”အေတြ႕အၾကဳံသစ္ေတြ လိုခ်င္တဲ့ မႏူးမနပ္ ေကာင္ေလးနဲ႔ ေတြ႕ခဲ့ေသာ ည ငွက္မေလးတစ္ေယာက္ရဲ့ ေၾကကြဲစရာျဖစ္ရပ္’’…..

”အေတြ႕အၾကဳံသစ္ေတြ လိုခ်င္တဲ့ မႏူးမနပ္ ေကာင္ေလးနဲ႔ ေတြ႕ခဲ့ေသာ ည ငွက္မေလးတစ္ေယာက္ရဲ့ ေၾကကြဲစရာျဖစ္ရပ္’’…..

အသက္က ၁၇ႏွစ္ သူငယ္ခ်င္းေတြကလူပ်ိဳရည္မပ်က္ေသးတဲ့ ကၽြန္ေတာ့္ကိုဂိုဏ္းဝင္သြားေအာင္ မဂၤလာေဈး JJေအာက္မွာ … ညေမႊးပန္းသြားရွာမယ္လိုက္ခဲ့ ..ဆိုတာနဲ႔ လူငယ္ဆိုေတာ့စူးစမ္းခ်င္တဲ့ စိတ္နဲ႔ လိုက္သြားခဲ့တယ္…

ဟိုေရာက္ေတာ့ .. သားႀကီး မင္းက ဒီညအထူးဆိုေတာ့ ..မင္းတစ္ေယာက္ေရြးကြာတဲ့သူတို႔က သူတို႔ စိတ္ႀကိဳက္တစ္ေယာက္ေရြးတယ္..အဲဒီမွာ ဝိုင္းဆိုတဲ့ ေကာင္မေလးကို ကၽြန္ေတာ္စေတြ႕ခဲ့တယ္…

ေရွ႕မွာလာရပ္ျပေနတဲ့ ေကာင္မေလးေတြထက္ ..ဟိုးးး သစ္ပင္ေအာက္မွာတစ္ေယာက္တည္း ငူငူေငါင္ေငါင္ထိုင္ေနတဲ့ သူမဆီ ..ကၽြန္ေတာ္ အသာေလၽွာက္သြားတယ္..

မီးမလင္းတလင္းမွာ ..မပီဝိုးတဝါးဆယ္ေက်ာ္သက္အရြယ္ မိန္းမပ်ိဳေလးတစ္ေယာက္ ကၽြန္ေတာ့္အထင္မ်က္ရည္ေတြမ်ား ဝိုင္းေနသလား မသိပါဘူး..မင္းနာမည္ ဘယ္လိုေခၚလဲဆိုေတာ့ ..ဝိုင္းတဲ့ .. နာမည္ေမးတုန္းရွိေသးတယ္….

ေခါင္းဆိုတဲ့ လူ ေရာက္လာၿပီးညီက ဒီကေလးမေလးႀကိဳက္လို႔လားတဲ့ …ကၽြန္ေတာ့္ေခါင္းကို အသာညိတ္မိလိုက္တယ္ထင္ပါတယ္.. ကဲ ..မိဝိုင္း ထေတာ့ …အလုပ္ေပၚၿပီ …နင္စိတ္ညစ္တာေနာက္မွညစ္.. လိုက္သြား ..ေခါင္းရဲ့ စကားအဆုံးမွာ ..

ညမိမယ္ နတ္သမီးေလးတစ္ပါး ဘာဆိုဘာမွ ျပန္မေျပာပဲ အ႐ုပ္တစ္႐ုပ္လို ထလိုက္လာပါတယ္.. ဒီလိုနဲ႔ …ဝိုင္းရယ္ ..ေနာက္ေကာင္မေလးတစ္ေယာက္ရယ္ ..

ကၽြန္ေတာ္တို႔ သူငယ္ခ်င္း သုံးေယာက္ရယ္ ..ကားတစ္စီးနဲ႔ သူတို႔ ညႊန္ျပတဲ့ သူတို႔က်က္စားရာ …..တည္းခိုခန္းတစ္ခုဆီ ထြက္လာခဲ့ၾကတယ္…..

ကားေပၚမွာ ..ေရွ႕ခန္းမွာ ထိုင္ေနတဲ့ ကၽြန္ေတာ့္ကို လက္ညိဳးထိုးၿပီး ..သူငယ္ခ်င္းကေျပာတယ္ ဝိုင္း… နင့္ကို ဒီေကာင္က ဘိုင္နိမ္းနဲ႔ ေခၚလာတာေလ….

အဲလို ေျပာေတာ့.. နတ္သမီးေလး ဆီက အသံထြက္လာတယ္.. အကိုက ဝိုင္းကို သိလို႔လားတဲ့ …. ကၽြန္ေတာ္ အသာအယာပဲ ေခါင္းခါျပလိုက္ပါတယ္ ….

ကၽြန္ေတာ္မွ မသိတာ … သူ႔ကိုဘာေၾကာင့္ ေရြးခဲ့မိတယ္ဆိုတာလဲ မသိဘူး.. ကၽြန္ေတာ့္စိတ္က ခံစားခ်က္ရွိတဲ့ သူေတြကို စိတ္ဝင္စားတယ္ ထင္ပါရဲ့ ..

ဟိုတယ္ေရာက္ေတာ့ … ကၽြန္ေတာ့္ကို သူငယ္ခ်င္းေတြက ဝိုင္းနဲ႔ အတူေနဖို႔ အခန္းတစ္ခန္းေပးတယ္…..

တစ္နာရီပဲ ရမယ္ေနာ္သားႀကီး .. ငါတို႔ အားလုံး အလွည့္က်ပဲ …. လုပ္စရာရွိတာလုပ္…ရွက္ေၾကာက္မေနနဲ႔တဲ့ ေအးပါကြာ ..ဆိုၿပီး ကၽြန္ေတာ္ အခန္းထဲဝင္လိုက္ေတာ့ ဝိုင္းက ကုတင္ေပၚမွာ ထိုင္ေနေလရဲ့..

အကို .. ညီမ ေရခ်ိဳးလိုက္အုန္းမယ္ ရလားဟင္ ….တစ္ညေနလုံး ေရမခ်ိဳးရေသးလို႔ နံေစာ္ေနၿပီ ….ခြင့္ျပဳပါေနာ္တဲ့ … ရပါတယ္ ……

ကၽြန္ေတာ္လဲ လူပ်ိဳညအတြက္ ရင္ခုန္လွိုက္ေမာေနတာနဲ႔ အခ်ိန္ေလးတစ္ခုလိုအပ္ေနေသးတယ္ မဟုတ္လား….

ကၽြန္ေတာ္ အမွန္အတိုင္း ဝန္ခံပါရေစ … မေကာင္းဘူးဆိုတာ သိေပမယ့္ .. အရာရာကို စမ္းသပ္ခ်င္ေနတဲ့ ..အရြယ္ဆိုေတာ့ ကိုယ္ ဘာလုပ္ရမယ္..

ဘာေၾကာင့္ ဒီေနရာေရာက္ေနတယ္ဆိုတဲ့ စိတ္နဲ႔ စိတ္ေတြလႈပ္ရွားေနပါတယ္…

နားနဲ႔မနာ ဖဝၚးနဲ႔ နာၾကပါဗ်ာ.. ကၽြန္ေတာ့္ ေသြးသားေတြကလဲ တစ္ခုခုကို ေတာင္းဆိုေနၾကတာ ..တ႐ုန္း႐ုန္းနဲ႔ေပါ့ ေကာင္မေလး ေရခ်ိဳးသံနဲ႔ အတူ … တဝုန္းဝုန္းတဒိုင္းဒိုင္းနဲ႔ ရင္ခုန္သံစည္းခ်က္ေတြက ဝ႐ုန္းသုန္းကား ..ကၽြန္ေတာ္ ထိုင္မရ ထမရနဲ႔ ….

ကၽြန္ေတာ့္စိတ္ေတြကလဲ ဟိုးးးး အေဝးႀကီးကေန နီးလာသလို …နီးရာကေန ေဝးသြားသလို.. တစ္ခုခုကို ေတာင့္တစိတ္ေတြက ထိန္းမရ သိမ္းမရ ျဖစ္ေနတယ္ ေကာင္မေလးထြက္လာပါၿပီ …

ျဗဳန္းဆို …ေကာင္မေလး သဘတ္ကိုခၽြတ္ ေကာက္ဝတ္လိုက္တဲ့ … ရင္စည္းက … ကၽြန္ေတာ္ ျမင္ေနက် ..နိုင္ငံျခားကားေတြထဲကလို ေတာက္ေတာက္ေျပာင္ေျပာင္ လွလွပပ အရာေလးမဟုတ္ပါဘူး ….

အရြယ္မေရာက္ေသးတဲ့ မိန္းခေလးေတြ ဝတ္တဲ့ ရင္ခံအက်ီလို ဟာေလးပါ ေဟာင္းႏြမ္းစုတ္ျပတ္ၿပီး အေရာင္အဆင္းကင္းမဲ့ေနတဲ့ ရင္ခံအက်ီေလးကို ေငးၾကည့္ရင္း ေကာင္မေလး လက္တစ္စုံက .. အဲဒီအက်ီေလးရဲ့ လက္ေမာင္းသားေပၚက ႀကိဳးကေလးကို ကိုင္ၿပီး တစ္စုံတစ္ခုကိုလုပ္လိုက္ပါတယ္။

ကၽြန္ေတာ့္ စိတ္ေတြ .. အဲဒီ တခဏမွာ ..ေခ်ာက္ကမ္းပါးတစ္ခုက ၿပိဳက်သြားသလို ဟာခနဲ ျဖစ္သြားတယ္ဗ်ာ ….သူလုပ္လိုက္တဲ့အရာက …ျပတ္ေနတဲ့ ႀကိဳးႏွစ္ခုကို တြယ္ထားတဲ့ တြယ္ခ်ိတ္ေလးကို ျဖဳတ္လိုက္တာ…. တစ္ကယ္ကို ခ်ိတ္ေလးတစ္ခုပါ…

စုတ္ျပတ္ေဟာင္းႏြမ္းေနတဲ့ ရင္စည္းအက်ီမွာ ..ႀကိဳးျပတ္ေနလို႔ …တြယ္ခ်ိတ္နဲ႔ တြယ္ထားရတဲ့ အဲဒီ အက်ီေလးက လူပ်ိဳတစ္ေယာက္ရဲ့ … တဝုန္းဝုန္းၾကဲေနတဲ့ မုန္တိုင္း ရမက္ေတြကို ျဖဳတ္ဆို ေပ်ာက္ဆုံးသြားေစခဲ့တယ္….

