တန္ဖိုးမျဖတ္နိုင္ေသာ အေဖေပးခဲ့တဲ့ သင္ခန္းစာ

တန္ဖိုးမျဖတ္နိုင္ေသာ အေဖေပးခဲ့တဲ့ သင္ခန္းစာ

အေတြ႔အႀကံဳဆိုတာ အရက္စက္ အႀကဳမ္းႀကဳတ္ဆံုး ဆရာပဲ ဒါေပမဲ႔အဲဒီက သင္ခန္းစာယူစမ္းပါ။ယူျဖစ္ေအာင္ယူပါ။ စပိန္ျပည္ေတာင္ပိုင္းရွိအက္စတီပိုနာဆိုသည့္ေနရာေလးမွာ ကၽြန္ေတာ္ႀကီးျပင္းခဲ႔သည္။ ကၽြန္ေတာ္အသက္ ၁၆ ႏွစ္အရြယ္ တစ္ေန႔နံနက္မွာ အေဖကသူ႔အားကၽြန္ေတာ္တို႔ႏွင့္ ၁၈ မိုင္ေလာက္အကြာမွာရွိသည့္မီးဂ်ား(စ)ရြာသို႔ကားေမာင္းပို႔ခြင့္ေပးသည္။အဲသည္လိုခြင့္ေပးျခင္းအတြက္ ကၽြန္ေတာ္က ကားကိုအ

နီးရွိ ဝပ္ေရွာတစ္ခုမွာ ေရေဆးဆီိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိလိုက္ထိုး လုပ္ေပးရန္ပါတာဝန္ယူရသည္။ အဲသည္တုန္းက ကၽြန္ေတာ္ကားေမာင္းတတ္စ ကားကို ကိုင္တြယ္သံုးစြဲခြင့္လည္း ေသေသခ်ာခ်ာမရဖူး ေသးသည့္ကာလျဖစ္ရာ အေဖေျပာသည့္အခါကၽြန္ေတာ္အလ်င္အျမန္ပင္ ေခါင္းညိတ္ျဖစ္ခဲ႔သည္။ကၽြန္ေတာ္မီး ဂ်ား (စ) သို႔ကားေမာင္းပို႔သည္ သည္ေနာက္ညေန ၄နာရီတိတိမွာျပန္လာႀကိဳမည္ဟုကတိေပးခဲ႔ျပီးဝပ္ေရွာ့ရွိရာ တန္းသြားကာ

ကားကိုအပ္သည္။တန္ဖိုးမျဖတ္နိုင္ေသာ အေဖေပးခဲ့တဲ့ သင္ခန္းစာ အဲသည္ေနာက္မွာ အခ်ိန္အေတာ္ေလးပိုေနသျဖင့္ ဝပ္ေရွာ့အနီးရွိရာရုပ္ရွင္ရုံမွာရုပ္ရွင္တစ္ကားႏွစ္ကားဝင္ႀကည့္မည္ဟု ကၽြန္ေတာ္ဆံုးျဖတ္လိုက္သည္။ရုံထဲေရာက္ျပီးသည့္ေနာက္ ရုပ္ရွင္

ဇာတ္လမ္းမ်ားထဲ ကၽြန္ေတာ္ေမ်ာပါကာအခ်ိန္ဘယ္ေလာက္ႀကာမွန္းမသိ္ျဖစ္သြားသည္။ေနာက္ဆံုးကားျပီးနာရီႀကည့္မိသည့္အခါ ၆နာရီထိုးေနျပီ။ ႏွစ္နာရီိတိတိကၽြန္ေတာ္ေနာက္က်သြားျပီ။ ရုပ္ရွင္ႀကည္ေနေနာ

က္က်မွန္းသိလွ်င္ အေဖအႀကီးအက်ယ္ေဒါသထြက္ေတာ့မည္။ကၽြန္ေတာ့္ကိုဘယ္ေတာ့မွ ကားေမာင္းခြင့္ေပးမည္မဟုတ္ေတာ့။ထို႔ေႀကာင့္အေဖအားကားမွာျပင္စရာေတြရွိေနဝပ္ေရွာ့ကလူေတြ ထင္ထားတာထက္ အႀကာႀကီးအခ်ိန္ယူလုပ္ကိုင္ေနရေႀကာင္း ေျပာရန္စဥ္းစားျပီးလာခဲသည္။အေဖႏွင့္ေတြ႔ရန္ ခ်ိန္းထားသည့္ေနရာသို႔ေရာက္သည့္အခါ စိတ္ရွည္လက္ရွည္ပင္ အေဖေစာင့္ေမွ်ာ္ေနတာ ကၽြန္ေတာ္ေတြ႔ရသည္။ေ

