ေတာင္သူဦးႀကီးမ်ားကို ဒုကၡေပးတဲ့ၾကြက္မ်ား ႏွိမ္ႏွင္းရန္ ေျမြအေကာင္ 600 လႊတ္ေပး

ဖယ္ခုံၿမိဳ႕၌ ၾကြက္ႏွိမ္နင္းရန္ ေျမြအေကာင္​ေျခာက္​ရာလႊတ္၊ ေဒသခံမ်ားက အေကာင္ ၃၀ ကို ရိုက္သတ္

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဖယ္ခုံၿမိဳ႕နယ္ သိက်ိတ္ေက်းရြာအုပ္စုႏွင့္ ဆီးဘူးေက်းရြာအုပ္စုတုိ႔တြင္ ၾကြက္ေဘး က်ေရာက္မႈကို ေျဖရွင္းႏွိမ္နင္းရန္အတြက္ ျပည္နယ္အစိုးရအဖြဲ႕အစီအစဥ္ျဖင့္ ေျမြအေကာင္ ၆၀၀ လႊတ္ေပးထားျခင္းေၾကာင့္ ၾကြက္မပြားဘဲ ေျမြပြားလာမည္ကို ေဒသခံမ်ားက စိုးရိမ္ေနၾကေၾကာင္း ဆီးဘူးေက်းရြာေဒသ

ခံ တစ္ဦးက ျမန္မာ့တိုင္းမ္ကို ေျပာသည္။ ရွမ္းျပည္နယ္ရိွ လူဦးေရ၏ ၇၀ ရာခုိင္ႏႈန္းမွာ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ေတာင္ယာလုပ္ငန္းကို လုပ္ကုိင္လ်က္ရိွ သျဖင့္ ၾကြက္ေဘးက်ေရာက္လ်က္ရိွေသာ သိက်ိတ္ေက်းရြာအုပ္စုရိွ ရြာေျခာက္ရြာအတြက္ တစ္ရြာလွ်င္ အေကာင္ ၅၀ ႏႈန္းျဖင့္လည္းေကာင္း၊ ဆီးဘူးေက်းရြာအုပ္စုရိွ ပ်ဥ္ေစာင္ေ

က်းရြာအတြက္ အေကာင္ ၃၀၀ ကို လည္းေကာင္း ယခုလ ၁၅ ရက္က လႊတ္ေပးခဲ့ျခင္းျဖစ္သည္။ “ပ်ဥ္ေစာင္ေက်းရြာ ေတာအစပ္မွာ ေျမြေတြ လႊတ္ထားေတာ့ ေဒသခံေတြက ေၾကာက္ရြံ႕ၿပီး သတ္လိုက္တာ အေကာင္ ၃၀ ေလာက္ရိွတယ္။ ေတာထဲက ဟင္းသီးဟင္းရြက္ေတြ သြားမခူးရဲေတာ့ဘူး။ ေတာင္ယာမခုတ္ရဲ ေတာ့ဘူး။ ၾကြ

က္ရွင္းဖို႔ အျခားနည္းလမ္းကို စဥ္းစားသင့္တယ္။ ၾကြက္မရိွေတာ့ေပမယ့္ ေျမြေတြ ပြားလာမွာကို စိုးရိမ္ေနရတယ္” ဟု အဆုိပါေဒသခံက ေျပာသည္။ လြန္ခဲ့သည့္ တစ္ပတ္က လင္းေျမြအေကာင္ႏွစ္​ရာ ေက်ာ္ကို ျပည္နယ္အစိုးရ၏ အစီအစဥ္ျဖင့္ လႊတ္ ေပးထားျခင္းျဖစ္ၿပီး ေဒသခံမ်ားသည္ က်ားကိုပင္ အေရခြံဆုတ္ စားတတ္သူ

မ်ားျဖစ္၍ စိုးရိမ္စရာမရိွေၾကာင္း ေဒသခံ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးေမာင္က ေျပာသည္။ “ကြ်န္ေတာ္တို႔ ေဒသက လူေတြက ေျမြမေျပာနဲ႔ က်ားေတာင္ မေၾကာက္တတ္ဘူး။ ေျမြျမင္ရင္ ေၾကာက္ၾကလိမ့္ မယ္ ထိတ္လန္႔လိမ့္မယ္လို႔သာေျပာတာ။ ေတြ႕တာနဲ႔ စားပစ္မယ့္ အမ်ိဳးေတြ။ က်ားကိုေတာင္ အေရခြံဆုတ္ စားၾက

တာ။ ဝါးသီးတဲ့အခ်ိန္မွာ ၾကြက္က်တာကို မႏိုင္လို႔သာ ဒီေျမြေတြကို လႊတ္တာ။ ကြ်န္ေတာ္တို႔ေဒသမွာ ၾကြက္က်တဲ့ ႏွစ္ရိွသလို ငွက္က်တဲ့ ႏွစ္၊ ေမ်ာက္က်တဲ့ ႏွစ္၊ ေတာဝက္က်တဲ့ ႏွစ္လည္း ရိွတယ္။ ဗမာလိုေျပာရင္ ေတာ့ ကပ္ေဘးဆိုက္တာေပါ့။” ဟု ဦးဖိုးေမာင္က ေျပာသည္။ ၾကြက္ေဘးက်ေရာက္မႈ ႏွစ္ႏွစ္ရိွၿပီျဖစ္၍ ျပည္သူမ်ား