ကၽြန္ေတာ္ လွမ္းေျပာလိုက္တယ္…ဝိုင္း … မခၽြတ္နဲ႔ေတာ့လို႔ .. အက်ီေလးထပ္ဝတ္ထားပါ ခ်မ္းေနပါမယ္ ဆိုေတာ့ … အံၾသတဲ့ မ်က္လုံးေတြနဲ႔ ကၽြန္ေတာ့္ကို လွမ္းၾကည့္တယ္….ဘာျဖစ္လို႔လဲ အကိုတဲ့ .. ဘာမွ မျဖစ္ပါဘူးကြယ္….

အကိုစကားေျပာခ်င္လို႔ပါဆိုေတာ့ . အံၾသေနတဲ့ မ်က္ဝန္းေတြနဲ႔ ကၽြန္ေတာ့္အနား ျဖည္းညႇင္းစြာကပ္လာတယ္….အကို ညီမကို မၾကည္ျဖဴလို႔လားဟင္…

ညီမက ေတာ္ေတာ္ စိတ္ညစ္စရာေကာင္းေနလို႔လားတဲ့ ကၽြန္ေတာ္ေခါင္းပဲခါျပလိုက္တယ္…

သူမရဲ့ အထာက်ေနတဲ့ မ်က္လုံးေတြက ဘယ္ညာ ရမ္းၿပီး အၾကည့္ေဝ့တစ္ခ်က္မွာ အရာအားလုံးကို သေဘာေပါက္သြားတယ္ထင္ပါရဲ့ .. ဒီလိုလုပ္ေလ ညီမကို ဖက္ထားလိုက္တဲ့ … အကို အဆင္ေျပေအာင္ပါတဲ့။

သူမေျပာတဲ့အတိုင္း ကၽြန္ေတာ္ ဖက္လိုက္ပါတယ္ ….ဟင္ … ဘာႀကီးလဲ … ကၽြန္ေတာ္ အလန႔္တၾကားလက္ကို ျပန္ဆြဲ႐ုတ္မိတယ္.. အား ..ေတာင္းပန္ပါတယ္..အကို …

တစ္ကယ္ပါ … ညီမေလ ..ညေနက ရပ္ကြက္ထဲမွာ ရန္ျဖစ္လာလို႔ …. ကၽြန္ေတာ္ ျပန္စမ္းၾကည့္တယ္…

ျပင္းထန္တဲ့ ဒဏ္ရာတစ္ခုပဲ ..ဟိုဘက္လွည့္လိုက္ဆိုေတာ့ သူမ လွည့္ျပတယ္…. ဓါးဒဏ္ရာႀကီးပါလား … ရွပ္ထိတာ ဆိုေပမယ့္ ..ေတာ္ေတာ္ေလး ျပင္းထန္တဲ့ ဒဏ္ရာပါ ဘယ္လိုျဖစ္တာလဲ ညီမရယ္ ဆိုၿပီး …

ဘယ္လိုမွ ရည္ရြယ္မထားေပမယ့္ ကၽြန္ေတာ္ ႏႈတ္က ထြက္သြားခဲ့တယ္…..

ဝိုင္း … မ်က္ဝန္းေတြမွာ ..အရည္ေတြ လဲ့လာပါတယ္…ေနာက္ သူမ သက္ျပင္းတစ္ခုခ်တယ္ ကၽြန္ေတာ့္ကို ၾကည့္တယ္……

သူ႔ၾကည့္တဲ့ ပုံစံက အကိုတစ္ေယာက္ကို ညီမတစ္ေယာက္က ရင္ဖြင့္ခ်င္တဲ့ ခံစားခ်က္မ်ိဳး … ကၽြန္ေတာ္ ေခါင္းညိတ္ျပလိုက္တယ္..

ကၽြန္ေတာ္ နားေထာင္ေပးဖို႔ အသင့္ျဖစ္ေနပါၿပီ.. ဘာေတြ ျဖစ္ခဲ့တာလဲ မိန္းမပ်ိဳေလးရဲ့ ေက်ာကုန္းက ဓၚးဒဏ္ရာဆိုတာက ေတာ္ေတာ္ေလးကို ဒြိဟျဖစ္စရာပဲမဟုတ္လား တိတ္ဆိတ္ေနတဲ့ ညမွာ ေၾကကြဲေနတဲ့ ညငွက္ေလးတစ္ေကာင္ရဲ့ စကားသံတိုးတိုးေလး ထြက္လာတယ္ ….

”ညီမ ညေနက ရပ္ကြက္ထဲမွာ ရန္ျဖစ္လာတာတဲ့ … ညီမ ေယာက်ာ္းရဲ့ မိန္းမႀကီးက ညီမကို ဓါးနဲ႔ လိုက္ခုတ္လို႔ ထြက္ေျပးခဲ့ရတယ္…ဒီ ဒဏ္ရာက ရွပ္ထိသြားတာပါ” တဲ့ ဒီလိုနဲ႔ပဲ သူမ စကားေတြ ဆက္ေျပာခဲ့တယ္…

သူမက အခုမွ ၁၆ ႏွစ္ေတာင္ မျပည့္ေသးပါဘူး … ၁၄ ႏွစ္သမီးမွာ ေယာက်ာ္းရတယ္ ရတဲ့ ေယာက်ာ္းက ေခါင္းပါ ..ဒီလိုနဲ႔ ဒီေလာကထဲေရာက္လာခဲ့တယ္..

သူမရဲ့ ဘဝအစမွာတုန္းကေတာ့ … ေကာင္းေရာင္းေကာင္းဝယ္ အေၾကာ္သည္လင္မယားႏွစ္ေယာက္ရဲ့ တစ္ဦးတည္းေသာ သမီးေလးပါတဲ့ ..

ေျပာရင္းနဲ႔ … သူမ လက္ဆြဲအိတ္ေလးကို လွမ္းယူလိုက္ပါတယ္.. ေနာက္ ေၾကမြေနတဲ့ အက်ီအစုတ္ေတြၾကားထဲကေန …

တစ္ခုခုကို ထုတ္ယူလိုက္တယ္.. မပီျပင္ဝိုးတဝါးအလင္းေရာင္မွာ သူျပခ်င္တဲ့ အရာအတြက္ အလင္းေရာင္တစ္ခုလိုအပ္တယ္ ထင္ပါရဲ့ …. အခန္းမီးကို ဖြင့္လိုက္တယ္….

အဲဒီက်မွ ..သူမလက္ထဲမွာ ကိုင္ထားတာ .. ပလက္စတစ္ေလာင္းထားတဲ့ ဓါတ္ပုံအေဟာင္းေလး တစ္ပုံ ….အဲဒီမွာ ကေလးေလးတစ္ေယာက္ ဆုတံဆပ္ေလးကိုင္လို႔ ….

.ေဘးနားမွာက ေလာကဓံေၾကာင့္ ပိန္လွီေနေပမယ့္ မိန္းမေခ်ာတို႔ ႐ုပ္ရည္ရွိတဲ့ အသက္သုံးဆယ္ေက်ာ္ အမ်ိဳးသမီးတစ္ေယာက္ … ေသခ်ာပါတယ္…

အဲဒါ သားအမိႏွစ္ေယာက္ပုံပါ ..သမီးေလးက ေက်ာင္းမွာ ဆုရ သမီးေလးနဲ႔ အေမ ဆုေလးနဲ႔ ဓါတ္ပုံတြဲရိုက္ …. ႏွစ္ေယာက္လုံးရဲ့ မ်က္ႏွာမွာ အျပဳံးေတြနဲ႔ … ဒီကေလးမေလးက ဝိုင္းမွ ဟုတ္ပါေလစ .

.ေဘးက သူ႔အေမေပါ့ .. ဝိုင္းက ငယ္ငယ္တုန္းက စာေတာ္တဲ့ ကေလးမေလးပဲ … ရင္ထဲမွာ ဆို႔နင့္သြားတယ္။

ဓါတ္ပုံေလးၾကည့္ၿပီး ငိုင္သြားတဲ့ ကၽြန္ေတာ္.. ”အဲဒါ ဝိုင္းေမေမေလ…ဝိုင္း ႏွစ္တန္းတုန္းက ဆုရတုန္းက အမွတ္တရပုံေလးပါ.. ဝိုင္းရဲ့ ပညာအရည္အခ်င္းကလဲ အဲဒီႏွစ္က ေနာက္ဆုံးပါပဲ ….

အဲဒီေနာက္ပိုင္းကေတာ့ …႐ုပ္ရွင္ေတြထဲကလိုေပါ့ အကိုရယ္… အေဖကဆုံး ..အေမက ေနာက္ေယာက်ာ္းယူ …ပေထြးက ႏွိပ္စက္ …

သမီးပါေက်ာင္းထြက္ ေဈးေရာင္း ..ေနာက္ စိတ္ဖိစီးမႈဒဏ္ေတြေၾကာင့္ အေမကဆုံး .. ပေထြးက ေျခေတာ္တင္….ေနာက္ဆုံးမွာ ဖာေခါင္းနဲ႔ ရၿပီး ဖာသည္မေလးျဖစ္သြားတယ္ေပါ့” ၿပီးေတာ့ ဟက္ဟက္ဟက္ဟက္နဲ႔ ေျခာက္ကပ္စြာ သူမ ရယ္ေမာေနခဲ့တယ္။

ဒါ ျမင္ဖူးေနက် ႐ုပ္ရွင္ေတြ ..ဖတ္ဖူးေနက် ဝထုေတြ .. ၾကားဖူးေနက် .. ညဉ့္နက္မေလးေတြရဲ့ ပါးစပ္ဖ်ားက ပုံျပင္ေတြ ဆိုၿပီး … ကၽြန္ေတာ္ ေတြးထင္ပလိုက္ခ်င္တယ္.. ဒါေပမယ့္ ..

