ဘန္ေကာက္တြင္ စိတၱဇလူသတ္သမားကို လူအ႐ိုးေပါင္းမ်ားစြာနဲ႔ ဖမ္းဆီးရမိ

ဘန္ေကာက္တြင္ စိတၱဇလူသတ္သမားကို လူအ႐ိုးေပါင္းမ်ားစြာနဲ႔ ဖမ္းဆီးရမိ

ထိုင္းႏိုင္ငံက လူသတ္သမားတစ္ေယာက္ရဲ႕ သားျဖစ္သူဟာ သူ႔ရဲ႕ေနအိမ္ၿခံဝိုင္းထဲက ေရကန္ထဲမွာ လူေတြသတ္ၿပီး ျမဳတ္ထားတာကို ရဲအဖြဲ႕က စုံစမ္းေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

သတ္ခံရသူေတြဟာ အမ်ိဳးသမီးေတြျဖစ္ၿပီး လူ႐ိုးစုေပါင္း ၂၉၈ ခုကို ရဲအဖြဲ႕က ဆယ္ယူေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

လြန္ခဲ့သည့္ ၆ လခန႔္က ေပ်ာက္ဆုံးသြားခဲ့ေသာ အသက္ ၂၂ ႏွစ္အ႐ြယ္ “ဝါရီသြန္း ခ်ိဳင္ယာခ်တ္” ဆိုသူ မိန္းကေလးရဲ႕ အေလာင္းကို သူမ၏ ရည္းစားျဖစ္တဲ့ အသက္ ၄၀ ႏွစ္အ႐ြယ္ “အပီခ်ိဳင္ အုန္းဝီဆစ္” ရဲ႕ ေနအိမ္ၿခံထဲက ေရကန္

ထဲမွာ ဇန္နဝါရီလ ၉ ရက္ေန႔က ျပန္လည္ဆယ္ယူ ေတြ႕ရွိခဲ့ၿပီးေနာက္ စိတၱဇလူသတ္သမားကို ဖမ္းဆီးထိန္းသိမ္းလိုက္တာ ျဖစ္ပါတယ္။ “ဝါရီသြန္း ခ်ိဳင္ယာခ်တ္” ရဲ႕ ေနာက္ေက်ာျပင္မွာ ထိုးထားတဲ့ ထက္တူးေၾကာင့္ သူမရဲ႕အေလာင္းျဖစ္တယ္ဆိုတာကို ပိုၿပီးအတည္ျပဳႏိုင္ခဲ့ပါတယ္။

အေလာင္းကို သံႀကိဳးမ်ားနဲ႔ ခ်ည္ေႏွာင္ကာ ေလးလံတဲ့အရာဝတၱဳေတြ ခ်ိပ္ဆြဲၿပီး ေရကန္ရဲ႕ ေအာက္ဆုံးမွာ ႏွစ္ျမဳတ္ခံထားရတာျဖစ္တယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ေဖာ္ျပထားပါတယ္။

“အုန္းဝီဆစ္” ဟာ သူ႔ရဲ႕ရည္းစား “ခ်ိဳင္ယာခ်တ္” က သူ႔ကိုထားခဲ့မည္စိုးသျဖင့္ သံေသတၱာထဲမွာ ထည့္ပိတ္ထားခဲ့ပါတယ္။ “အုန္းဝီဆစ္” က “ခ်ိဳင္ယာခ်တ္” ကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လက သူ႔ရဲ႕ေနအိမ္မွာ သတ္ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတ

ယ္။ သူ႔ရဲ႕ထြက္ဆိုခ်က္အရ သူဟာ ပိတ္ေလွာင္ထားတဲ့ သံေသတၱာကို ဖြင့္လိုက္တဲ့အခါ သူမက ေသဆုံးေနၿပီလို႔ ထြက္ဆိုထားပါတယ္။ မီဒီယာေတြကေတာ့ သူ႔ကို သံေသတၱာစိတၱဇလူသတ္သမားလို႔ ကင္ပြန္းတပ္ထားၾကပါတယ္။

