အော် ထိုက်သူစံကြရပြီပေါ့

အော် ထိုက်သူစံကြရပြီပေါ့

သံေဝဂ ရၾကပါေစ …ကုိယ့္ေနာက္ပါမသြားေသာ ေရႊ ေငြမ်ား

ေသဆံုးသြားသူရဲ႕က်န္ရွိေရႊေငြပစၥည္းေတြ တန္ဘိုးဘယ္ေလာက္မွန္းမသိရေသး စစ္ေဆးေရတြက္ေနၾကဆဲပါ။တူ တူမေတြ ခဲြေဝေပးဘို့ ရပ္ရြာလူျကီးမ်ား အသိသက္ေသထားျပီး ေငြမ်ားေရတြက္ေနျကတာပါ။

ေအာ္ ထိုက္သူစံၾကရျပီေပါ့ ေရႊထည္မ်ားအတြက္ ပန္းတိမ္ဆရာမ်ားပါ ေခၚထားရပါတယ္….ေငြသား ၁၃၆ သိန္း ၉၂၀၀၀ိ/ ေရႊ ၁၃ က်ပ္သားေက်ာ္၊ ေက်ာက္ ပုလဲ တန္ဘိုးမပါ။
သံေဝဂရစရာပါ။

ကြယ္လြန္သူ ေဒၚညြန္ ့ခင္ ေက်ာင္းဆရာမၾကီး (ျငိမ္း)ေရဦးကုန္းရပ္ကြက္ ေရဦးျမိဳ႕…..။ေအာင္ဝင္း

လက္စနဲ႕ ေအာက္က သံေ၀ဂေလးကိုပါ ၿပီးဆံုးေအာင္ ဖတ္သြားလိုက္ပါေနာ္..။ ၿပီး Share လုပ္ၿပီး မွ်ေ၀ ကုသိုလ္ယူသြားႏုိင္ၾကပါေစ…။

မနက္ျဖန္ဆို အရမ္းေနာက္က်သြားလိမ့္မယ္….

လူဘဝရလာစဥ္မွာမျဖစ္မေနျပဳလုပ္ရမွာက ကုသိုလ္တရား လူ ့ဘဝေရာက္လာစဥ္မွာမျဖစ္မေနေရွာင္ၾကဥ္ရမွာက အကုသိုလ္တရား….

ကုသိုလ္တရားသည္ကိုယ္တိုင္ျပဳလုပ္ေသာ္မွ မိမိ၏စိတ္ ေပၚမူတည္၍ အက်ိဳးေပးေသာ္လည္း အကုသိုလ္ဟူသည္က အာရုံေျခာက္ပါးမွမဖိတ္ေခၚပဲ အၿမဲဝင္ေနေသာအရာပါပဲ ll

မ်က္ကလွတာျမင္ရင္ေတာ့လိုခ်င္ လိုခ်င္မွ ု ့သည္ တဏွာ အကုသိုလ္ပါပဲ llရုပ္ဆိုးတာ သေဘာမက်တာျမင္ေတာ့ ေဒါသ အကုသိုလ္ပါပဲ ll နားကသာယာဖြယ္ အသံၾကားေတာ့ ႏွစ္သက္ျပန္တယ္ll

ႏွစ္သက္မွ ု ့က တဏွာ အကုသိုလ္ပါပဲ ll မႏွစ္သက္ဖြယ္ ဆူညံေသာအသံၾကားေတာ့ ေဒါသ ထိုေဒါသသည္ အကုသိုလ္ပါပဲ ll

ႏွာေခါင္းမွာေမႊးပ်ံ ့ေသာရနံ ့ရေသာအခါ ႏွစ္သက္ပါၿပီ ထိုႏွစ္သက္မွ ု ့သည္ တဏွာ အကုသိုလ္ပါပဲ ll နံေသာအနံ ့ရေသာအခါ မလိုလားမွ ု ့ ေဒါသ ထိုေဒါသသည္အကုသိုလ္ပါပဲll

လ်ွာက အရသာခံပါတယ္ll အရသာေကာင္းတာစားရေတာ့ တဏွာ မေကာင္းတာစားေသာအခါ ေဒါသ ထိုေဒါသသည္ အကုသိုလ္ပါပဲ ll ကိုယ္ခႏၶာမွာလွပေက်ာ့ရွင္းမွ ု ့ကိုႀကိဳက္တယ္ll