မ်က္စိေရွ႕မွာ ျမင္ေနရတဲ့ ..ေကာင္မေလးရဲ့ မ်က္ရည္မက်တဲ့ မ်က္ဝန္းနဲ႔ ေလာကႀကီးကိုေလွာင္ျပဳံးေတြနဲ႔ ခနဲ႔တဲ့တဲ့ … မ်က္ႏွာထားေအာက္မွာ ကၽြန္ေတာ္ ဘယ္လိုလုပ္ၿပီး ..ဒါေတြက ပုံျပင္ပါလို႔ ..ေတြးထင္လို႔ ရမွာတဲ့လဲ..

ကၽြန္ေတာ္ ယုံတယ္လဲ မေျပာပါဘူး …မယုံဘူးလဲ မေျပာပါဘူး.. ဘာမွလဲ ေျပာစရာမရွိပါဘူး … သူမကလဲ ဘာမွ ဆက္မေျပာပါဘူး …ပုံမွန္အားျဖင့္ ..ဒီအခ်ိန္မွာ မ်က္ႏွာကိုလႊဲ သက္ျပင္းကိုခ် ..

တစ္ရွိုက္ရွိုက္နဲ႔ ငိုေႂကြးေနရမယ့္ မိန္းခေလးတစ္ေယာက္က ဘာလို႔မ်ား…. ကၽြန္ေတာ့္မ်က္ဝန္းေတြကို စိုက္စိုက္ၾကည့္ၿပီး တည္ၿငိမ္ေနရတာလဲ …

ကၽြန္ေတာ္ကေရာ … ဘာလို႔ အဓိပၸါယ္ဖတ္မရတဲ့ သူမမ်က္ဝန္းေတြကို ေငးၾကည့္ၿပီး ရင္ထဲမွာ စို႔နင့္နင့္ႀကီး ျဖစ္ေနရတာတုန္း.. ေအာ္ ညီမရယ္ ..ဆိုၿပီး ဖတ္လိုက္ရမွာလား ..

သူမကလဲ ဟင့္ဟင့္ဆိုၿပီး ငိုေႂကြးၿပီး ကၽြန္ေတာ့္ရင္ခြင္ထဲဝင္လာမွာလား … ဟားဟား ဒါ႐ုပ္ရွင္ရိုက္ေနတာဆိုရင္ေတာ့ …ဒီဇတ္ဝင္ခန္းက ဒီလိုရိုက္ျဖစ္သြားမွာပါ ဒါေပမယ့္ ဒါ႐ုပ္ရွင္ရိုက္ေနတာ မဟုတ္…

တစ္ကယ့္ ဘဝဆိုးႀကီးကို ဘာမွမဆိုင္တဲ့ ေကာင္ေလးတစ္ေယာက္ေရွ႕မွာ ေကာင္မေလးတစ္ေယာက္ကရင္ဖြင့္မိသြားတာ ဘာမွ မလုပ္ေပးနိုင္တဲ့ ေကာင္ေလးတစ္ေယာက္ရဲ့ ခံစားခ်က္ကေရာတစ္ကယ္ေတာ့ အဲဒီအခ်ိန္မွာ တိတ္ဆိတ္ေနတဲ့အခန္းက်ဥ္းေလးထဲမွာ လူသားႏွစ္ေယာက္ၾကား တစ္စုံတစ္ခုက က်ကြဲသြားတယ္ ….

အဲဒီ က်ကြဲသြားတဲ့ အရာက … ဘာသံမွ မထြက္ပဲ ကြဲေၾကသြားတဲ့ အသဲႏွလုံး ႏွစ္ခုပါ.. ေဒါက္ ေဒါက္ ေဒါက္ ”ေဟ့ေရာင္ ေအာင္ေသာ္ … မၿပီးေသးဘူးလား …ျမန္ျမန္ထြက္ေတာ့ ေနာက္လူေတြေစာင့္ေနတယ္.”

ကၽြန္ေတာ္ … သူမကို ျပဳံးျပလိုက္တယ္…. သူမကလဲ ျပန္ျပဳံးျပတယ္။ကၽြန္ေတာ္ ဘာႏႈတ္ဆက္စကားမွ မဆိုပဲ ..သူမအနားက ထလာခဲ့တယ္…..

ေနာက္မွ လက္ထဲပါလာတဲ့ ..သူမရဲ့ တန္ဖိုးအႀကီးဆုံး အမွတ္တရဓါတ္ပုံေလးကို ျပန္လွည့္ေပးရင္ ..ကၽြန္ေတာ္ သူမကို ေက်ာခိုင္းထြက္လာတယ္ တံခါးဝနားေရာက္မွ ..

ကၽြန္ေတာ္ လွည့္ေျပာမိတယ္ ”အကို ညီမလို ေက်ာင္းမွာ ဆုမရဖူးဘူး ..သိလား .. ညီမ အရမ္းေတာ္တယ္ ” သူမ ျပဳံးသြားတယ္ …ေက်းဇူးတင္ပါတယ္ အကို တဲ့ .. ……….

ၿပီးေတာ့ ကၽြန္ေတာ္ သူမရွိေနတဲ့ အခန္းထဲကေန ထြက္လာခဲ့တယ္..အျပင္မွာ ေစာင့္ေနတဲ့ သူငယ္ခ်င္းက ဘယ္လိုလဲ ဆိုတဲ့ အထာနဲ႔ ေမးေငါ့ျပတယ္။”ငါ ခံစားခ်က္အႀကီးႀကီးရခဲ့ပါတယ္” လို႔ ျပန္ေျဖလိုက္တယ္။

ဟဟဟဟဟ …သူငယ္ခ်င္းက ရယ္ပါတယ္. မင္းအဆင္ေျပရင္ၿပီးတာပဲ..ဟိုဘက္မွာ အခန္းတစ္ခုရွိတယ္ မင္း သြားနားေနလိုက္..

ငါ ဝင္လိုက္အုန္းမယ္ တဲ့ .. ေျပာၿပီး ..သူမရွိရာ အခန္းေလးထဲကို ဝင္သြားပါတယ္။ငါရခဲ့တဲ့ ခံစားခ်က္က မင္းထင္သလို မဟုတ္ဘူးဆိုတာ မရွင္းျပေတာ့ပါဘူး။

ရွင္းျပစရာလဲ လိုမွ မလိုတာ … ဘာမွန္းမသိတဲ့ ခံစားခ်က္ အႀကီးႀကီးတစ္ခုကိုထမ္းပိုး…. သူမနဲ႔အတူ ေပ်ာ္ပါးဖို႔ ဝင္သြားတဲ့ သူငယ္ခ်င္းေက်ာကုန္းကို ေငးၾကည့္ေနရင္းနဲ႔ကၽြန္ေတာ္ မြန္းက်ပ္လာတယ္။

တစ္ဖက္အခန္းက … မပီဝိုးတဝါး ၾကားေနရတဲ့ အသံတစ္ခ်ိဳ႕မွာ …

ကၽြန္ေတာ္စိတ္ေတြ တိမ္ထဲမွာ လြင့္ေမ်ာေနရသလိုပဲ .ကၽြန္ေတာ္ ………..၂တန္းေက်ာင္းသူအရြယ္ေကာင္မေလးတစ္ေယာက္ကို ျမင္ေနရတယ္…ေကာင္မေလးက လက္ထဲမွာ ပညာရည္ခၽြန္ဆုေလး ကိုင္ၿပီး…သူ႔ေမေမနဲ႔ ဓါတ္ပုံရိုက္ေနတယ္…..

ေနာက္ ..ေကာင္မေလးနားမွာ သူ႔ေမေမ မရွိေတာ့ဘူး ..ရမက္ျပင္းတဲ့ အၾကည့္ေတြနဲ႔ ဘီလူးသဘက္လို မိန္းမပ်ိဳေလးရဲ့ ေသြးသားကိုဝါးၿမိဳခ်င္တဲ့ လူတစ္ခ်ိဳ႕ ….

ကေလးမေလး နားကို တျဖည္းျဖည္း ဝိုင္းအုံလာၾကတယ္။ေကာင္မေလး ေၾကာက္ရြံ့စြာ ေအာ္ဟစ္ေနတယ္….

သူမ ဘဝေလး ႏွင္းဆီပန္းကေလးလို တစ္ရစ္ၿပီး တစ္ရစ္ …တစ္လႊာၿပီး တစ္လႊာအေႁခြခံေနရတယ္… ဘယ္သူမွ ကယ္မယ့္သူ မရွိဘူးအားကိုးရာလဲ မရွိဘူး ..

နာက်င္မႈေတြ အျပည့္နဲ႔ ..အရွက္ေတြကို နင္းေျခခံလိုက္ရတဲ့ … ကေလးမေလးရဲ့ႏႈတ္ခမ္းတစ္စုံက ..ၾကာေတာ့ ေလာကႀကီးကို ေလွာင္ျပဳံးေလးနဲ႔ ျပန္ျပဳံးျပတတ္ၿပီ…

သူမ မ်က္ႏွာေပၚ တေပါက္ေပါက္ က်ေနတဲ့ တဏွာရမက္ေခၽြးစက္ေတြနဲ႔မ်က္ႏွာသစ္တတ္သြားၿပီ …ညည္းညဴလွိုက္ေမာ ပင့္သက္ရွိုက္သံေတြနဲ႔အတူ..

သက္တံေရာင္ တိမ္ေတြၾကား …. ကေလးမေလးတစ္ေယာက္ မ်က္ရည္ေတြနဲ႔သူ႔ေမေမလဲ မ်က္ရည္ေတြနဲ႔ …ဆုတံဆိပ္ေလးကလဲ ေၾကမြလို႔ ….

