ကိုယ့်ရင်သွေးကို စွန့်ပြစ်ရဲတဲ့ မိန်းမတွေလည်း ရှိကြသည်။ရုပ်သံ
ကိုယ့်ရင်သွေးကို စွန့်ပြစ်ရဲတဲ့ မိန်းမတွေလည်း ရှိကြသည်။ရုပ်သံ
င်းမယ်ထင်ပါတယ်။ တကယ်က ယောက်ျားတွေကိုသာ ရက်စက်တတ်တယ်ထင်ကြပေမယ့် မိန်းမတွေရက်စက်ပီဆိုရင်တော့ လက်လံသွားမယ်ဆိုတာ ဒီဗွီယိုဖိုင်ကသက်သေခံနေပါတယ် ပရိတ်သတ်တို့…..။#သာဂိ
Unicodes
ကမ္ဘာကြီးမှာ ကြောက်စရာအကောင်းဆုံးသတ္တဝါကိုပြပါဆိုလျှင် လူသားများကိုသာပြရပါလိမ့်မည်။ ထို့အတူပဲ အကြင်နာတတ်ဆုံး အသိဉာဏ်ရှိဆုံးကိုပြဆိုလျှင်လည်း လူတွေကိုသာပြရပါလိမ့်မည်။ လောကကြီးမှာ ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူတွေကလည်း ဒုနဲ့ဒေး။ ဒီနေ့ပြောချင်တာက စွန့်ပစ်
ကလေးကိစ္စတွေ။ ဒီလောက် တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ကလေးမရအောင် တာဆီးနိုင်တဲ့ ဆေးတွေ ပစ္စည်းတွေဒီလောက် ဘုန်းပေါလအော အလွယ်တကူရရှိနေပါသော်လည်း မတားဆီးကြပဲ ပလူးကြ။ နောက်ဗိုက်ကြီး ကလေးမွေးတော့မှ အပြစ်မဲ့တဲ့ကလေးငယ်တွေ စွန့်ပစ်ခံကြရတယ်။ လူရယ်လို့ဖြစ်လာရင်
မိန်းမရော ယောကျ်ားတွေပါ တဏှာစိတ်ပါလာတာ သဘာဝပါ။ ရည်းစားထားကြတယ်၊ ချစ်ကြိုက်ကြတယ် နောက်ဆုံး အတူနေကြတယ်။ ဒီအထိ ဘာမှမပြောလို။ ပြောစရာအကြောင်းလည်းမရှိ။ ကိုယ်လွတ်လပ်ခွင့်နဲ့ကိုယ်ပါ။ ဒါပေမယ့် စိတ်ထင်တိုင်းဖြစ်ခဲ့ကြပီး လူ့လောကကိုရောက်ရှိလာတဲ့ အပြစ်မဲ့
ကလေးလေးတွေကိုတော့ အခုလိုလုပ်တာကြ ပြောစရာအကြောင်းရှိလာပါပီ။ ကိုယ်မလိုချင်ရင်လည်း အစကတည်းက တားကြဆီးကြ ဆင်ခြင်ကြပါ။ ကိုယ့်ရဲ့အရှက်တွေ သိက္ခာတွေ မနတွေ ကြောင့်ဆိုလည်း အစောကတည်းက စောင့်ထိမ်းဆင်ခြင်ပေါ့ဗျာ။ လူ့အသက်တစ်ချောင်းဟာ လူသားတစ်ယောက်ရဲ့
ဂုဏ်သိက္ခာအတွက် မဆီမဆိုင်စွန့်ပစ်ခံရပီး သေဆုံးသွားကြရတဲ့ ကလေးငယ်လေးတွေ ဘယ်လောက်တောင် များနေပီလဲ။ ဘာအကြောင်းကြောင်းကြောင့် စွန့်ပြစ်သွားတယ်ဆိုတာ မသိပေမယ့်လဲ ဒီလိုမွေးကင်းစ ကလေးလေးက ဘာအပြစ်မှမလုပ်တာတော့သေခြာပါတယ်။ တခြားအကြောင်းတွေကြောင့်ဆို
လည်း ဒီလောက်တော့ မရက်စက်သင့်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ စွန့်ပြစ်လောက်အောင် အကြင်နာတရားကင်းမဲ့တဲ့ မိဘရင်ခွင်ထဲက စောစောစီးစီးထွက်ခွာရတာဟာလည်း အသက်ရှင်ရတာထက် သေရတာက ပိုကောင်းမယ်ထင်ပါတယ်။ တကယ်က ယောကျ်ားတွေကိုသာ ရက်စက်တတ်တယ်ထင်ကြပေမယ့် မိန်းမတွေရက်စက်ပီဆိုရင်တော့ လက်လံသွားမယ်ဆိုတာ ဒီဗွီယိုဖိုင်ကသက်သေခံနေပါတယ် ပရိတ်သတ်တို့…..။#သာဂိ
Be the first to comment
Leave a Reply
Your email address will not be published.
*