နာက္က်သည့္အတြက္ေတာင္းပန္ေႀကာင္းစကားပလႅင္ခံကာ ကၽြန္ေတာ္တတ္ႏိုင္သမွ်အျမန္ဆံုးလာခဲ႔ျခင္းျဖစ္ေႀကာင္း ဝပ္ေရွာ့မွာႀကီးႀကီးမားမားျပင္ရတာေတြရွိေနသျဖင့့္ သည္ေလာက္ႀကာေနျခင္းျဖစ္ေႀကာင္း ကၽြန္ေတာ္ေျပာလိုက္သည့္အခ်ိန္ ကၽြန္ေတာ့္ကို လွမ္းႀကည့္လိုက္အေဖ၏အႀကည့္ကိုကၽြန္ေတာ္တစ္သက္ေမ့ႏိုင္မည္မဟုတ္ပါ။ ေဂ်ဆင္ ဒီကိစၥအေဖ႔ကို လိမ္ေျပာမွျဖစ္မယ္လို႔ မင္းသေဘာထားတာ အေဖစိိတ္မေ

ကာင္းဘူးသားဘာျဖစ္လို႔လဲအေဖကၽြန္ေတာ္အမွန္အတိုင္းေျပာတာပဲဟာ အေဖကၽြန္ေတာ့္ကိုထပ္ႀကည့္ျပန္သည္၊ မင္းေပၚမလာေတာ့ငါဝပ္ေရွာ့ကိုဘာေတြျဖစ္ေနလဲလွမ္းေမးတယ္ မင္းလာမယူေသးတာတဲ႔ အဲဒီေတာ့ကားမွာ ဘာမွမျဖစ္ဘူးဆိုတာငါသိျပီးသားေပါ့ကြ၊ ရုတ္တရက္ရွက္ေႀကာက္သည့္စိတ္ျဖင့္ ကၽြန္ေတာ္ထူပူသြားသည္ ရုပ္ရွင္ရုံသို႔သြားမိသျဖင့္ေနာက္က်ရျခင္းျဖစ္ေႀကာင္း မပြင့္တပြင့္ ကၽြန္ေတာ္ဖြင့္ဟဝန္ခံ

ရသည္။ကၽြန္ေတာ့္စကားမ်ားကို စူးစိုက္နားေထာင္ရင္းအေဖ့မ်က္ႏွာမွွာဝမ္းနည္းေႀကကြဲသည့္ အရိပ္လကၡဏာမ်ားယွက္သန္းလာသည္။အေဖေတာ္ေတာ္ေဒါသထြက္တယ္သား၊သားကိုမဟုတ္ဘူး ကိုယ့္ကိုကိုယ္ေဒါသထြက္တာ၊သားစဥ္းစားႀကည့္၊ဒီအရြယ္ေလာက္ထိ ေရာက္လာတဲ႔အခ်ိန္သားမွာအေဖကိုလိမ္ေျပာရမယ္ဆိုတဲ႔စိတ္မ်ိဳးရွိေနတာ အေဖညံ့လို႔ပဲ၊အေဖေမြးထားတဲ႔သားဟာ ကိုယ့္အေဖကိုုေတာင္ အမွန္အတို

င္း မေျပာတဲ႔လူတစ္ေယာက္္ျဖစ္ေနတာ အေဖအသံုးမက်လို႔ပဲ၊ဖခင္တစ္ေယာက္အေနနဲ႔ အေဖမေအာင္ျမင္ခဲ႔ဘူး၊အခုအေဖအိမ္ကိုလမ္းcေလွ်ာက္ျပီးျပန္မယ္၊သားကိုျပဳစုပ်ိဳးေထာင္ခဲ႔တဲ႔ဒီႏွစ္ကာလေတြအတြင္း အေဖဘာအမွားေတြက်ဴးလြန္မိခဲ႔သလဲအေျဖေပၚတဲ႔အထိအေဖစဥ္းစားသြားမယ္၊အေဖ အိမ္အထိက ၁၈ မိုင္ေတာင္ေဝးတယ္ အေဖရယ္ ျပီးေတာ့ေမွာင္လဲေမွာင္ေနျပီဒီေလာက္အေဝးႀကီးအေဖေလွ်ာက္လို႔ဘယ္ျ