ေနာက္ ကေလးမေလး မ်က္လုံးကိုမွိတ္ အံကိုႀကိတ္ ..အသူရာေခ်ာက္ထဲ … ပစ္ဆင္းသြားတယ္ …ကၽြန္ေတာ္ လွမ္းၿပီး ဖမ္းဆုပ္ခ်ိန္မရလိုက္ဘူး …

အလန႔္တၾကားနဲ႔ ကၽြန္ေတာ္ သူမ ခုန္ဆင္းသြားရာ ေျပးလိုက္ရင္း သူမ နာမည္ကို ေအာ္ဟစ္ေနမိတယ္။”ဝိုင္းးးးးးးးး ” ….

”ေဟ့ေရာင္ …ဝိုင္းမေနနဲ႔ ထေတာ့ မိုးလင္းေနၿပီကြ …..ဟိုေကာင္မေလးေတြလဲျပန္သြားၾကၿပီ”ကၽြန္ေတာ္ လန႔္နိုးလာတယ္….ေအာ္ မိုးေတာင္လင္းသြားၿပီ

။ေအာ္ ဒါနဲ႔ …ဝိုင္းက မင္းကို ဒါေလး ေပးေပးပါတဲ့ …ေရာ့ —ဘာေလးလဲ …..သူငယ္ခ်င္းလွမ္းေပးတဲ့ အရာေလးကို ၾကည့္လိုက္ေတာ့တြယ္ခ်ိတ္ေလးတစ္ခု ..

သူမ ရင္စည္းအက်ီက တြယ္ခ်ိတ္ေလး ဘာအတြက္နဲ႔ကၽြန္ေတာ့္ကို ေပးခဲ့တာလဲ။သူမအတြက္ မလိုအပ္ေတာ့ဘူးလား …..ဒီတြယ္ခ်ိတ္ေလးမရွိပဲ ..

သူမရဲ့ အရွက္ကို ဘယ္လိုဖုံးမလဲ..ဘာေၾကာင့္လဲ …”အရွက္ေတြကို ဖုံးဖို႔ မလိုအပ္ေတာ့တာလား …ေကာင္မေလးေရ”

ဒါမွမဟုတ္—”တြယ္ခ်ိတ္ေလးကို ခၽြတ္ၿပီး … အရွက္တရားကို ေရာင္းစားရတဲ့ ဘဝကို ေက်ာခိုင္းေတာ့မွာမို႔လို႔ဒီ တြယ္ခ်ိတ္ေလး မလိုအပ္ေတာ့တာလား ”….

” ေဟ့ေရာင္ … ငါတို႔ ရပ္ကြက္ထဲကို ဝိုင္းေရာက္ေနတယ္ကြ” ဟုတ္ပါတယ္…ရပ္ကြက္ထဲဆိုတာထက္ …ကၽြန္ေတာ္တို႔ လမ္းရဲ့ အေနာက္ထိပ္ဆုံးကိုဝိုင္းေရာက္လာခဲ့တာပါ..

ဝိုင္းက ဝိုင္းမဟုတ္ေတာ့သလို … ညဉ့္ငွက္မေလးလဲ မဟုတ္ေတာ့ဘူး။ဝိုင္းမွာ ကာမပိုင္ လင္ေယာက်ာ္း ရွိေနၿပီ။

သူမရဲ့ အမ်ိဳးးသားက အညာက လက္သမားဆရာေလးတစ္ေယာက္ပါ။လမ္းအေနာက္မွာရွိတဲ့ လက္သမား႐ုံေတြမွာ အလုပ္လုပ္ဖို႔ ေရာက္လာတဲ့။

လက္သမား ဆရာေလးနဲ႔အတူ … ေယာင္ေနာက္ ဆံထုံးပါ။သူမေရာက္လာခဲ့တာ ျဖစ္ပါတယ္..

တစ္ႏွစ္ေက်ာ္ႏွစ္ႏွစ္ဆိုတဲ့ အခ်ိန္ကာလတစ္ခုမွာ ..ဝိုင္းဆိုတဲ့ ေကာင္မေလး ေတာ္ေတာ္ေျပာင္းလဲသြားတယ္..ေလာကဓံေၾကာင့္ ဆိုရမလား ..

ကၽြန္ေတာ့္ထက္ ငယ္ေပမယ့္ ..႐ုပ္ကေလးက အရင္လို မႏုပ်ိဳေတာ့ဘူး ..အရင္လို လွတပတေလး မျပင္ဆင္နိုင္ေတာ့ဘူး ..

ဒါေပမဲ့… သူမဘဝေလး ျဖဴစင္သြားၿပီ .. သန႔္ရွင္းသြားၿပီသူမ အေၾကာ္ဆိုင္ေလး ဖြင့္တယ္ …..အေၾကာ္ဆိုင္ေလးနာမည္က “ဝိုင္း…တဲ့—ကၽြန္ေတာ္တို႔ သြားစားျဖစ္ေပမယ့္ … စကားေတြအမ်ားႀကီးေတာ့ မေျပာျဖစ္ပါဘူး။

ေျပာဖို႔လဲ မလိုအပ္ဘူးေလ .. ဒါေပမယ့္ သူမဆီက ခင္ခင္မင္မင္နဲ႔ ဆက္ဆံမႈေတာ့ ရပါတယ္။ ကၽြန္ေတာ္ ေက်နပ္တယ္ .. ဝိုင္းကို ဒီလို ဘဝနဲ႔ ျမင္ရတာ ..တြယ္ခ်ိတ္ေလးေပးခဲ့တုန္းက ကၽြန္ေတာ္ ဆုေတာင္းခဲ့တာ ျပည့္သြားခဲ့လို႔ဝမ္းသာ မဆုံးပါဘူး ..

ဒါေပမယ့္ ကံၾကမာက … အၿငိဳးႀကီးတယ္..သိပ္ၿပီး ဇာတ္လမ္းဆန္ေနမလား ….တစ္ကယ့္ အျဖစ္အပ်က္ေတြက စိတ္ကူးယဥ္ထက္ အမ်ားႀကီး ပိုဆန္းျပားတယ္။မယုံၾကည္နိုင္ေလာက္ေအာင္ လွည့္စားတတ္လြန္းတယ္ဗ်ာ။

တစ္ေန႔ .. ဝိုင္း ဆိုတဲ့ အေၾကာ္ဆိုင္ေလးမွာ အေၾကာ္ေတြ မရွိဘူး။ေၾကာ္မယ့္သူလဲ မရွိဘူး ..အားေပးမယ့္ စားသုံးသူေတြလဲ မရွိဘူး။ဝိုင္း ေနမေကာင္းလို႔ ေဆး႐ုံတင္လိုက္ရတယ္..သိပ္မၾကာပါဘူး …. ဝိုင္းတစ္ေယာက္ ဆုံးၿပီတဲ့ ..

”ေအာင္ေသာ္ … ဝိုင္းဆုံးတာ ေသြးရိုးသားရိုးမျဖစ္နိုင္ဘူးကြ..A လားမသိဘူး..ငါတို႔ေတာ့ ဒုတ္ခပါပဲကြာ ”ကၽြန္ေတာ္ သူငယ္ခ်င္းေတြကို မဲ့ျပဳံးေလးပဲ ျပဳံးျပလိုက္တယ္..ဝိုင္းဆုံးတာ HIV ေၾကာင့္ပါဆိုတာ ကၽြန္ေတာ္ ေျပာမျပေတာ့ပါဘူး။

သူတို႔ေတြ စိတ္တဇ ျဖစ္သြားမွာ စိုးလို႔ပါ ဟုတ္ပါတယ္…လြန္ခဲ့တဲ့ ႏွစ္ပတ္ေက်ာ္တုန္းက .. လမ္းေနာက္က စတိုးဆိုင္ေလးတစ္ခုမွာကြမ္းယာဂယ္စားၿပီးအျပန္…ေနာက္ကေန …ၾကားဖူးေနတဲ့ အသံေလးတစ္ခုက တိုးတိုးေလး လာကပ္ေျပာတယ္။

”အကို … ညီမ သြားရေတာ့မယ္..ညီမ ေဆးစစ္တာ positive လို႔အေျဖထြက္တယ္ အကိုညီမ ဒီေလာကႀကီးက ထြက္မသြားခင္..အကို႔ကို ေက်းဇူးတင္စကားေျပာခ်င္လို႔ပါ။ ညီမကို အရမ္းေတာ္တယ္လို႔ ေျပာေပးခဲ့တဲ့ ေက်းဇူးပါ…ဒီေလာကႀကီးမွာ ညီမကို ေတာ္တယ္လို႔ေျပာတာ အကိုနဲ႔ ညီမေမေမပဲ ရွိခဲ့တာပါ။

အဲဒီစကားတစ္ခြန္းနဲ႔ ညီမ ဘဝကို ေျပာင္းလဲဖို႔ ႀကိဳးစားခဲ့တယ္။ေျပာင္းလဲနိုင္ခဲ့တယ္….ဘာပဲေျပာေျပာ ..ေလာကႀကီးကေန ဒီေရာဂါဆိုးနဲ႔ ထြက္သြားရေပမယ့္ ေလာကဓံကို ညီမအနိုင္ယူခဲ့တယ္..

ညီမ ရိုးရိုးသားသားနဲ႔ ဘဝကို ရင္ဆိုင္သြားပါတယ္ အကို” ထုံးစံအတိုင္း ..ဆြံ့အစြာနဲ႔ ကၽြန္ေတာ္ ၿငိမ္သက္ေနမိတယ္။

ဘာမွ ျပန္မေျပာျဖစ္ဘူး..ကၽြန္ေတာ္ လွည့္ၾကည့္လိုက္ေတာ့ …ေက်ာခိုင္း ထြက္သြားတဲ့ သူမကိုပဲ ျမင္ရေတာ့တယ္။ကၽြန္ေတာ္ လမ္းေဘးအုတ္ခုံေလးမွာ ထိုင္ေနတယ္။ဒီေန႔ ေန႔လည္က ဝိုင္း အသုဘကို သြားပို႔ျဖစ္တယ္….ဘာရယ္ မဟုတ္ဘူး ..