စားဝတ္ေနေရးအတြက္ ျပည္နယ္အစိုးရအဖြဲ႕က ဆန္မ်ား ေထာက္ပံ့ေပးေနရေၾကာင္း၊ ၿပီးခဲ့သည့္ ေႏြရာသီတြင္ ၾကြက္သတ္ေဆးမ်ားခ်ခဲ့သျဖင့္ ၾကြက္အမ်ားအျပားကို ရွင္းလင္းႏိုင္ခဲ့ေသာ္လည္း ထပ္မံမပြားေစရန္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးက ေျမြ အေကာင္ ၂၀၀ ပို႔ခဲ့ျခင္းျဖစ္ၿပီး တိုင္းရင္းသားေရးရာဝန္ႀကီးက လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ဦးဖိုးေမာင္က ဆက္ လက္ေျပာဆိုသည္။ ခရက္ဒစ္ – သတင္​း-တင္​့​ေဇာ္​ထြန္​း၊ ျမန္မာတုိင္းမ္

Unicodes

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုနှင့် ဆီးဘူးကျေးရွာအုပ်စုတို့တွင် ကြွက်ဘေး ကျရောက်မှုကို ဖြေရှင်းနှိမ်နင်းရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြွေအကောင် ၆၀၀ လွှတ်ပေးထားခြင်းကြောင့် ကြွက်မပွားဘဲ မြွေပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြ

ကြောင်း ဆီးဘူးကျေးရွာဒေသခံ တစ်ဦးက မြန်မာ့တိုင်းမ်ကို ပြောသည်။ ရှမ်းပြည်နယ်ရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေးနှင့် တောင်ယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိ သဖြင့် ကြွက်ဘေးကျရောက်လျက်ရှိသော သိကျိတ်ကျေးရွာအုပ်စုရှိ ရွာခြောက်ရွာအတွက် တစ်ရွာလျှင် အကောင် ၅၀

နှုန်းဖြင့်လည်းကောင်း၊ ဆီးဘူးကျေးရွာအုပ်စုရှိ ပျဉ်စောင်ကျေးရွာအတွက် အကောင် ၃၀၀ ကို လည်းကောင်း ယခုလ ၁၅ ရက်က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ “ပျဉ်စောင်ကျေးရွာ တောအစပ်မှာ မြွေတွေ လွှတ်ထားတော့ ဒေသခံတွေက ကြောက်ရွံ့ပြီး သတ်လိုက်တာ အကောင် ၃၀ လောက်ရှိတယ်။

တောထဲက ဟင်းသီးဟင်းရွက်တွေ သွားမခူးရဲတော့ဘူး။ တောင်ယာမခုတ်ရဲ တော့ဘူး။ ကြွက်ရှင်းဖို့ အခြားနည်းလမ်းကို စဉ်းစားသင့်တယ်။ ကြွက်မရှိတော့ပေမယ့် မြွေတွေ ပွားလာမှာကို စိုးရိမ်နေရတယ်” ဟု အဆိုပါဒေသခံက ပြောသည်။ လွန်ခဲ့သည့် တစ်ပတ်က လင်းမြွေအကောင်နှစ်ရာ ကျော်ကို ပြည်နယ်

အစိုးရ၏ အစီအစဉ်ဖြင့် လွှတ် ပေးထားခြင်းဖြစ်ပြီး ဒေသခံများသည် ကျားကိုပင် အရေခွံဆုတ် စားတတ်သူများဖြစ်၍ စိုးရိမ်စရာမရှိကြောင်း ဒေသခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်က ပြောသည်။ “ကျွန်တော်တို့ ဒေသက လူတွေက မြွေမပြောနဲ့ ကျားတောင် မကြောက်တတ်ဘူး။ မြွေမြင်ရင်

ကြောက်ကြလိမ့် မယ် ထိတ်လန့်လိမ့်မယ်လို့သာပြောတာ။ တွေ့တာနဲ့ စားပစ်မယ့် အမျိုးတွေ။ ကျားကိုတောင် အရေခွံဆုတ် စားကြတာ။ ဝါးသီးတဲ့အချိန်မှာ ကြွက်ကျတာကို မနိုင်လို့သာ ဒီမြွေတွေကို လွှတ်တာ။ ကျွန်တော်တို့ဒေသမှာ ကြွက်ကျတဲ့ နှစ်ရှိသလို ငှက်ကျတဲ့ နှစ်၊ မျောက်ကျတဲ့ နှစ်၊

တောဝက်ကျတဲ့ နှစ်လည်း ရှိတယ်။ ဗမာလိုပြောရင် တော့ ကပ်ဘေးဆိုက်တာပေါ့။” ဟု ဦးဖိုးမောင်က ပြောသည်။ ကြွက်ဘေးကျရောက်မှု နှစ်နှစ်ရှိပြီဖြစ်၍ ပြည်သူများ စားဝတ်နေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ဆန်များ ထောက်ပံ့ပေးနေရကြောင်း၊ ပြီးခဲ့သည့် နွေရာသီတွင် ကြွက်သတ်ဆေးများချခဲ့သဖြင့်

ကြွက်အများအပြားကို ရှင်းလင်းနိုင်ခဲ့သော်လည်း ထပ်မံမပွားစေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက မြွေ အကောင် ၂၀၀ ပို့ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးက လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးဖိုးမောင်က ဆက် လက်ပြောဆိုသည်။ ခရက်ဒစ် – သတင်း-တင့်ဇော်ထွန်း၊ မြန်မာတိုင်းမ်

Be the first to comment

Leave a Reply

Your email address will not be published.


*