ၿမိဳ႕တြင္းက ကားမ်ား ၿမိဳ႕ျပင္က ဆီဆိုင္ကို ဆီထြက္ဝယ္တာေတာင္ ျဖတ္သန္းေၾကးေကာက္တယ္ဟုဆိုကာ ကားသမားမ်ား ဆႏၵျပ

ၿမိဳ႕တြင္းက ကားမ်ား ၿမိဳ႕ျပင္က ဆီဆိုင္ကို ဆီထြက္ဝယ္တာေတာင္ ျဖတ္သန္းေၾကးေကာက္တယ္ဟုဆိုကာ ကားသမားမ်ား ဆႏၵျပ

စစ္ကိုင္းတိုင္းေဒသႀကီး ျမင္းမူၿမိဳ႕ရွိ မုံရြာ-မႏၲေလးလမ္းေပၚက လမ္းအသုံးျပဳခေကာက္ခံေရး တိုးဂိတ္ကို ဖယ္ရွားေပးရန္ ျမင္းမူၿမိဳ႕တြင္ရွိေသာ ကားသမားမ်ားႏွင့္ ျမင္းမူၿမိဳ႕နယ္ အတြင္းရွိ ျမင္းမူၿမိဳ႕သို႔ ကုန္သြယ္သြားလာေနေသာ ေက်းရြာ ကားသမားမ်ားစုေပါင္းၿပီး ဒီကေန႔ ဒီဇင္ဘာလ ၂၃ ရက္ေန႔တြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

၂မိုင္၊ ၃မိုင္ေလာက္သာ သုံးတဲ့ ေဒသခံ ကားေတြဟာလည္း မုံရြာ၊မႏၲေလး ေၾကး အတိုင္း ျဖတ္သန္းခေပးေနရတာေၾကာင့္ ဆႏၵျပရျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ “၂မိုင္ေလာက္ သြားတာကို မိုင္ ၃၀ ေက်ာ္ဖိုးေပးရတယ္။ ဘီးေပါက္လို႔ ဘီးျပန္ဖာလည္း ေပးရတယ္။ “ရြာကားပါ” ေျပာလည္း မရဘူး “ဟု ျမင္းမူၿမိဳ႕နယ္ ထိန္ကန္ရြာမွ ကိုတင္မိုးက ေျပာပါတယ္။

ဒီတိုးဂိတ္ႀကီးရွိေနတဲ့ အတြက္ ေဒသခံကားေတြ အားလုံးဟာ အတားအဆီးတစ္ခုျဖစ္ေနတယ္။ ျမင္းမူၿမိဳ႕မွာရွိေနတဲ့ ကားေတြအားလုံးမွာ အေႏွာက္အယွက္ အမ်ားႀကီးျဖစ္တယ္၊ ကၽြန္ေတာ္တို႔ စိတ္ထဲမွာ ဒီတိုးဂိတ္ရွိေနတဲ့ အတြက္ ၿမိဳ႕ကို ႏွစ္ျခမ္းကြဲေနတယ္လို႔ ခံစားရပါတယ္။

ကၽြန္ေတာ္တို႔ ျမင္းမူၿမိဳ႕နယ္ ေျမာက္ဘက္ျခမ္းက လာတဲ့ကားေတြအားလုံးဟာ အသြားေရာ အျပန္ေရာ ေဆာင္ေနၾကရတယ္။ ျမင္းမူၿမိဳ႕ခံကားေတြကလည္း ကုန္ရဖို႔ အတြက္ ကုန္သြားတင္႐ုံေလးေတာင္မွ ေပးေဆာင္ရပါတယ္။

အခုလို အရာေတြကို သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြနဲ႔ ၿမိဳ႕ေပၚမွာရွိတဲ့ အုပ္ခ်ဳပ္ေရး အဖြဲ႕ နဲ႔ တာဝန္ရွိတဲ့ ဌာနဆိုင္ရာေတြကပါ ေျဖရွင္းေပးလိမ့္မယ္လို႔ ေမၽွာ္လင့္ပါတယ္ဟု ဦးေဆာင္သူ ကိုမင္းမင္းမွ ေျပာသည္။