တြယ္ခ်ိတ္ေလးေတြ သူမအသက္နဲ႔ တြက္ၿပီး ဝယ္..ၿပီးေတာ့ ခ်ိတ္ေလးေတြကို ျဖဴတ္ေပး …ေျမမွာ ျမဳပ္ေပးခဲ့တယ္။သူမ လြတ္လပ္ပါေစ…ျဖစ္ေလရာ ဘဝတိုင္း တြယ္ခ်ိတ္ေလးကို ခၽြတ္ေပးရတဲ့ ဘဝမ်ိဳးနဲ႔ေဝးကြာပါေစ …အုတ္ခုံေလးမွာ ထိုင္ၿပီး ကၽြန္ေတာ္ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္တယ္..

ၾကယ္ကေလးေတြနဲ႔ လမင္းႀကီး ၾကားထဲမွာ ..ဝိုင္းဆိုတဲ့ ၂တန္းအရြယ္ ကေလးမေလး ေပၚလာတယ္…ဆုေလးကိုင္လို႔သူ႔ေမေမကလဲ ျပဳံးလို႔ …

ၿပီးေတာ့ ကၽြန္ေတာ့္ကို ရီျပၿပီး …..သားအမိႏွစ္ေယာက္ ေပ်ာ္ရႊင္စြာ လွည့္ထြက္သြားတယ္။

သြားေတာ့ ဝိုင္းေရ–။ ေနာက္ထပ္ ဘဝေတြ ဘဝေတြ ..သံသရာမၿပီးသေရြ႕ ဆက္သြားႏွင့္ပါေနာင္ ဘဝဆက္တိုင္း ျဖစ္ေလရာမွာ ဒီဘဝလို အျဖစ္ဆိုးမ်ိဳးေတြ မေတြ႕ပါေစနဲ႔ျဖစ္လာေတာ့မွာ မဟုတ္ဘူးလို႔လဲ အကို ယုံပါတယ္။

ညီမေလးက ဘဝေပးအေျခအေန ကံၾကမာဆိုးေၾကာင့္ဘဝပ်က္ခဲ့ေပမယ့္ -စိတ္ဓါတ္ေတြမွ မပ်က္စီးခဲ့တာခိုင္မာတည္ၾကည္တဲ့ စိတ္ဓါတ္နဲ႔ ေလာကဓံကို အရႈံးမေပးေက်ာ္လႊားျပခဲ့တဲ့ညီမေလး တစ္ကယ္ေတာ္ပါတယ္ငါ့ညီမ တစ္ကယ္ေတာ္ပါတယ္ကြာ ….

”ဝိုင္း ေကာင္းရာမြန္ရာ ေရာက္ပါေစ”…….။

Credit- Myint Zaw Htun

Unicodes

”အတွေ့အကြုံသစ်တွေ လိုချင်တဲ့ မနူးမနပ် ကောင်လေးနဲ့ တွေ့ခဲ့သော ည ငှက်မလေးတစ်ယောက်ရဲ့ ကြေကွဲစရာဖြစ်ရပ်’’…..

အသက်က ၁၇နှစ် သူငယ်ချင်းတွေကလူပျိုရည်မပျက်သေးတဲ့ ကျွန်တော့်ကိုဂိုဏ်းဝင်သွားအောင် မင်္ဂလာဈေး JJအောက်မှာ … ညမွှေးပန်းသွားရှာမယ်လိုက်ခဲ့ ..ဆိုတာနဲ့ လူငယ်ဆိုတော့စူးစမ်းချင်တဲ့ စိတ်နဲ့ လိုက်သွားခဲ့တယ်…

ဟိုရောက်တော့ .. သားကြီး မင်းက ဒီညအထူးဆိုတော့ ..မင်းတစ်ယောက်ရွေးကွာတဲ့သူတို့က သူတို့ စိတ်ကြိုက်တစ်ယောက်ရွေးတယ်..အဲဒီမှာ ဝိုင်းဆိုတဲ့ ကောင်မလေးကို ကျွန်တော်စတွေ့ခဲ့တယ်…

ရှေ့မှာလာရပ်ပြနေတဲ့ ကောင်မလေးတွေထက် ..ဟိုးးး သစ်ပင်အောက်မှာတစ်ယောက်တည်း ငူငူငေါင်ငေါင်ထိုင်နေတဲ့ သူမဆီ ..ကျွန်တော် အသာလျှောက်သွားတယ်..

မီးမလင်းတလင်းမှာ ..မပီဝိုးတဝါးဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ယောက် ကျွန်တော့်အထင်မျက်ရည်တွေများ ဝိုင်းနေသလား မသိပါဘူး..မင်းနာမည် ဘယ်လိုခေါ်လဲဆိုတော့ ..ဝိုင်းတဲ့ .. နာမည်မေးတုန်းရှိသေးတယ်….

ခေါင်းဆိုတဲ့ လူ ရောက်လာပြီးညီက ဒီကလေးမလေးကြိုက်လို့လားတဲ့ …ကျွန်တော့်ခေါင်းကို အသာညိတ်မိလိုက်တယ်ထင်ပါတယ်.. ကဲ ..မိဝိုင်း ထတော့ …အလုပ်ပေါ်ပြီ …နင်စိတ်ညစ်တာနောက်မှညစ်.. လိုက်သွား ..ခေါင်းရဲ့ စကားအဆုံးမှာ ..

ညမိမယ် နတ်သမီးလေးတစ်ပါး ဘာဆိုဘာမှ ပြန်မပြောပဲ အရုပ်တစ်ရုပ်လို ထလိုက်လာပါတယ်.. ဒီလိုနဲ့ …ဝိုင်းရယ် ..နောက်ကောင်မလေးတစ်ယောက်ရယ် ..

ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်ရယ် ..ကားတစ်စီးနဲ့ သူတို့ ညွှန်ပြတဲ့ သူတို့ကျက်စားရာ …..တည်းခိုခန်းတစ်ခုဆီ ထွက်လာခဲ့ကြတယ်…..

ကားပေါ်မှာ ..ရှေ့ခန်းမှာ ထိုင်နေတဲ့ ကျွန်တော့်ကို လက်ညိုးထိုးပြီး ..သူငယ်ချင်းကပြောတယ် ဝိုင်း… နင့်ကို ဒီကောင်က ဘိုင်နိမ်းနဲ့ ခေါ်လာတာလေ….

အဲလို ပြောတော့.. နတ်သမီးလေး ဆီက အသံထွက်လာတယ်.. အကိုက ဝိုင်းကို သိလို့လားတဲ့ …. ကျွန်တော် အသာအယာပဲ ခေါင်းခါပြလိုက်ပါတယ် ….

ကျွန်တော်မှ မသိတာ … သူ့ကိုဘာကြောင့် ရွေးခဲ့မိတယ်ဆိုတာလဲ မသိဘူး.. ကျွန်တော့်စိတ်က ခံစားချက်ရှိတဲ့ သူတွေကို စိတ်ဝင်စားတယ် ထင်ပါရဲ့ ..

ဟိုတယ်ရောက်တော့ … ကျွန်တော့်ကို သူငယ်ချင်းတွေက ဝိုင်းနဲ့ အတူနေဖို့ အခန်းတစ်ခန်းပေးတယ်…..

တစ်နာရီပဲ ရမယ်နော်သားကြီး .. ငါတို့ အားလုံး အလှည့်ကျပဲ …. လုပ်စရာရှိတာလုပ်…ရှက်ကြောက်မနေနဲ့တဲ့ အေးပါကွာ ..ဆိုပြီး ကျွန်တော် အခန်းထဲဝင်လိုက်တော့ ဝိုင်းက ကုတင်ပေါ်မှာ ထိုင်နေလေရဲ့..

အကို .. ညီမ ရေချိုးလိုက်အုန်းမယ် ရလားဟင် ….တစ်ညနေလုံး ရေမချိုးရသေးလို့ နံစော်နေပြီ ….ခွင့်ပြုပါနော်တဲ့ … ရပါတယ် ……

ကျွန်တော်လဲ လူပျိုညအတွက် ရင်ခုန်လှိုက်မောနေတာနဲ့ အချိန်လေးတစ်ခုလိုအပ်နေသေးတယ် မဟုတ်လား….

ကျွန်တော် အမှန်အတိုင်း ဝန်ခံပါရစေ … မကောင်းဘူးဆိုတာ သိပေမယ့် .. အရာရာကို စမ်းသပ်ချင်နေတဲ့ ..အရွယ်ဆိုတော့ ကိုယ် ဘာလုပ်ရမယ်..

ဘာကြောင့် ဒီနေရာရောက်နေတယ်ဆိုတဲ့ စိတ်နဲ့ စိတ်တွေလှုပ်ရှားနေပါတယ်…

နားနဲ့မနာ ဖဝါ်းနဲ့ နာကြပါဗျာ.. ကျွန်တော့် သွေးသားတွေကလဲ တစ်ခုခုကို တောင်းဆိုနေကြတာ ..တရုန်းရုန်းနဲ့ပေါ့ ကောင်မလေး ရေချိုးသံနဲ့ အတူ … တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ရင်ခုန်သံစည်းချက်တွေက ဝရုန်းသုန်းကား ..ကျွန်တော် ထိုင်မရ ထမရနဲ့ ….

ကျွန်တော့်စိတ်တွေကလဲ ဟိုးးးး အဝေးကြီးကနေ နီးလာသလို …နီးရာကနေ ဝေးသွားသလို.. တစ်ခုခုကို တောင့်တစိတ်တွေက ထိန်းမရ သိမ်းမရ ဖြစ်နေတယ် ကောင်မလေးထွက်လာပါပြီ …

ဗြုန်းဆို …ကောင်မလေး သဘတ်ကိုချွတ် ကောက်ဝတ်လိုက်တဲ့ … ရင်စည်းက … ကျွန်တော် မြင်နေကျ ..နိုင်ငံခြားကားတွေထဲကလို တောက်တောက်ပြောင်ပြောင် လှလှပပ အရာလေးမဟုတ်ပါဘူး ….