ရဲအရာရွိေတြက ေရကန္ထဲမွာ အျခားသတ္ျဖတ္ခံထားရသူေတြရွိေနႏိုင္ေသးေၾကာင္း သံသယဝင္ခဲ့ၿပီးေနာက္ ေရကန္ကို ေရစုပ္ထုတ္ၿပီး ရွာေဖြခဲ့ရာ လူအ႐ိုးစုေပါင္း ၂၉၈ ခုကို ဇန္နဝါရီ ၁၇ ရက္ေန႔က ထပ္မံေတြ႕ခဲ့ရပါတယ္။

ေနအိမ္ရဲ႕ အနီးနားမွာ ေနထိုင္တဲ့ မိသားစု တစ္စုက သူတို႔ရဲ႕ ေပ်ာက္ဆုံးသြားတဲ့ ၁၂ ႏွစ္သမီးေလးရဲ႕ အေလာင္းဟာလည္း ဒီေရကန္ထဲမွာပဲရွိမယ္လို႔ ယုံၾကည္ေနၾကပါတယ္။

သတ္ခံထားရသူေတြဟာ တရားခံရဲ႕ ရည္းစား၊ သူငယ္ခ်င္း မိန္းကေလးေတြနဲ႔ ျပည့္တန္ဆာေတြျဖစ္ေၾကာင္း ရဲမႉးက သတင္းထုတ္ျပန္ခဲ့ပါတယ္။ “အုန္းဝီဆစ္” လူသတ္မႈက်ဴးလြန္တာကို ရည္းစားျဖစ္သူ သိသြားၿပီးတဲ့ေနာက္မွာ ရည္းစာကိုပါ သတ္ပစ္ခဲ့တာျဖစ္ႏိုင္တယ္လို႔ သုံးသပ္ထားပါတယ္။

လူသတ္တရားခံအေနနဲ႔ စြပ္စြဲခံထားရသူ “အပီခ်ိဳင္ အုန္းဝီဆစ္” ဟာ ခ်မ္းသာႂကြယ္ဝတဲ့ မိသားစုက ျဖစ္ၿပီး သူရဲ႕ ဖခင္ဟာ ေဈးႀကီးတစ္ေဈး ပိုင္ဆိုင္ပါတယ္၊ ဒါေပမယ့္ ၁၈၉၃ ခုႏွစ္မွာ အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးကို ရက္ရက္

စက္စက္သတ္ျဖတ္ခဲ့တဲ့အတြက္ သူ႔ဖခင္ ေထာင္က်သြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ကိုယ့္ကိုယ္ကို ေသနတ္နဲ႔ ပစ္သတ္ၿပီး အဆုံးစီရင္သြားခဲ့ပါတယ္။ မိခင္ျဖစ္သူက အဆိုပါလူသတ္မႈမွာ ေနာက္ကြယ္က ႀကိဳးကိုင္ခ်ယ္လွယ္ခဲ့တ

ယ္လို႔ စြပ္စြဲခံထားရၿပီးေနာက္ သမီးငယ္ေလး (“အုန္းဝီဆစ္”ရဲ႕ ညီမ) ကို ေခၚကာ ႏိုင္ငံျခားကို ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

credit – popolay

ဘန်ကောက်တွင် စိတ္တဇလူသတ်သမားကို လူအရိုးပေါင်းများစွာနဲ့ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံက လူသတ်သမားတစ်ယောက်ရဲ့ သားဖြစ်သူဟာ သူ့ရဲ့နေအိမ်ခြံဝိုင်းထဲက ရေကန်ထဲမှာ လူတွေသတ်ပြီး မြုတ်ထားတာကို ရဲအဖွဲ့က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတ်ခံရသူတွေဟာ အမျိုးသမီးတွေဖြစ်ပြီး လူရိုးစုပေါင်း ၂၉၈ ခုကို ရဲအဖွဲ့က ဆယ်ယူတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့သည့် ၆ လခန့်က ပျောက်ဆုံးသွားခဲ့သော အသက် ၂၂ နှစ်အရွယ် “ဝါရီသွန်း ချိုင်ယာချတ်” ဆိုသူ မိန်းကလေးရဲ့ အလောင်းကို သူမ၏ ရည်းစားဖြစ်တဲ့ အသက် ၄၀ နှစ်အရွယ် “အပီချိုင် အုန်းဝီဆစ်” ရဲ့ နေအိမ်ခြံ