နူးညံ့ေသာအထိအေတြ ့ဆိုလ်ွင္ႀကိဳက္တယ္ll ထိုႏွစ္သက္ျခင္းသည္ တဏွာ အကုသိုလ္ပါပဲ llစိတ္ဆိုသည္မွာအကုသိုလ္ျဖစ္ရန္အလြယ္ဆုံးျဖစ္ပါ တယ္ll

စားေနစဥ္ l အိပ္ေနရာမွျဖတ္ကနဲနိုုးလိုက္သည္ ႏွင့္ l သြားေနစဥ္ l ထိုင္ေနစဥ္မွာ မိမိစိတ္ကိုသတိ အသိ ျဖင့္ မဆုံးမနိုင္လ်ွင္ အကုသိုလ္ တသီတတန္းႀကီးျဖစ္လာ တာပါပဲ ll

ျမတ္ဗုဒၶက ပါပသၼိ ံ ရမတိ မေနာ စိတ္သည္မေကာင္းမွ ု ့၌ေမြ ့ေပ်ာ္၏ ဟုေဟာခဲ့ပါတယ္ ျမင္ဖူးေသာအရာေပၚမွာ ႏွစ္သက္ျခင္း l မႏွစ္သက္ျခင္း ေၾကာင့္ ေလာဘ ေဒါသျဖင့္အကုသိုလ္ျဖစ္ပါတယ္ll

အသက္အရြယ္ႀကီးရင့္အိုမင္းေသာသူမ်ားပင္ အလုပ္ မလုပ္နိုင္ေသာ္လည္း မိမိေနအိမ္ေပၚတြင္ထိုင္ေနစဥ္ပင္ မိမိ၏စိတ္ကိုမထိန္းနိုင္၍ အကုသိုလ္ျဖစ္ေနၾကပါတယ္။

ကိုယ္ခႏၶာျဖင့္မလုပ္နိုင္ေသာ္လည္း စိတ္ျဖင့္ဟိုလူကို သေဘာမက် l ဒီလူကိုစိတ္တိုင္းမက် ျဖင့္ထိုင္ေနရာမွာ ပင္အကုသိုလ္ျဖစ္ေနတတ္ပါတယ္ll

ထိုအကုသိုလ္ေနရာမွာ မိမိစိတ္ကို ကုသိုလ္အစားထိုး၍ ကိေလသာတရား ေနရာမွာ ဝိပႆနာဘာဝနာတရား ေနရာယူ၍ ျဖစ္ျပီးေသာအကုသိုလ္မ်ားေျပေပ်ာက္ေစရန္ ။

မျဖစ္လာေသးေသာအကုသိုလ္တရားမ်ားမိမိသႏၲာန္မွာ မျဖစ္ေပၚေစရန္ l မျပဳလုပ္ရေသးေသာကုသိုလ္တရားမ်ားကိုျပဳလုပ္ရန္ အလြန္ပင္အေရးႀကီးလွပါတယ္ll

မိမိဝမ္းေရးအတြက္ေန ့ညမနားအလုပ္လုပ္သကဲ့သို ့ အကုသိုလ္ပါယ္ေၾကာင္း ကုသိုလ္ရေၾကာင္းတရားမ်ား ကိုလည္းေန ့စဥ္ျပဳလုပ္ရပါမယ္ll ကုသိုလ္အေရးကို ငါတို ့ကငယ္ေသးတယ္ll

ငါတို ့က ဝမ္းစာေရးကအေရးႀကီးတယ္ll ငါတို ့ကက်န္းမာနုပ်ိဳေသးတယ္ ဟုအထင္ျဖင့္မေနၾက ပါနဲ ့ llငါကပညာတတ္တယ္ဟုမာန္မဝံ ့ပါနဲ ့ ကုသိုလ္မရွိ အပါယ္က်တတ္ပါတယ္ll

ငါကရုပ္ေခ်ာတယ္ ဥစၥာေပါတယ္ဟုအထင္မႀကီးပါနဲ ့ ကုသိုလ္မရွိအပါယ္က်တတ္ပါတယ္ll ငါကရာထူးရွိတယ္ အာဏာရွိတယ္ ငါ့ကိုဘယ္သူမွမေျပာဝံ ့ဘူးဟုမာနမဝင္ပါနဲ ့ ll