ဖစ္မလဲ ကၽြန္ေတာ္ေတာင္းပန္တာ ကန္႔ကြက္တာေဖ်ာင္းဖ်ေျပာဆိုတာေတြအားလုံးပင္အခ်ည္းအႏွီးသာျဖစ္ခဲ႔သည္။အေဖအႀကီအက်ယ္စိိတ္မခ်မ္းမသားျဖစ္ေအာင္ ကၽြန္ေတာ္လုပ္ခဲ႔မိျပီိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိိ။ယခုေတာ့ကၽြန္ေတာ့္တစ္သက္တာမွာ အထိခိုက္ အနာက်င္ရဆံုးသင္ခန္းစာတစ္ခု ကၽြန္ေတာ္ခံယူရေတာ့မည္။ဖုန္ထူေသာထိုလမ္းအတိုင္း အေဖေလွ်ာက္သြားသည့္အခါ ကၽြန္ေတာ္ ကားေပၚေျပးတက္ျပီး အေဖ့ေနာက္ကလိုက္ရသည္။

သည္မွ်ဆိုလွ်င္အေဖရပ္ေလမည္လား အေဖေလွ်ာ့ေတာ့မည္လားေမွ်ာ္လင့္ႀကီးစြာျဖင့္ တစ္လမ္းလံုးကၽြန္ေတာ္ေတာင္းပန္တိုးလွ်ိဳးလာသည္။အေဖကၽြန္ေတာ့္ကို တစ္ခြန္းမွ်ျပန္မေျပာ ဝမ္းနည္းေႀကကြဲစြာ ေတြေဝေငးေမာကာသာ ေလွ်ာက္သြားေနသည္။၁၈ မိုင္လံုးလံုးအေဖလမ္းေလွ်ာက္သည့္ေနာက္က ပ်မ္းမွ်တစ္နာရီ ၅ မိုင္ႏႈန္းေလာက္ျဖင့္ကၽြန္ေတာ္ကားေမာင္းလိုက္ပါရသည္။ ကၽြန္ေတာ့္ဘဝတစ္သက္တာတြင္ အေဖ့

ကိုအဲသည္လို ကိုပင္ပန္းျခင္း စိတ္ပင္ပန္းျခင္းႀကီးစြာခံစားေနရသည့္အေနအထားျဖင့္ျမင္ေတြ႔ေနခဲ႔ရသည့္ ထိုစဥ္ကအျဖစ္ေလာက္ ခါးသီးဖြယ္ရင္နင့္ဖြယ္ေကာင္းလွေသာအေတြ႔အႀကံဳမ်ိဳးမရွိေတာ့ပါ။သို႔ေသာ္အဲသည္အျဖစ္ အဲသည္အေတြ႔အႀကံဳသည္ ကၽြန္ေတာ့္ႏွလံုးသည္းပြတ္ထဲတြင္္ထာဝရစြဲျမဲသြားေစမည့္သင္ခန္းစာတစ္ခုေပးခဲ႔သည္။ေနာင္တစ္သက္ပတ္လံုးအေဖ့ေရွ႕ေမွာက္မမွန္ေသာစကားကိုိတစိုးတစိမွ်ပင္ကၽြန္ေတာ္မဆိုျဖစ္ေတာ့။

ခရက္ဒစ္ ေဖျမင့္

တန္ဖိုးမျဖတ္နိုင္ေသာ အေဖေပးခဲ့တဲ့ သင္ခန္းစာ

အတွေ့အကြုံဆိုတာ အရက်စက် အကြုမ်းကြုတ်ဆုံး ဆရာပဲ ဒါပေမဲ့အဲဒီက သင်ခန်းစာယူစမ်းပါယူဖြစ်အောင်ယူပါ။ စပိန်ပြည်တောင်ပိုင်းရှိအက်စတီပိုနာဆိုသည့်နေရာလေးမှာ ကျွန်တော်ကြီးပြင်းခဲ့သည်။ ကျွန်တော်အသက် ၁၆ နှစ်အရွယ် တစ်နေ့နံနက်မှာ အဖေကသူ့အားကျွန်တော်တို့နှင့် ၁၈ မိုင်လောက်အကွာမှာရှိသည့်မီးဂျား(စ)ရွာသို့ကားမောင်းပို့ခွင့်ပေးသည်။ အဲသည်လိုခွင့်ပေးခြင်းအတွက်