ဒီတိုးဂိတ္ရွိေနရျခင္းေၾကာင့္ လူနာအေရးေပၚကားမ်ား ျဖတ္သန္းသြားလာတဲ့အခါမ်ိဳးမွာ ၾကန႔္ၾကာေနတယ္။ ဒီတိုးဂိတ္ဟာ အျခားတိုးဂိတ္ေတြနဲ႔မတူဘူး၊ အျခား စစ္ကိုင္းလို တိုးဂိတ္မ်ိဳးေတြမွာဆို ျမန္ဆန္ပါတယ္၊ အျမဲလိုဖြင့္ေပးထားတယ္၊ ဒီတိုးဂိတ္က အေရးေပၚကားေတြျဖတ္သန္းျဖတ္လာတဲ့အခါမွာလည္း အခ်ိန္ၾကန႔္ၾကာတဲ့ အခက္အခဲေတြ အျမဲတေစ ရွိေနတတ္ပါတယ္လို႔ ျမင္းမူၿမိဳ႕ လူမႈကူညီေရး အသင္းက ဦးကိုကိုနိုင္မွ AlinnMyay(အလင္းေျမ) မီဒီယာသို႔ ေျပာသည္။

ျမင္းမူၿမိဳ႕ ၿမိဳ႕ခံ ကားပိုင္ရွင္ ကိုမင္းမင္းမွလည္း ကၽြန္ေတာ္ ဒီၿမိဳ႕က ကားပိုင္ရွင္တစ္ေယာက္ပါ။ ဧည့္သည္လာလို႔ ဒီတိုးဂိတ္နားက ထမင္းဆိုင္မွာ ထမင္းဟင္းဝယ္ဖို႔ ျဖတ္သြားရင္လည္း တစ္ေၾကာင္း (၈၀၀) ေဆာင္ရပါတယ္။ ဒီနားေလးက ခိုင္ထမင္းဆိုင္ဆိုတာ သူတို႔အားလုံးလည္းသိပါတယ္။

ဒါေတာင္ နဲနဲေလးမွ နားလည္မႈမေပးဘူး ေဆာင္ေပးရတာခ်ည္းပါပဲ၊ ဒီနားေလးမွာပဲ ဆီဆိုင္ရွိတယ္ ဆီထည့္ဖို႔ ျဖတ္သြား႐ုံေလးဆိုလည္း တစ္ေၾကာင္း ေပးေဆာင္ရေၾကာင္း ေျပာၾကားခဲ့သည္။

မုံရြာ – စစ္ကိုင္း ကားလမ္းပိုင္းမွာ ၇၂ မိုင္အတြင္း တိုးဂိတ္ ၃ ဂိတ္ျဖစ္ေနတာေၾကာင့္ လမ္းမိုင္အလယ္မွာရွိတဲ့ျမင္းမူ တိုးဂိတ္ကို ၿမိဳ႕ဖြံ့ၿဖိဳးေရး အဟန႔္အတားျဖစ္ေနလို႔ ပယ္ဖ်က္သင့္ေၾကာင္း အဆိုကို ျမင္းမူလႊတ္ေတာ္ အမတ္ ေဒၚနီလာလြင္က စစ္ကိုင္းတိုင္းလႊတ္ေတာ္မွာ တင္သြင္းခဲ့ဖူးေပမယ့္ ဒီအဆို ဟာ မွတ္တမ္းသာတင္ခံခဲ့ရတယ္လို႔ ဆႏၵျပသူမ်ား ေျပာျပခ်က္အရသိရပါတယ္။

ရိုက္ကူး အင္တာဗ်ဴး – မ်ိဳးဆင့္

unicode

မြို့တွင်းက ကားများ မြို့ပြင်က ဆီဆိုင်ကို ဆီထွက်ဝယ်တာတောင် ဖြတ်သန်းကြေးကောက်တယ်ဟုဆိုကာ ကားသမားများ ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ရှိ မုံရွာ-မန္တလေးလမ်းပေါ်က လမ်းအသုံးပြုခကောက်ခံရေး တိုးဂိတ်ကို ဖယ်ရှားပေးရန် မြင်းမူမြို့တွင်ရှိသော ကားသမားများနှင့် မြင်းမူမြို့နယ် အတွင်းရှိ မြင်းမူမြို့သို့ ကုန်သွယ်သွားလာနေသော ကျေးရွာ ကားသမားများစုပေါင်းပြီး ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂မိုင်၊ ၃မိုင်လောက်သာ သုံးတဲ့ ဒေသခံ ကားတွေဟာလည်း မုံရွာ၊မန္တလေး ကြေး အတိုင်း ဖြတ်သန်းခပေးနေရတာကြောင့် ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ “၂မိုင်လောက် သွားတာကို မိုင် ၃၀ ကျော်ဖိုးပေးရတယ်။ ဘီးပေါက်လို့ ဘီးပြန်ဖာလည်း ပေးရတယ်။ “ရွာကားပါ” ပြောလည်း မရဘူး “ဟု မြင်းမူမြို့နယ် ထိန်ကန်ရွာမှ ကိုတင်မိုးက ပြောပါတယ်။

