Unicodes
ရန်ကုန်မြို့ တွင်ပြု‌လုပ်နေသည့် ဗစ်တိုးရီးယားအမှုအတွက် ဆန္ဒထုတ်ဖော်ပွဲ တိုက်ရိုက်ထုတ်လွင့်မှု
ဗစ်တိုးရီးယားအမှုကိုတော့ ပြည်သူတွေအားလုံး သိပြီးသား ကြားပီးသားဖြစ်ပါလိမ့်မယ်။ အခုချိန်ထိ ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ခြင်းမရှိသေးပဲ စစ်ဆေးနေဆဲပဲဖြစ်ပါတယ်။ ဒီအမှုကိစ္စနဲ့ပတ်သက်လို့ တရားခံဘက်မှ ရိုးသားမှုမရှိဘူးဆိုပီးတော့လည်း အများပြည်သူတွေဝေဖန်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သံသယ
တရားခံ အောင်ကြီးကို ဖမ်းဆီးလိုက်ပါတယ်၊ နောက်တော့ ပြန်လွှတ်လိုက်ပါတယ်။ ဒီအမှုမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံနဲ့ သက်သေခံပစ္စည်းဖြစ်တဲ့ CCTV ဗွီယိုဖိုင်များ သိုလှောင်သိမ်းဆည်းတဲ့ ဟာ့ဒ်မှာ ဗွီယိုဖိုင်တစ်ချို့ မရှိတော့တာနဲ့ပတ်သက်လို့လည်း လူထုကြားမှာ ဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။
မကြာသေးမီအချိန်ကမှ ဗစ်တိုးရီယားအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိအကြီးအကဲများရဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားလိုဘက်မှ အမည်များ နေရပ်လိပ်စာ အလုပ်ကိုင်များ ဖော်ပြမှုနဲ့ပတ်သက်ပီး ရဲကျင့်ဝတ်ချိုးဖောက်ခြင်း ဖြစ်တယ်ဆိုပီး ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ အခုအခါမှာတော့ ဗစ်တိုးရီးယားအမှု တရားမျှတမှုရ
ရှိဖို့နဲ့ ကျင့်ဝတ်ချိုးဖောက်တဲ့ ရဲတပ်ဖွဲ့အရာရှိများကို ရှုပ်ချခြင်း ဆိုပီး ပြည်သူများဆန္ဒဖော်ထုတ်လာပါတယ်။ ဗစ်တိုးရီယားအမှုမှာ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ပြည်သူများ ယုံကြည်မှုကျဆင်းလာတဲ့ လက္ခဏာဖြစ်ပါတယ်။ မှုခင်းတွေလျှော့နည်း ပပျောက်ပီး ပြည်သူများအေးချမ်းစွာနေထိုင်နိုင်ဖို့ တာဝန်အရှိဆုံး အဖွဲ့အစ
ည်းမှာ ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ အခုလို ပြည်သူနဲ့ ရဲတပ်ဖွဲ့အကြား ယုံကြည်မှုကျဆင်းလာခြင်းသည် တိုင်ပြည်အတွက် မကောင်းပါ။ ကဲဗျာ ဗစ်တိုးရီးယားအမှုလည်း အမှန်တရားအတိုင်း အမြန်ဆုံးတရားခံကိုဖော်ထုတ်နိုင်ပါေ
စ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်လည်း စည်းကမ်းပြည့်ဝသော၊ ပြည်သူဘက်ကရပ်တည်ပီး ပြည်သူ့အကျိုးစီးပွားကို ထမ်းရွက်နိုင်သော အဖွဲ့အစည်းကြီးအဖြစ် ကြိုးစားစေချင်ပါတယ်။ #သာဂိ
Be the first to comment
Leave a Reply
Your email address will not be published.
*