အရွယ်မရောက်သေးတဲ့ မိန်းခလေးတွေ ဝတ်တဲ့ ရင်ခံအကျီလို ဟာလေးပါ ဟောင်းနွမ်းစုတ်ပြတ်ပြီး အရောင်အဆင်းကင်းမဲ့နေတဲ့ ရင်ခံအကျီလေးကို ငေးကြည့်ရင်း ကောင်မလေး လက်တစ်စုံက .. အဲဒီအကျီလေးရဲ့ လက်မောင်းသားပေါ်က ကြိုးကလေးကို ကိုင်ပြီး တစ်စုံတစ်ခုကိုလုပ်လိုက်ပါတယ်။

ကျွန်တော့် စိတ်တွေ .. အဲဒီ တခဏမှာ ..ချောက်ကမ်းပါးတစ်ခုက ပြိုကျသွားသလို ဟာခနဲ ဖြစ်သွားတယ်ဗျာ ….သူလုပ်လိုက်တဲ့အရာက …ပြတ်နေတဲ့ ကြိုးနှစ်ခုကို တွယ်ထားတဲ့ တွယ်ချိတ်လေးကို ဖြုတ်လိုက်တာ…. တစ်ကယ်ကို ချိတ်လေးတစ်ခုပါ…

စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ ရင်စည်းအကျီမှာ ..ကြိုးပြတ်နေလို့ …တွယ်ချိတ်နဲ့ တွယ်ထားရတဲ့ အဲဒီ အကျီလေးက လူပျိုတစ်ယောက်ရဲ့ … တဝုန်းဝုန်းကြဲနေတဲ့ မုန်တိုင်း ရမက်တွေကို ဖြုတ်ဆို ပျောက်ဆုံးသွားစေခဲ့တယ်….

ကျွန်တော် လှမ်းပြောလိုက်တယ်…ဝိုင်း … မချွတ်နဲ့တော့လို့ .. အကျီလေးထပ်ဝတ်ထားပါ ချမ်းနေပါမယ် ဆိုတော့ … အံသြတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်….ဘာဖြစ်လို့လဲ အကိုတဲ့ .. ဘာမှ မဖြစ်ပါဘူးကွယ်….

အကိုစကားပြောချင်လို့ပါဆိုတော့ . အံသြနေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်အနား ဖြည်းညှင်းစွာကပ်လာတယ်….အကို ညီမကို မကြည်ဖြူလို့လားဟင်…

ညီမက တော်တော် စိတ်ညစ်စရာကောင်းနေလို့လားတဲ့ ကျွန်တော်ခေါင်းပဲခါပြလိုက်တယ်…

သူမရဲ့ အထာကျနေတဲ့ မျက်လုံးတွေက ဘယ်ညာ ရမ်းပြီး အကြည့်ဝေ့တစ်ချက်မှာ အရာအားလုံးကို သဘောပေါက်သွားတယ်ထင်ပါရဲ့ .. ဒီလိုလုပ်လေ ညီမကို ဖက်ထားလိုက်တဲ့ … အကို အဆင်ပြေအောင်ပါတဲ့။

သူမပြောတဲ့အတိုင်း ကျွန်တော် ဖက်လိုက်ပါတယ် ….ဟင် … ဘာကြီးလဲ … ကျွန်တော် အလန့်တကြားလက်ကို ပြန်ဆွဲရုတ်မိတယ်.. အား ..တောင်းပန်ပါတယ်..အကို …

တစ်ကယ်ပါ … ညီမလေ ..ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာလို့ …. ကျွန်တော် ပြန်စမ်းကြည့်တယ်…

ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုပဲ ..ဟိုဘက်လှည့်လိုက်ဆိုတော့ သူမ လှည့်ပြတယ်…. ဓါးဒဏ်ရာကြီးပါလား … ရှပ်ထိတာ ဆိုပေမယ့် ..တော်တော်လေး ပြင်းထန်တဲ့ ဒဏ်ရာပါ ဘယ်လိုဖြစ်တာလဲ ညီမရယ် ဆိုပြီး …

ဘယ်လိုမှ ရည်ရွယ်မထားပေမယ့် ကျွန်တော် နှုတ်က ထွက်သွားခဲ့တယ်…..

ဝိုင်း … မျက်ဝန်းတွေမှာ ..အရည်တွေ လဲ့လာပါတယ်…နောက် သူမ သက်ပြင်းတစ်ခုချတယ် ကျွန်တော့်ကို ကြည့်တယ်……

သူ့ကြည့်တဲ့ ပုံစံက အကိုတစ်ယောက်ကို ညီမတစ်ယောက်က ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး … ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်..

ကျွန်တော် နားထောင်ပေးဖို့ အသင့်ဖြစ်နေပါပြီ.. ဘာတွေ ဖြစ်ခဲ့တာလဲ မိန်းမပျိုလေးရဲ့ ကျောကုန်းက ဓါ်းဒဏ်ရာဆိုတာက တော်တော်လေးကို ဒွိဟဖြစ်စရာပဲမဟုတ်လား တိတ်ဆိတ်နေတဲ့ ညမှာ ကြေကွဲနေတဲ့ ညငှက်လေးတစ်ကောင်ရဲ့ စကားသံတိုးတိုးလေး ထွက်လာတယ် ….

”ညီမ ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာတာတဲ့ … ညီမ ယောကျာ်းရဲ့ မိန်းမကြီးက ညီမကို ဓါးနဲ့ လိုက်ခုတ်လို့ ထွက်ပြေးခဲ့ရတယ်…ဒီ ဒဏ်ရာက ရှပ်ထိသွားတာပါ” တဲ့ ဒီလိုနဲ့ပဲ သူမ စကားတွေ ဆက်ပြောခဲ့တယ်…

သူမက အခုမှ ၁၆ နှစ်တောင် မပြည့်သေးပါဘူး … ၁၄ နှစ်သမီးမှာ ယောကျာ်းရတယ် ရတဲ့ ယောကျာ်းက ခေါင်းပါ ..ဒီလိုနဲ့ ဒီလောကထဲရောက်လာခဲ့တယ်..

သူမရဲ့ ဘဝအစမှာတုန်းကတော့ … ကောင်းရောင်းကောင်းဝယ် အကြော်သည်လင်မယားနှစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးလေးပါတဲ့ ..

ပြောရင်းနဲ့ … သူမ လက်ဆွဲအိတ်လေးကို လှမ်းယူလိုက်ပါတယ်.. နောက် ကြေမွနေတဲ့ အကျီအစုတ်တွေကြားထဲကနေ …

တစ်ခုခုကို ထုတ်ယူလိုက်တယ်.. မပီပြင်ဝိုးတဝါးအလင်းရောင်မှာ သူပြချင်တဲ့ အရာအတွက် အလင်းရောင်တစ်ခုလိုအပ်တယ် ထင်ပါရဲ့ …. အခန်းမီးကို ဖွင့်လိုက်တယ်….

အဲဒီကျမှ ..သူမလက်ထဲမှာ ကိုင်ထားတာ .. ပလက်စတစ်လောင်းထားတဲ့ ဓါတ်ပုံအဟောင်းလေး တစ်ပုံ ….အဲဒီမှာ ကလေးလေးတစ်ယောက် ဆုတံဆပ်လေးကိုင်လို့ ….

.ဘေးနားမှာက လောကဓံကြောင့် ပိန်လှီနေပေမယ့် မိန်းမချောတို့ ရုပ်ရည်ရှိတဲ့ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက် … သေချာပါတယ်…

အဲဒါ သားအမိနှစ်ယောက်ပုံပါ ..သမီးလေးက ကျောင်းမှာ ဆုရ သမီးလေးနဲ့ အမေ ဆုလေးနဲ့ ဓါတ်ပုံတွဲရိုက် …. နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ … ဒီကလေးမလေးက ဝိုင်းမှ ဟုတ်ပါလေစ .

.ဘေးက သူ့အမေပေါ့ .. ဝိုင်းက ငယ်ငယ်တုန်းက စာတော်တဲ့ ကလေးမလေးပဲ … ရင်ထဲမှာ ဆို့နင့်သွားတယ်။

ဓါတ်ပုံလေးကြည့်ပြီး ငိုင်သွားတဲ့ ကျွန်တော်.. ”အဲဒါ ဝိုင်းမေမေလေ…ဝိုင်း နှစ်တန်းတုန်းက ဆုရတုန်းက အမှတ်တရပုံလေးပါ.. ဝိုင်းရဲ့ ပညာအရည်အချင်းကလဲ အဲဒီနှစ်က နောက်ဆုံးပါပဲ ….

အဲဒီနောက်ပိုင်းကတော့ …ရုပ်ရှင်တွေထဲကလိုပေါ့ အကိုရယ်… အဖေကဆုံး ..အမေက နောက်ယောကျာ်းယူ …ပထွေးက နှိပ်စက် …

သမီးပါကျောင်းထွက် ဈေးရောင်း ..နောက် စိတ်ဖိစီးမှုဒဏ်တွေကြောင့် အမေကဆုံး .. ပထွေးက ခြေတော်တင်….နောက်ဆုံးမှာ ဖာခေါင်းနဲ့ ရပြီး ဖာသည်မလေးဖြစ်သွားတယ်ပေါ့” ပြီးတော့ ဟက်ဟက်ဟက်ဟက်နဲ့ ခြောက်ကပ်စွာ သူမ ရယ်မောနေခဲ့တယ်။

ဒါ မြင်ဖူးနေကျ ရုပ်ရှင်တွေ ..ဖတ်ဖူးနေကျ ဝထုတွေ .. ကြားဖူးနေကျ .. ညဉ့်နက်မလေးတွေရဲ့ ပါးစပ်ဖျားက ပုံပြင်တွေ ဆိုပြီး … ကျွန်တော် တွေးထင်ပလိုက်ချင်တယ်.. ဒါပေမယ့် ..