ထဲက ရေကန်ထဲမှာ ဇန်နဝါရီလ ၉ ရက်နေ့က ပြန်လည်ဆယ်ယူ တွေ့ရှိခဲ့ပြီးနောက် စိတ္တဇလူသတ်သမားကို ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။ “ဝါရီသွန်း ချိုင်ယာချတ်” ရဲ့ နောက်ကျောပြင်မှာ ထိုးထားတဲ့ ထက်တူးကြောင့် သူမရဲ့အလောင်းဖြစ်တယ်ဆိုတာကို ပိုပြီးအတည်ပြုနိုင်ခဲ့ပါတယ်။

အလောင်းကို သံကြိုးများနဲ့ ချည်နှောင်ကာ လေးလံတဲ့အရာဝတ္တုတွေ ချိပ်ဆွဲပြီး ရေကန်ရဲ့ အောက်ဆုံးမှာ နှစ်မြုတ်ခံထားရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

“အုန်းဝီဆစ်” ဟာ သူ့ရဲ့ရည်းစား “ချိုင်ယာချတ်” က သူ့ကိုထားခဲ့မည်စိုးသဖြင့် သံသေတ္တာထဲမှာ ထည့်ပိတ်ထားခဲ့ပါတယ်။ “အုန်းဝီဆစ်” က “ချိုင်ယာချတ်” ကို ၂၀၁၉ ခုနှစ် သြဂုတ်လက သူ့ရဲ့နေအိမ်မှာ သတ်ခဲ့

ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ထွက်ဆိုချက်အရ သူဟာ ပိတ်လှောင်ထားတဲ့ သံသေတ္တာကို ဖွင့်လိုက်တဲ့အခါ သူမက သေဆုံးနေပြီလို့ ထွက်ဆိုထားပါတယ်။ မီဒီယာတွေကတော့ သူ့ကို သံသေတ္တာစိတ္တဇလူသတ်သမားလို့ ကင်ပွန်းတပ်ထားကြပါတယ်။

ရဲအရာရှိတွေက ရေကန်ထဲမှာ အခြားသတ်ဖြတ်ခံထားရသူတွေရှိနေနိုင်သေးကြောင်း သံသယဝင်ခဲ့ပြီးနောက် ရေကန်ကို ရေစုပ်ထုတ်ပြီး ရှာဖွေခဲ့ရာ လူအရိုးစုပေါင်း ၂၉၈ ခုကို ဇန်နဝါရီ ၁၇ ရက်နေ့က ထပ်မံတွေ့ခဲ့ရပါတယ်။

နေအိမ်ရဲ့ အနီးနားမှာ နေထိုင်တဲ့ မိသားစု တစ်စုက သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ ၁၂ နှစ်သမီးလေးရဲ့ အလောင်းဟာလည်း ဒီရေကန်ထဲမှာပဲရှိမယ်လို့ ယုံကြည်နေကြပါတယ်။

သတ်ခံထားရသူတွေဟာ တရားခံရဲ့ ရည်းစား၊ သူငယ်ချင်း မိန်းကလေးတွေနဲ့ ပြည့်တန်ဆာတွေဖြစ်ကြောင်း ရဲမှူးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

“အုန်းဝီဆစ်” လူသတ်မှုကျူးလွန်တာကို ရည်းစားဖြစ်သူ သိသွားပြီးတဲ့နောက်မှာ ရည်းစာကိုပါ သတ်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လူသတ်တရားခံအနေနဲ့ စွပ်စွဲခံထားရသူ “အပီချိုင် အုန်းဝီဆစ်” ဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဖြစ်ပြီး သူရဲ့ ဖခင်ဟာ ဈေးကြီးတစ်ဈေး ပိုင်ဆိုင်ပါတယ်၊ ဒါပေမယ့် ၁၈၉၃ ခုနှစ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေး

ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့အတွက် သူ့ဖခင် ထောင်ကျသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်သတ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ မိခင်ဖြစ်သူက အဆိုပါလူသတ်မှုမှာ နောက်ကွယ်

က ကြိုးကိုင်ချယ်လှယ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီးနောက် သမီးငယ်လေး (“အုန်းဝီဆစ်”ရဲ့ ညီမ) ကို ခေါ်ကာ နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

credit – popolay

Be the first to comment

Leave a Reply

Your email address will not be published.


*