ေသေသအခါ ေသမင္းဖဝါးေအာက္ ျပားျပားေမွာက္ မွာပါ llကုသိုလ္မရွိအပါယ္ေရာက္ရမွာပါ llျမတ္ဗုဒၶက ဇီဝိတံ ဗ်ာဓိ ကာေလာစ l ေဒဟနိေကၡပနံ ဂတိ ံ မိမိအသက္အရြယ္မည္မ်ွမွာေသမယ္ll

ဘယ္ေရာဂါနဲ ့ေသမယ္ll ဘယ္ကာလမွာေသမယ္ll ဘယ္မွာမိမိခႏၶာကိုျမဳပ္ႏွံရမယ္llေသၿပီးေသာအခါဘယ္ဘုံဘဝေရာက္မယ္ ဆိုတာမည္ သူမွမသိနိုင္ပါ ll

နံနက္ရွိေသာ္လည္း ေန ့လယ္မရွိ ေန ့လည္ရွိေသာ္လည္း ညေနမရွိ ညေနရွိေသာ္လည္း မိုးခ်ဳပ္ေသာအခါမရွိ မိုးခ်ဳပ္ေသာ္အခါရွိေသာ္လည္း နံနက္မိုးလင္းမရွိ ll

ထိုသို ့ေကာင္းကင္ပ်ံထြက္ လ်ွပ္စီးလက္သေလာက္ေနရ ေသာ လူ ့ဘဝမွာ ကုသိူလ္တရားျပဳလုပ္ရန္အတြက္ ေန ့ေရြ ့ ညေရြ ့ အရြယ္ၾကည့္ အခ်ိန္ၾကည့္ ကာလကို ၾကည့္၍ ျပဳလုပ္ေနမည္ဆိုေသာ္

ယေန ့ျပဳလုပ္လ်ွင္ရပါလ်ွက္ မနက္ျဖန္မွကုသိုလ္ကို ျပဳလုပ္မည္ဟုေရြ ့ေနရင္း မနက္ျဖန္မေရာက္ခင္ ယေန ့မွာ သင္တို ့ ငါတို ့ေသဆုံးခဲ ့ပါလ်ွင္ ဘယ္ေတာ့မွ ကုသိုလ္ျပဳႏိုင္မည္မဟုတ္ပါ ll

ေန ့စဥ္ ေန ့တိုင္းသာမက ယေန ့ပင္လ်ွင္ကုသိုလ္ျပဳပါ ll မနက္ျဖန္ဆို အရမ္းေနာက္က်သြားပါလိမ့္မယ္ll

အရွင္ဣေႏၵာဘာသ – ဟိုင္းႀကီးကြ်န္းၿမိဳ ့ …..ဘုန္းဘုန္းသက္ေတာ္ ရာေက်ာ္႐ွည္ပါေစဘုရား

Unicode

သံဝေဂ ရကြပါစေ …ကိုယ့်နောက်ပါမသွားသော ရွှေ ငွေ များ

သေဆုံးသွားသူရဲ့ကျန်ရှိရွှေငွေပစ္စည်းတွေ တန်ဘိုးဘယ်လောက်မှန်းမသိရသေး စစ်ဆေးရေတွက်နေကြဆဲပါ။တူ တူမတွေ ခွဲဝေပေးဘို့ ရပ်ရွာလူကြီးများ အသိသက်သေထားပြီး ငွေများရေတွက်နေကြတာပါ။

အော် ထိုက်သူစံကြရပြီပေါ့ ရွှေထည်များအတွက် ပန်းတိမ်ဆရာများပါ ခေါ်ထားရပါတယ်….ငွေသား ၁၃၆ သိန်း ၉၂၀၀၀ိ/ ရွှေ ၁၃ ကျပ်သားကျော်၊ ကျောက် ပုလဲ တန်ဘိုးမပါ။

သံဝေဂရစရာပါ……

ကွယ်လွန်သူ ဒေါ်ညွန့်ခင် ကျောင်းဆရာမကြီး (ငြိမ်း)ရေဦးကုန်းရပ်ကွက် ရေဦးမြို့…..။အောင်ဝင်း

လက်စနဲ့ အောက်က သံဝေဂလေးကိုပါ ပြီးဆုံးအောင် ဖတ်သွားလိုက်ပါနော်..။ ပြီး Share လုပ်ပြီး မျှေ၀ ကုသိုလ်ယူသွားနိုင်ကြပါစေ…။

မနက်ဖြန်ဆို အရမ်းနောက်ကျသွားလိမ့်မယ်။

လူဘဝရလာစဉ်မှာမဖြစ်မနေပြုလုပ်ရမှာက ကုသိုလ်တရား လူ့ဘဝရောက်လာစဉ်မှာမဖြစ်မနေရှောင်ကြဉ်ရမှာက အကုသိုလ်တရား….