မျက်စိရှေ့မှာ မြင်နေရတဲ့ ..ကောင်မလေးရဲ့ မျက်ရည်မကျတဲ့ မျက်ဝန်းနဲ့ လောကကြီးကိုလှောင်ပြုံးတွေနဲ့ ခနဲ့တဲ့တဲ့ … မျက်နှာထားအောက်မှာ ကျွန်တော် ဘယ်လိုလုပ်ပြီး ..ဒါတွေက ပုံပြင်ပါလို့ ..တွေးထင်လို့ ရမှာတဲ့လဲ..

ကျွန်တော် ယုံတယ်လဲ မပြောပါဘူး …မယုံဘူးလဲ မပြောပါဘူး.. ဘာမှလဲ ပြောစရာမရှိပါဘူး … သူမကလဲ ဘာမှ ဆက်မပြောပါဘူး …ပုံမှန်အားဖြင့် ..ဒီအချိန်မှာ မျက်နှာကိုလွှဲ သက်ပြင်းကိုချ ..

တစ်ရှိုက်ရှိုက်နဲ့ ငိုကြွေးနေရမယ့် မိန်းခလေးတစ်ယောက်က ဘာလို့များ…. ကျွန်တော့်မျက်ဝန်းတွေကို စိုက်စိုက်ကြည့်ပြီး တည်ငြိမ်နေရတာလဲ …

ကျွန်တော်ကရော … ဘာလို့ အဓိပ္ပါယ်ဖတ်မရတဲ့ သူမမျက်ဝန်းတွေကို ငေးကြည့်ပြီး ရင်ထဲမှာ စို့နင့်နင့်ကြီး ဖြစ်နေရတာတုန်း.. အော် ညီမရယ် ..ဆိုပြီး ဖတ်လိုက်ရမှာလား ..

သူမကလဲ ဟင့်ဟင့်ဆိုပြီး ငိုကြွေးပြီး ကျွန်တော့်ရင်ခွင်ထဲဝင်လာမှာလား … ဟားဟား ဒါရုပ်ရှင်ရိုက်နေတာဆိုရင်တော့ …ဒီဇတ်ဝင်ခန်းက ဒီလိုရိုက်ဖြစ်သွားမှာပါ ဒါပေမယ့် ဒါရုပ်ရှင်ရိုက်နေတာ မဟုတ်…

တစ်ကယ့် ဘဝဆိုးကြီးကို ဘာမှမဆိုင်တဲ့ ကောင်လေးတစ်ယောက်ရှေ့မှာ ကောင်မလေးတစ်ယောက်ကရင်ဖွင့်မိသွားတာ ဘာမှ မလုပ်ပေးနိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကရောတစ်ကယ်တော့ အဲဒီအချိန်မှာ တိတ်ဆိတ်နေတဲ့အခန်းကျဉ်းလေးထဲမှာ လူသားနှစ်ယောက်ကြား တစ်စုံတစ်ခုက ကျကွဲသွားတယ် ….

အဲဒီ ကျကွဲသွားတဲ့ အရာက … ဘာသံမှ မထွက်ပဲ ကွဲကြေသွားတဲ့ အသဲနှလုံး နှစ်ခုပါ.. ဒေါက် ဒေါက် ဒေါက် ”ဟေ့ရောင် အောင်သော် … မပြီးသေးဘူးလား …မြန်မြန်ထွက်တော့ နောက်လူတွေစောင့်နေတယ်.”

ကျွန်တော် … သူမကို ပြုံးပြလိုက်တယ်…. သူမကလဲ ပြန်ပြုံးပြတယ်။ကျွန်တော် ဘာနှုတ်ဆက်စကားမှ မဆိုပဲ ..သူမအနားက ထလာခဲ့တယ်…..

နောက်မှ လက်ထဲပါလာတဲ့ ..သူမရဲ့ တန်ဖိုးအကြီးဆုံး အမှတ်တရဓါတ်ပုံလေးကို ပြန်လှည့်ပေးရင် ..ကျွန်တော် သူမကို ကျောခိုင်းထွက်လာတယ် တံခါးဝနားရောက်မှ ..

ကျွန်တော် လှည့်ပြောမိတယ် ”အကို ညီမလို ကျောင်းမှာ ဆုမရဖူးဘူး ..သိလား .. ညီမ အရမ်းတော်တယ် ” သူမ ပြုံးသွားတယ် …ကျေးဇူးတင်ပါတယ် အကို တဲ့ .. ……….

ပြီးတော့ ကျွန်တော် သူမရှိနေတဲ့ အခန်းထဲကနေ ထွက်လာခဲ့တယ်..အပြင်မှာ စောင့်နေတဲ့ သူငယ်ချင်းက ဘယ်လိုလဲ ဆိုတဲ့ အထာနဲ့ မေးငေါ့ပြတယ်။”ငါ ခံစားချက်အကြီးကြီးရခဲ့ပါတယ်” လို့ ပြန်ဖြေလိုက်တယ်။

ဟဟဟဟဟ …သူငယ်ချင်းက ရယ်ပါတယ်. မင်းအဆင်ပြေရင်ပြီးတာပဲ..ဟိုဘက်မှာ အခန်းတစ်ခုရှိတယ် မင်း သွားနားနေလိုက်..

ငါ ဝင်လိုက်အုန်းမယ် တဲ့ .. ပြောပြီး ..သူမရှိရာ အခန်းလေးထဲကို ဝင်သွားပါတယ်။ငါရခဲ့တဲ့ ခံစားချက်က မင်းထင်သလို မဟုတ်ဘူးဆိုတာ မရှင်းပြတော့ပါဘူး။

ရှင်းပြစရာလဲ လိုမှ မလိုတာ … ဘာမှန်းမသိတဲ့ ခံစားချက် အကြီးကြီးတစ်ခုကိုထမ်းပိုး…. သူမနဲ့အတူ ပျော်ပါးဖို့ ဝင်သွားတဲ့ သူငယ်ချင်းကျောကုန်းကို ငေးကြည့်နေရင်းနဲ့ကျွန်တော် မွန်းကျပ်လာတယ်။

တစ်ဖက်အခန်းက … မပီဝိုးတဝါး ကြားနေရတဲ့ အသံတစ်ချို့မှာ …

ကျွန်တော်စိတ်တွေ တိမ်ထဲမှာ လွင့်မျောနေရသလိုပဲ .ကျွန်တော် ………..၂တန်းကျောင်းသူအရွယ်ကောင်မလေးတစ်ယောက်ကို မြင်နေရတယ်…ကောင်မလေးက လက်ထဲမှာ ပညာရည်ချွန်ဆုလေး ကိုင်ပြီး…သူ့မေမေနဲ့ ဓါတ်ပုံရိုက်နေတယ်…..

နောက် ..ကောင်မလေးနားမှာ သူ့မေမေ မရှိတော့ဘူး ..ရမက်ပြင်းတဲ့ အကြည့်တွေနဲ့ ဘီလူးသဘက်လို မိန်းမပျိုလေးရဲ့ သွေးသားကိုဝါးမြိုချင်တဲ့ လူတစ်ချို့ ….

ကလေးမလေး နားကို တဖြည်းဖြည်း ဝိုင်းအုံလာကြတယ်။ကောင်မလေး ကြောက်ရွံ့စွာ အော်ဟစ်နေတယ်….

သူမ ဘဝလေး နှင်းဆီပန်းကလေးလို တစ်ရစ်ပြီး တစ်ရစ် …တစ်လွှာပြီး တစ်လွှာအခြွေခံနေရတယ်… ဘယ်သူမှ ကယ်မယ့်သူ မရှိဘူးအားကိုးရာလဲ မရှိဘူး ..

နာကျင်မှုတွေ အပြည့်နဲ့ ..အရှက်တွေကို နင်းခြေခံလိုက်ရတဲ့ … ကလေးမလေးရဲ့နှုတ်ခမ်းတစ်စုံက ..ကြာတော့ လောကကြီးကို လှောင်ပြုံးလေးနဲ့ ပြန်ပြုံးပြတတ်ပြီ…

သူမ မျက်နှာပေါ် တပေါက်ပေါက် ကျနေတဲ့ တဏှာရမက်ချွေးစက်တွေနဲ့မျက်နှာသစ်တတ်သွားပြီ …ညည်းညူလှိုက်မော ပင့်သက်ရှိုက်သံတွေနဲ့အတူ..

သက်တံရောင် တိမ်တွေကြား …. ကလေးမလေးတစ်ယောက် မျက်ရည်တွေနဲ့သူ့မေမေလဲ မျက်ရည်တွေနဲ့ …ဆုတံဆိပ်လေးကလဲ ကြေမွလို့ ….

နောက် ကလေးမလေး မျက်လုံးကိုမှိတ် အံကိုကြိတ် ..အသူရာချောက်ထဲ … ပစ်ဆင်းသွားတယ် …ကျွန်တော် လှမ်းပြီး ဖမ်းဆုပ်ချိန်မရလိုက်ဘူး …

အလန့်တကြားနဲ့ ကျွန်တော် သူမ ခုန်ဆင်းသွားရာ ပြေးလိုက်ရင်း သူမ နာမည်ကို အော်ဟစ်နေမိတယ်။”ဝိုင်းးးးးးးးး ” ….

”ဟေ့ရောင် …ဝိုင်းမနေနဲ့ ထတော့ မိုးလင်းနေပြီကွ …..ဟိုကောင်မလေးတွေလဲပြန်သွားကြပြီ”ကျွန်တော် လန့်နိုးလာတယ်….အော် မိုးတောင်လင်းသွားပြီ

။အော် ဒါနဲ့ …ဝိုင်းက မင်းကို ဒါလေး ပေးပေးပါတဲ့ …ရော့ —ဘာလေးလဲ …..သူငယ်ချင်းလှမ်းပေးတဲ့ အရာလေးကို ကြည့်လိုက်တော့တွယ်ချိတ်လေးတစ်ခု ..