ကျွန်တော်က ကားကိုအနီးရှိ ဝပ်ရှောတစ်ခုမှာ ရေဆေးဆီလိုက်ထိုး လုပ်ပေးရန်ပါတာဝန်ယူရသည်။ အဲသည်တုန်းက ကျွန်တော်ကားမောင်းတတ်စ ကားကို ကိုင်တွယ်သုံးစွဲခွင့်လည်း သေသေချာချာမရဖူး သေးသည့်ကာလဖြစ်ရာ အဖေပြောသည့်အခါကျွန်တော်အလျင်အမြန်ပင် ခေါင်းညိတ်ဖြစ်ခဲ့သည်။ကျွန်တော်မီး ဂျား (စ) သို့ကားမောင်းပို့သည် သည်နောက်ညနေ ၄နာရီတိတိမှာပြန်လာကြိုမည်ဟုကတိပေး

ခဲ့ပြီးဝပ်ရှော့ရှိရာ တန်းသွားကာ ကားကိုအပ်သည်။ အဲသည်နောက်မှာ အချိန်အတော်လေးပိုနေသဖြင့် ဝပ်ရှော့အနီးရှိရာရုပ်ရှင်ရုံမှာရုပ်ရှင်တစ်ကားနှစ်ကားဝင်ကြည့်မည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။ရုံထဲရောက်ပြီးသည့်နောက် ရုပ်ရှင်ဇာတ်လမ်းများထဲ ကျွန်တော်မျောပါကာအချိန်ဘယ်လောက်ကြာမှန်းမသိဖြစ်သွားသည်။ နောက်ဆုံးကားပြီးနာရီကြည့်မိသည့်အခါ ၆နာရီထိုးနေပြီ။ နှစ်နာရီတိတိ

ကျွန်တော်နောက်ကျသွားပြီ။ ရုပ်ရှင်ကြည်နေနောက်ကျမှန်းသိလျှင် အဖေအကြီးအကျယ်ဒေါသထွက်တော့မည်။ကျွန်တော့်ကိုဘယ်တော့မှ ကားမောင်းခွင့်ပေးမည်မဟုတ်တော့။ထို့ကြောင့်အဖေအားကားမှာပြင်စရာတွေရှိနေဝပ်ရှော့ကလူတွေ ထင်ထားတာထက် အကြာကြီးအချိန်ယူလုပ်ကိုင်နေရကြောင်း ပြောရန်စဉ်းစားပြီးလာခဲသည်။အဖေနှင့်တွေ့ရန် ချိန်းထားသည့်နေရာသို့ရောက်သည့်အခါ စိတ်ရှည်

လက်ရှည်ပင် အဖေစောင့်မျှော်နေတာ ကျွန်တော်တွေ့ရသည်။နောက်ကျသည့်အတွက်တောင်းပန်ကြောင်းစကားပလ္လင်ခံကာ ကျွန်တော်တတ်နိုင်သမျှအမြန်ဆုံးလာခဲ့ခြင်းဖြစ်ကြောင်း ဝပ်ရှော့မှာကြီးကြီးမားမားပြင်ရတာတွေရှိနေသဖြင့် သည်လောက်ကြာနေခြင်းဖြစ်ကြောင်း ကျွန်တော်ပြောလိုက်သည့်အချိန် ကျွန်တော့်ကို လှမ်းကြည့်လိုက်အဖေ၏အကြည့်ကိုကျွန်တော်တစ်သက်မေ့နိုင်မည်မဟုတ်ပါ။

ဂျေဆင် ဒီကိစ္စအဖေ့ကို လိမ်ပြောမှဖြစ်မယ်လို့ မင်းသဘောထားတာ အဖေစိတ်မကောင်းဘူးသားဘာဖြစ်လို့လဲအဖေကျွန်တော်အမှန်အတိုင်းပြောတာပဲဟာ အဖေကျွန်တော့်ကိုထပ်ကြည့်ပြန်သည်၊ မင်းပေါ်မလာတော့ငါဝပ်ရှော့ကိုဘာတွေဖြစ်နေလဲလှမ်းမေးတယ် မင်းလာမယူသေးတာတဲ့ အဲဒီတော့ကားမှာ ဘာမှမဖြစ်ဘူးဆိုတာငါသိပြီးသားပေါ့ကွ၊ ရုတ်တရက်ရှက်ကြောက်သည့်စိတ်ဖြင့် ကျွန်တော်ထူပူသွား

သည် ရုပ်ရှင်ရုံသို့သွားမိသဖြင့်နောက်ကျရခြင်းဖြစ်ကြောင်း မပွင့်တပွင့် ကျွန်တော်ဖွင့်ဟဝန်ခံရသည်။ကျွန်တော့်စကားများကို စူးစိုက်နားထောင်ရင်းအဖေ့မျက်နှာမှာဝမ်းနည်းကြေကွဲသည့် အရိပ်က္ခဏာများယှက်သန်းလာသည်။အဖေတော်တော်ဒေါသထွက်တယ်သား၊သားကိုမဟုတ်ဘူး ကိုယ့်ကိုကိုယ်ဒေါသထွက်တာ၊သားစဉ်းစားကြည့်၊ဒီအရွယ်လောက်ထိ ရောက်လာတဲ့အချိန်သားမှာအဖေကိုလိမ်ပြော

