်း မဝင်းမြတ်သူကို တရုတ်နိုင်ငံရှိ အမည်မသိ အမျိုးသမီးနှစ်ဦးထံ ထပ်မံရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူကို ပြန်လည်ကယ်တင်နိုင်ခြင်း မရှိသေးဘဲ စုံစမ်းနေချိန် ၎င်းကို လူကုန်ကူးခဲ့သူများထဲမှ မထက်ဆိုသူကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဒီဇင်ဘာ(၁၂)ရက် နံနက်ပိုင်းက အသက်(၃၀)ကျော်အရွယ် အမျိုးးသမီးနှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် ခေါ်ဆောင်လာသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးပါ လူပွဲစားသုံးဦးကို မန္တလေးမြို့အထွက် (၁၆)မိုက်စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ လူကုန်ကူးပွဲစား သုံးဦးကို စစ်ဆေးရာ အသက်(၃၉)နှစ်အရွယ်၊ မထက် (ခ) ဇင်မာအေး(ခ) ညိုပြာအေး နှင့် အသက်(၃၇)နှစ်အရွယ် မသီတာအေး ညီအမ၊ ကန်သာယာရပ်ကွက် ချမ်းမြသာစည်မြို့နယ် နေသူနှင့် အသက်(၂၁)နှစ်အရွယ် နိုင်လင်းကို သန်လျှင်မြို့နယ် ရန်ကုန်တိုင်းနေသူတို့ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လူကုန်ကူးမှုဖြင့် အမှုဖွင့်ရသည့် မသီတာအေး /Photo – လူကုန်တားရဲတပ်ဖွဲ့

ထို့နောက် ဆက်လက်စစ်ဆေးရာ မထက်ဆိုသူ အမျိုးသမီးသည် မစန်းစန်းမူနှင့် ပေါင်းကာ မင်းကွန်းဒေသနေ အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူကို တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် သက်သေအ‌ထောက်အထားများ စစ်ဆေးရရှိသည်ဟု ရဲမှူးမျိုးဇင်က ရှင်းပြသည်။

အဆိုပါ လူပွဲစားများသည် အခြား လူကုန်ကူးမှုများလည်း ကျူးလွန်ထားသည်ဟု ယူဆရပြီး လက်ရှိတွင် ဆက်လက်စစ်ဆေးနေဆဲဟု ရဲမှူးမျိုးဇင်က ဆိုသည်။

လူကုန်ကူးမှုဖြင့် အဖွင့်ခံရသူ နိုင်လင်းကို

၎င်း လူပွဲစားများနှင့်အတူ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန် လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးမှာ အသက်(၃၀)ကျော်အရွယ်များဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်မြို့တွင် နေထိုင်သူများဖြစ်ကာ တရုတ်နိုင်ငံတွင် တရုတ်

ဇနီးမယားအဖြစ် လုပ်ကိုင်ပါက တစ်နှစ်လျှင် ငွေကျပ်သိန်း(၄၀) ရရှိမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ငွေကြေး အခက်အခဲကြောင့် လိုက်ပါလာခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်ဟု ၎င်းက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ မထက် အပါအဝင် လူပွဲစားသုံးဦးကို မန္တလေးမြို့ မဟာအောင်မြေ မြို့မရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ဖြင့် အမှု့ဖွင့်ဖမ်းဆီး စစ်ဆေးလျှက်ရှိသည်။

တရုတ်နိုင်ငံသို့ ရောင်းစားခံရပြီး တစ်လကျော်ကြာ အဆက်အသွယ် မရဖြစ်နေသည့် စစ်ကိုင်း မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူ / Photo – Kyaw Kyaw Fb.

နိုဝင်ဘာ(၁၉)ရက်ကတည်းက တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် မင်းကွန်းဒေသနေ အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူမှာ လက်ရှိအချိန် တစ်လနီးပါးကြာသည်ထိ မိခင်နှင့် အဆက်အသွယ် မရသေးဘဲ ပျော

က်ဆုံးနေသည်။ မဝင်းမြတ်သူမှာ တရုတ်နိုင်ငံအတွင်းသို့ ရောက်ရှိသွားသောကြောင့် ၎င်းတို့အနေဖြင့် ကယ်တင်ရန် အခက်အခဲများ ရှိနေပြီး တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ ပြန်လည်ကယ်တင်နိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း ရဲမှူး မျိုးဇင်က ပြောသည်။

ဒုစရိုက်သမား ဝိသမာလောဘသားတွေဆိုတာ သူတို့ငွေရမယ်ဆို ဘာမဆိုလုပ်ကြမယ့်သူတွေ။ နောက်ဆုံး လူသတ်ဖို့တောင် ဝန်လေးတဲ့သူတွေမဟုတ်ပါဘူး။ ကိုယ့်ဘက်က အစစအရာရာ သတိဝီရိယနေနဲ့ကြဖို့၊ မိသားစုစည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်နေကြဖို့၊ သွားမယ့်လာမယ့်နေရာ၊ လုပ်ကိုင်မယ့်အလုပ်၊ သွားမယ့်

လာမယ့်အချိန်၊ ပေါင်းသင်းတွေ့ဆုံမယ့်လူတွေ စတဲ့အရာတွေကို သွားသင့်မသွားသင့် လုပ်သင့်မလုပ်သင့် ယုံကြည်သင့်မယုံကြည်သင့် သေချာစဉ်းစားကြပါဗျာ။ ဖြစ်ခဲ့ရင် အင်မတန်ဒုက္ခရောက်ကြရပါတယ်။ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေဗျာ…..

Mandalay Indepth News

Be the first to comment

Leave a Reply

Your email address will not be published.


*