သူမ ရင်စည်းအကျီက တွယ်ချိတ်လေး ဘာအတွက်နဲ့ကျွန်တော့်ကို ပေးခဲ့တာလဲ။သူမအတွက် မလိုအပ်တော့ဘူးလား …..ဒီတွယ်ချိတ်လေးမရှိပဲ ..

သူမရဲ့ အရှက်ကို ဘယ်လိုဖုံးမလဲ..ဘာကြောင့်လဲ …”အရှက်တွေကို ဖုံးဖို့ မလိုအပ်တော့တာလား …ကောင်မလေးရေ”

ဒါမှမဟုတ်—”တွယ်ချိတ်လေးကို ချွတ်ပြီး … အရှက်တရားကို ရောင်းစားရတဲ့ ဘဝကို ကျောခိုင်းတော့မှာမို့လို့ဒီ တွယ်ချိတ်လေး မလိုအပ်တော့တာလား ”….

” ဟေ့ရောင် … ငါတို့ ရပ်ကွက်ထဲကို ဝိုင်းရောက်နေတယ်ကွ” ဟုတ်ပါတယ်…ရပ်ကွက်ထဲဆိုတာထက် …ကျွန်တော်တို့ လမ်းရဲ့ အနောက်ထိပ်ဆုံးကိုဝိုင်းရောက်လာခဲ့တာပါ..

ဝိုင်းက ဝိုင်းမဟုတ်တော့သလို … ညဉ့်ငှက်မလေးလဲ မဟုတ်တော့ဘူး။ဝိုင်းမှာ ကာမပိုင် လင်ယောကျာ်း ရှိနေပြီ။

သူမရဲ့ အမျိုးးသားက အညာက လက်သမားဆရာလေးတစ်ယောက်ပါ။လမ်းအနောက်မှာရှိတဲ့ လက်သမားရုံတွေမှာ အလုပ်လုပ်ဖို့ ရောက်လာတဲ့။

လက်သမား ဆရာလေးနဲ့အတူ … ယောင်နောက် ဆံထုံးပါ။သူမရောက်လာခဲ့တာ ဖြစ်ပါတယ်..

တစ်နှစ်ကျော်နှစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ ..ဝိုင်းဆိုတဲ့ ကောင်မလေး တော်တော်ပြောင်းလဲသွားတယ်..လောကဓံကြောင့် ဆိုရမလား ..

ကျွန်တော့်ထက် ငယ်ပေမယ့် ..ရုပ်ကလေးက အရင်လို မနုပျိုတော့ဘူး ..အရင်လို လှတပတလေး မပြင်ဆင်နိုင်တော့ဘူး ..

ဒါပေမဲ့… သူမဘဝလေး ဖြူစင်သွားပြီ .. သန့်ရှင်းသွားပြီသူမ အကြော်ဆိုင်လေး ဖွင့်တယ် …..အကြော်ဆိုင်လေးနာမည်က “ဝိုင်း…တဲ့—ကျွန်တော်တို့ သွားစားဖြစ်ပေမယ့် … စကားတွေအများကြီးတော့ မပြောဖြစ်ပါဘူး။

ပြောဖို့လဲ မလိုအပ်ဘူးလေ .. ဒါပေမယ့် သူမဆီက ခင်ခင်မင်မင်နဲ့ ဆက်ဆံမှုတော့ ရပါတယ်။ ကျွန်တော် ကျေနပ်တယ် .. ဝိုင်းကို ဒီလို ဘဝနဲ့ မြင်ရတာ ..တွယ်ချိတ်လေးပေးခဲ့တုန်းက ကျွန်တော် ဆုတောင်းခဲ့တာ ပြည့်သွားခဲ့လို့ဝမ်းသာ မဆုံးပါဘူး ..

ဒါပေမယ့် ကံကြမာက … အငြိုးကြီးတယ်..သိပ်ပြီး ဇာတ်လမ်းဆန်နေမလား ….တစ်ကယ့် အဖြစ်အပျက်တွေက စိတ်ကူးယဉ်ထက် အများကြီး ပိုဆန်းပြားတယ်။မယုံကြည်နိုင်လောက်အောင် လှည့်စားတတ်လွန်းတယ်ဗျာ။

တစ်နေ့ .. ဝိုင်း ဆိုတဲ့ အကြော်ဆိုင်လေးမှာ အကြော်တွေ မရှိဘူး။ကြော်မယ့်သူလဲ မရှိဘူး ..အားပေးမယ့် စားသုံးသူတွေလဲ မရှိဘူး။ဝိုင်း နေမကောင်းလို့ ဆေးရုံတင်လိုက်ရတယ်..သိပ်မကြာပါဘူး …. ဝိုင်းတစ်ယောက် ဆုံးပြီတဲ့ ..

”အောင်သော် … ဝိုင်းဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးကွ..A လားမသိဘူး..ငါတို့တော့ ဒုတ်ခပါပဲကွာ ”ကျွန်တော် သူငယ်ချင်းတွေကို မဲ့ပြုံးလေးပဲ ပြုံးပြလိုက်တယ်..ဝိုင်းဆုံးတာ HIV ကြောင့်ပါဆိုတာ ကျွန်တော် ပြောမပြတော့ပါဘူး။

သူတို့တွေ စိတ်တဇ ဖြစ်သွားမှာ စိုးလို့ပါ ဟုတ်ပါတယ်…လွန်ခဲ့တဲ့ နှစ်ပတ်ကျော်တုန်းက .. လမ်းနောက်က စတိုးဆိုင်လေးတစ်ခုမှာကွမ်းယာဂယ်စားပြီးအပြန်…နောက်ကနေ …ကြားဖူးနေတဲ့ အသံလေးတစ်ခုက တိုးတိုးလေး လာကပ်ပြောတယ်။

”အကို … ညီမ သွားရတော့မယ်..ညီမ ဆေးစစ်တာ positive လို့အဖြေထွက်တယ် အကိုညီမ ဒီလောကကြီးက ထွက်မသွားခင်..အကို့ကို ကျေးဇူးတင်စကားပြောချင်လို့ပါ။ ညီမကို အရမ်းတော်တယ်လို့ ပြောပေးခဲ့တဲ့ ကျေးဇူးပါ…ဒီလောကကြီးမှာ ညီမကို တော်တယ်လို့ပြောတာ အကိုနဲ့ ညီမမေမေပဲ ရှိခဲ့တာပါ။

အဲဒီစကားတစ်ခွန်းနဲ့ ညီမ ဘဝကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ပြောင်းလဲနိုင်ခဲ့တယ်….ဘာပဲပြောပြော ..လောကကြီးကနေ ဒီရောဂါဆိုးနဲ့ ထွက်သွားရပေမယ့် လောကဓံကို ညီမအနိုင်ယူခဲ့တယ်..

ညီမ ရိုးရိုးသားသားနဲ့ ဘဝကို ရင်ဆိုင်သွားပါတယ် အကို” ထုံးစံအတိုင်း ..ဆွံ့အစွာနဲ့ ကျွန်တော် ငြိမ်သက်နေမိတယ်။

ဘာမှ ပြန်မပြောဖြစ်ဘူး..ကျွန်တော် လှည့်ကြည့်လိုက်တော့ …ကျောခိုင်း ထွက်သွားတဲ့ သူမကိုပဲ မြင်ရတော့တယ်။ကျွန်တော် လမ်းဘေးအုတ်ခုံလေးမှာ ထိုင်နေတယ်။ဒီနေ့ နေ့လည်က ဝိုင်း အသုဘကို သွားပို့ဖြစ်တယ်….ဘာရယ် မဟုတ်ဘူး ..

တွယ်ချိတ်လေးတွေ သူမအသက်နဲ့ တွက်ပြီး ဝယ်..ပြီးတော့ ချိတ်လေးတွေကို ဖြူတ်ပေး …မြေမှာ မြုပ်ပေးခဲ့တယ်။သူမ လွတ်လပ်ပါစေ…ဖြစ်လေရာ ဘဝတိုင်း တွယ်ချိတ်လေးကို ချွတ်ပေးရတဲ့ ဘဝမျိုးနဲ့ဝေးကွာပါစေ …အုတ်ခုံလေးမှာ ထိုင်ပြီး ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်တယ်..

ကြယ်ကလေးတွေနဲ့ လမင်းကြီး ကြားထဲမှာ ..ဝိုင်းဆိုတဲ့ ၂တန်းအရွယ် ကလေးမလေး ပေါ်လာတယ်…ဆုလေးကိုင်လို့သူ့မေမေကလဲ ပြုံးလို့ …

ပြီးတော့ ကျွန်တော့်ကို ရီပြပြီး …..သားအမိနှစ်ယောက် ပျော်ရွှင်စွာ လှည့်ထွက်သွားတယ်။

သွားတော့ ဝိုင်းရေ–။ နောက်ထပ် ဘဝတွေ ဘဝတွေ ..သံသရာမပြီးသရွေ့ ဆက်သွားနှင့်ပါနောင် ဘဝဆက်တိုင်း ဖြစ်လေရာမှာ ဒီဘဝလို အဖြစ်ဆိုးမျိုးတွေ မတွေ့ပါစေနဲ့ဖြစ်လာတော့မှာ မဟုတ်ဘူးလို့လဲ အကို ယုံပါတယ်။

ညီမလေးက ဘဝပေးအခြေအနေ ကံကြမာဆိုးကြောင့်ဘဝပျက်ခဲ့ပေမယ့် -စိတ်ဓါတ်တွေမှ မပျက်စီးခဲ့တာခိုင်မာတည်ကြည်တဲ့ စိတ်ဓါတ်နဲ့ လောကဓံကို အရှုံးမပေးကျော်လွှားပြခဲ့တဲ့ညီမလေး တစ်ကယ်တော်ပါတယ်ငါ့ညီမ တစ်ကယ်တော်ပါတယ်ကွာ ….

”ဝိုင်း ကောင်းရာမွန်ရာ ရောက်ပါစေ”…….။

Credit- Myint Zaw Htun

Unicodes

Be the first to comment

Leave a Reply

Your email address will not be published.


*