ရမယ်ဆိုတဲ့စိတ်မျိုးရှိနေတာ အဖေညံ့လို့ပဲ၊အဖေမွေးထားတဲ့သားဟာ ကိုယ့်အဖေကိုတောင် အမှန်အတိုင်း မပြောတဲ့လူတစ်ယောက်ဖြစ်နေတာ အဖေအသုံးမကျလို့ပဲ၊ဖခင်တစ်ယောက်အနေနဲ့ အဖေမအောင်မြင်ခဲ့ဘူး၊အခုအဖေအိမ်ကိုလမ်းလျှောက်ပြီးပြန်မယ်၊သားကိုပြုစုပျိုးထောင်ခဲ့တဲ့ဒီနှစ်ကာလတွေအတွင်း အဖေဘာအမှားတွေကျူးလွန်မိခဲ့သလဲအဖြေပေါ်တဲ့အထိအဖေစဉ်းစားသွားမယ်၊အဖေ အိမ်အထိ

က ၁၈ မိုင်တောင်ဝေးတယ် အဖေရယ် ပြီးတော့မှောင်လဲမှောင်နေပြီဒီလောက်အဝေးကြီးအဖေလျှောက်လို့ဘယ်ဖြစ်မလဲ ကျွန်တော်တောင်းပန်တာ ကန့်ကွက်တာဖျောင်းဖျပြောဆိုတာတွေအားလုံးပင်အချည်းအနှီးသာဖြစ်ခဲ့သည်။အဖေအကြီအကျယ်စိတ်မချမ်းမသားဖြစ်အောင် ကျွန်တော်လုပ်ခဲ့မိပြီ။ယခုတော့ကျွန်တော့်တစ်သက်တာမှာ အထိခိုက် အနာကျင်ရဆုံးသင်ခန်းစာတစ်ခု ကျွန်တော်ခံယူရ

တော့မည်။ဖုန်ထူသောထိုလမ်းအတိုင်း အဖေလျှောက်သွားသည့်အခါ ကျွန်တော် ကားပေါ်ပြေးတက်ပြီး အဖေ့နောက်ကလိုက်ရသည်။သည်မျှဆိုလျှင်အဖေရပ်လေမည်လား အဖေလျှော့တော့မည်လားမျှော်လင့်ကြီးစွာဖြင့် တစ်လမ်းလုံးကျွန်တော်တောင်းပန်တိုးလျှိုးလာသည်။အဖေကျွန်တော့်ကို တစ်ခွန်းမျှပြန်မပြော ဝမ်းနည်းကြေကွဲစွာ တွေဝေငေးမောကာသာ လျှောက်သွားနေသည်။၁၈ မိုင်လုံးလုံးအဖေ

လမ်းလျှောက်သည့်နောက်က ပျမ်းမျှတစ်နာရီ ၅ မိုင်နှုန်းလောက်ဖြင့်ကျွန်တော်ကားမောင်းလိုက်ပါရသည်။ ကျွန်တော့်ဘဝတစ်သက်တာတွင် အဖေ့ကိုအဲသည်လို ကိုပင်ပန်းခြင်း စိတ်ပင်ပန်းခြင်းကြီးစွာခံစားနေရသည့်အနေအထားဖြင့်မြင်တွေ့နေခဲ့ရသည့် ထိုစဉ်ကအဖြစ်လောက် ခါးသီးဖွယ်ရင်နင့်ဖွယ်ကောင်းလှသောအတွေ့အကြုံမျိုးမရှိတော့ပါ။သို့သော်အဲသည်အဖြစ် အဲသည်အတွေ့အကြုံသည် ကျွန်

တော့်နှလုံးသည်းပွတ်ထဲတွင်ထာဝရစွဲမြဲသွားစေမည့်သင်ခန်းစာတစ်ခုပေးခဲ့သည်။နောင်တစ်သက်ပတ်လုံးအဖေ့ရှေ့မှောက်မမှန်သောစကားကိုတစိုးတစိမျှပင်ကျွန်တော်မ
ဆိုဖြစ်တော့။

ခရက္ဒစ္ ေဖျမင့္

Be the first to comment

Leave a Reply

Your email address will not be published.


*