ကုသိုလ်တရားသည်ကိုယ်တိုင်ပြုလုပ်သော်မှ မိမိ၏စိတ် ပေါ်မူတည်၍ အကျိုးပေးသော်လည်း အကုသိုလ်ဟူသည်က အာရုံခြောက်ပါးမှမဖိတ်ခေါ်ပဲ အမြဲဝင်နေသောအရာပါပဲ ll

မျက်ကလှတာမြင်ရင်တော့လိုချင် လိုချင်မှ ု့သည် တဏှာ အကုသိုလ်ပါပဲ llရုပ်ဆိုးတာ သဘောမကျတာမြင်တော့ ဒေါသ အကုသိုလ်ပါပဲ ll နားကသာယာဖွယ် အသံကြားတော့ နှစ်သက်ပြန်တယ်ll

နှစ်သက်မှ ု့က တဏှာ အကုသိုလ်ပါပဲ ll မနှစ်သက်ဖွယ် ဆူညံသောအသံကြားတော့ ဒေါသ ထိုဒေါသသည် အကုသိုလ်ပါပဲ ll

နှာခေါင်းမှာမွှေးပျံ့သောရနံ့ရသောအခါ နှစ်သက်ပါပြီ ထိုနှစ်သက်မှ ု့သည် တဏှာ အကုသိုလ်ပါပဲ ll နံသောအနံ့ရသောအခါ မလိုလားမှ ု့ ဒေါသ ထိုဒေါသသည်အကုသိုလ်ပါပဲll

လျှာက အရသာခံပါတယ်ll အရသာကောင်းတာစားရတော့ တဏှာ မကောင်းတာစားသောအခါ ဒေါသ ထိုဒေါသသည် အကုသိုလ်ပါပဲ ll ကိုယ်ခန္ဓာမှာလှပကျော့ရှင်းမှ ု့ကိုကြိုက်တယ်ll

နူးညံ့သောအထိအတွေ့ဆိုလျှင်ကြိုက်တယ်ll ထိုနှစ်သက်ခြင်းသည် တဏှာ အကုသိုလ်ပါပဲ llစိတ်ဆိုသည်မှာအကုသိုလ်ဖြစ်ရန်အလွယ်ဆုံးဖြစ်ပါ တယ်ll

စားနေစဉ် l အိပ်နေရာမှဖြတ်ကနဲနိုးလိုက်သည် နှင့် l သွားနေစဉ် l ထိုင်နေစဉ်မှာ မိမိစိတ်ကိုသတိ အသိ ဖြင့် မဆုံးမနိုင်လျှင် အကုသိုလ် တသီတတန်းကြီးဖြစ်လာ တာပါပဲ ll

မြတ်ဗုဒ္ဓက ပါပသ္မိ ံ ရမတိ မနော စိတ်သည်မကောင်းမှ ု့၌မွေ့ပျော်၏ ဟုဟောခဲ့ပါတယ် မြင်ဖူးသောအရာပေါ်မှာ နှစ်သက်ခြင်း l မနှစ်သက်ခြင်း ကြောင့် လောဘ ဒေါသဖြင့်အကုသိုလ်ဖြစ်ပါတယ်ll

အသက်အရွယ်ကြီးရင့်အိုမင်းသောသူများပင် အလုပ် မလုပ်နိုင်သော်လည်း မိမိနေအိမ်ပေါ်တွင်ထိုင်နေစဉ်ပင် မိမိ၏စိတ်ကိုမထိန်းနိုင်၍ အကုသိုလ်ဖြစ်နေကြပါတယ်….