ဒီတိုးဂိတ်ကြီးရှိနေတဲ့ အတွက် ဒေသခံကားတွေ အားလုံးဟာ အတားအဆီးတစ်ခုဖြစ်နေတယ်။ မြင်းမူမြို့မှာရှိနေတဲ့ ကားတွေအားလုံးမှာ အနှောက်အယှက် အများကြီးဖြစ်တယ်၊ ကျွန်တော်တို့ စိတ်ထဲမှာ ဒီတိုးဂိတ်ရှိနေတဲ့ အတွက် မြို့ကို နှစ်ခြမ်းကွဲနေတယ်လို့ ခံစားရပါတယ်။

ကျွန်တော်တို့ မြင်းမူမြို့နယ် မြောက်ဘက်ခြမ်းက လာတဲ့ကားတွေအားလုံးဟာ အသွားရော အပြန်ရော ဆောင်နေကြရတယ်။ မြင်းမူမြို့ခံကားတွေကလည်း ကုန်ရဖို့ အတွက် ကုန်သွားတင်ရုံလေးတောင်မှ ပေးဆောင်ရပါတယ်။

အခုလို အရာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ မြို့ပေါ်မှာရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့ နဲ့ တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေကပါ ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဟု ဦးဆောင်သူ ကိုမင်းမင်းမှ ပြောသည်။

ဒီတိုးဂိတ်ရှိနေရခြင်းကြောင့် လူနာအရေးပေါ်ကားများ ဖြတ်သန်းသွားလာတဲ့အခါမျိုးမှာ ကြန့်ကြာနေတယ်။ ဒီတိုးဂိတ်ဟာ အခြားတိုးဂိတ်တွေနဲ့မတူဘူး၊ အခြား စစ်ကိုင်းလို တိုးဂိတ်မျိုးတွေမှာဆို မြန်ဆန်ပါတယ်၊ အမြဲလိုဖွင့်ပေးထားတယ်၊ ဒီတိုးဂိတ်က အရေးပေါ်ကားတွေဖြတ်သန်းဖြတ်လာတဲ့အခါမှာလည်း အချိန်ကြန့်ကြာတဲ့ အခက်အခဲတွေ အမြဲတစေ ရှိနေတတ်ပါတယ်လို့ မြင်းမူမြို့ လူမှုကူညီရေး အသင်းက ဦးကိုကိုနိုင်မှ AlinnMyay(အလင်းမြေ) မီဒီယာသို့ ပြောသည်။

မြင်းမူမြို့ မြို့ခံ ကားပိုင်ရှင် ကိုမင်းမင်းမှလည်း ကျွန်တော် ဒီမြို့က ကားပိုင်ရှင်တစ်ယောက်ပါ။ ဧည့်သည်လာလို့ ဒီတိုးဂိတ်နားက ထမင်းဆိုင်မှာ ထမင်းဟင်းဝယ်ဖို့ ဖြတ်သွားရင်လည်း တစ်ကြောင်း (၈၀၀) ဆောင်ရပါတယ်။ ဒီနားလေးက ခိုင်ထမင်းဆိုင်ဆိုတာ သူတို့အားလုံးလည်းသိပါတယ်။

ဒါတောင် နဲနဲလေးမှ နားလည်မှုမပေးဘူး ဆောင်ပေးရတာချည်းပါပဲ၊ ဒီနားလေးမှာပဲ ဆီဆိုင်ရှိတယ် ဆီထည့်ဖို့ ဖြတ်သွားရုံလေးဆိုလည်း တစ်ကြောင်း ပေးဆောင်ရကြောင်း ပြောကြားခဲ့သည်။

မုံရွာ – စစ်ကိုင်း ကားလမ်းပိုင်းမှာ ၇၂ မိုင်အတွင်း တိုးဂိတ် ၃ ဂိတ်ဖြစ်နေတာကြောင့် လမ်းမိုင်အလယ်မှာရှိတဲ့မြင်းမူ တိုးဂိတ်ကို မြို့ဖွံ့ဖြိုးရေး အဟန့်အတားဖြစ်နေလို့ ပယ်ဖျက်သင့်ကြောင်း အဆိုကို မြင်းမူလွှတ်တော် အမတ် ဒေါ်နီလာလွင်က စစ်ကိုင်းတိုင်းလွှတ်တော်မှာ တင်သွင်းခဲ့ဖူးပေမယ့် ဒီအဆို ဟာ မှတ်တမ်းသာတင်ခံခဲ့ရတယ်လို့ ဆန္ဒပြသူများ ပြောပြချက်အရသိရပါတယ်။

ရိုက်ကူး အင်တာဗျူး – မျိုးဆင့်

Be the first to comment

Leave a Reply

Your email address will not be published.


*