ကိုယ်ခန္ဓာဖြင့်မလုပ်နိုင်သော်လည်း စိတ်ဖြင့်ဟိုလူကို သဘောမကျ l ဒီလူကိုစိတ်တိုင်းမကျ ဖြင့်ထိုင်နေရာမှာ ပင်အကုသိုလ်ဖြစ်နေတတ်ပါတယ်ll

ထိုအကုသိုလ်နေရာမှာ မိမိစိတ်ကို ကုသိုလ်အစားထိုး၍ ကိလေသာတရား နေရာမှာ ဝိပဿနာဘာဝနာတရား နေရာယူ၍ ဖြစ်ပြီးသောအကုသိုလ်များပြေပျောက်စေရန် ။

မဖြစ်လာသေးသောအကုသိုလ်တရားများမိမိသန္တာန်မှာ မဖြစ်ပေါ်စေရန် l မပြုလုပ်ရသေးသောကုသိုလ်တရားများကိုပြုလုပ်ရန် အလွန်ပင်အရေးကြီးလှပါတယ်ll

မိမိဝမ်းရေးအတွက်နေ့ညမနားအလုပ်လုပ်သကဲ့သို့ အကုသိုလ်ပါယ်ကြောင်း ကုသိုလ်ရကြောင်းတရားများ ကိုလည်းနေ့စဉ်ပြုလုပ်ရပါမယ်ll ကုသိုလ်အရေးကို ငါတို့ကငယ်သေးတယ်ll

ငါတို့က ဝမ်းစာရေးကအရေးကြီးတယ်ll ငါတို့ကကျန်းမာနုပျိုသေးတယ် ဟုအထင်ဖြင့်မနေကြ ပါနဲ့ llငါကပညာတတ်တယ်ဟုမာန်မဝံ့ပါနဲ့ ကုသိုလ်မရှိ အပါယ်ကျတတ်ပါတယ်ll

ငါကရုပ်ချောတယ် ဥစ္စာပေါတယ်ဟုအထင်မကြီးပါနဲ့ ကုသိုလ်မရှိအပါယ်ကျတတ်ပါတယ်ll ငါကရာထူးရှိတယ် အာဏာရှိတယ် ငါ့ကိုဘယ်သူမှမပြောဝံ့ဘူးဟုမာနမဝင်ပါနဲ့ ll

သေသေအခါ သေမင်းဖဝါးအောက် ပြားပြားမှောက် မှာပါ llကုသိုလ်မရှိအပါယ်ရောက်ရမှာပါ llမြတ်ဗုဒ္ဓက ဇီဝိတံ ဗျာဓိ ကာလောစ l ဒေဟနိက္ခေပနံ ဂတိ ံ မိမိအသက်အရွယ်မည်မျှမှာသေမယ်ll

ဘယ်ရောဂါနဲ့သေမယ်ll ဘယ်ကာလမှာသေမယ်ll ဘယ်မှာမိမိခန္ဓာကိုမြုပ်နှံရမယ်llသေပြီးသောအခါဘယ်ဘုံဘဝရောက်မယ် ဆိုတာမည် သူမှမသိနိုင်ပါ ll

နံနက်ရှိသော်လည်း နေ့လယ်မရှိ နေ့လည်ရှိသော်လည်း ညနေမရှိ ညနေရှိသော်လည်း မိုးချုပ်သောအခါမရှိ မိုးချုပ်သော်အခါရှိသော်လည်း နံနက်မိုးလင်းမရှိ ll

ထိုသို့ကောင်းကင်ပျံထွက် လျှပ်စီးလက်သလောက်နေရ သော လူ့ဘဝမှာ ကုသိူလ်တရားပြုလုပ်ရန်အတွက် နေ့ရွေ့ ညရွေ့ အရွယ်ကြည့် အချိန်ကြည့် ကာလကို ကြည့်၍ ပြုလုပ်နေမည်ဆိုသော်။

ယနေ့ပြုလုပ်လျှင်ရပါလျှက် မနက်ဖြန်မှကုသိုလ်ကို ပြုလုပ်မည်ဟုရွေ့နေရင်း မနက်ဖြန်မရောက်ခင် ယနေ့မှာ သင်တို့ ငါတို့သေဆုံးခဲ့ပါလျှင် ဘယ်တော့မှ ကုသိုလ်ပြုနိုင်မည်မဟုတ်ပါ ။

နေ့စဉ် နေ့တိုင်းသာမက ယနေ့ပင်လျှင်ကုသိုလ်ပြုပါ ll မနက်ဖြန်ဆို အရမ်းနောက်ကျသွားပါလိမ့်မယ်ll

အရှင်ဣန္ဒောဘာသ – ဟိုင်းကြီးကျွန်းမြို့ …..ဘုန်းဘုန်းသက်တော် ရာကျော်ရှည်ပါစေဘုရား

Be the first to comment

Leave a Reply

Your email address will not be published.


*