မြောက်ဒဂုံမြို့နယ် CBဘဏ် ဓားပြအတိုက်ခံရ။

၀၉၁၅ အချိန် ဒဂုံမြောက် မြို့နယ် (၃၅)ရပ်ကွက် ပင်လုံလမ်း အမှတ် ၁၂၁၇ ရှိ CB ဘဏ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကိုသော်ဇင် အား အမည်စိစစ်ဆဲ အမျိုးသားနစ်ဦးမှ သေနတ်နှင့် ထောက်၍ ဘဏ်အတွင်းသို့ ဝင်ရောက်ပြီး ကောင်တာရှိ သက်မွန်အေး (ငယ်တန်းလက်ထောက်) အား သေနတ်ဖြင့်ချိန်၍ ပိုက်ဆံ သိ

န်းခြောက်ရာ (၁၀၀၀၀တန်) အားယူဆောင်ပြီး ဘဏ်အတွင်း ရှိ မိုင်းနှစ်လုံးထောင်ခဲ့ပြီး CC-9965 ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ဘဏ်အရှေ့မှ (၃၅) ရပ်ကွက် အဏ္ဏဝါ လမ်းအတိုင်း ထွက်ပြေးသွားကြောင်း သိရှိရပါသည်။ ယင်းနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးခိုင်ဦးပါ တပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်လျှက်ရှိကြောင်း သိ

ရှိရပါသည်။ “သေနတ်တွေ ဗုံးတွေပြတော့ ပိုက်ဆံပေးလိုက်တယ်။ ဗုံးကို ထောင်လိုက်တယ်။ ဗုံးကိုထောင်ပြီးတာနဲ့ ပိုက်ဆံထုပ်နဲ့ ကားပေါ် ပြေးတက်သွားတယ်။ ရုတ်တရက် ဗုံးကြီးထောင်ထားတာ့ တော်ရုံတန်ရုံလူက မလိုက်ရဲဘူး” မြောက်ဒဂုံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်နှင့်ဆက်

သွယ်မေးမြန် ချက်-ယနေ့ နံနက်ပိုင်း မြောက်ဒဂုံမှ CB ဘဏ် ဓားပြတိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။ “ဓားပြတိုက်တာမှန်ပါတယ်။ သေနတ်နဲ့ ထောက်ပြီး ခြိမ်းခြောက်သွားတယ်။ ငွေသားက သိန်း ၆၀၀ လောက်ပါတယ်လို့ အြ

ကမ်းဖျည်း ကျနော်တို့ သိရတယ်။ ဒါပေမယ့် ကျနော်တို့ အသေးစိတ် ဘဏ်က ပြန်စစ်ရမှာပေါ့။ ဘဏ်ထဲမှာ လပစ်ဗုံးထောင်သွားတယ်။ လက်ပစ်ဗုံးကို ဖြုတ်လိုက်ပြီ အခု။ အမျိုးသား ၂ ဦးပါ ။ ဖမ်းမမိသေးဘူး။ ထွက်ပြေးသွားတယ်။ ဖြစ်တဲ့အချိန်က ၈ နာရီခွဲနဲ့ ၈ နာရီ ၄၀ ၀န်းကျင်လောက် ။ သူတို့ ခြိမ်းခြောက်တယ်။ ဘဏ်ထဲကို

ဝင်လာတယ်။ ဒီမှာ သေနတ်ပါတယ်။ ဗုံးပါတယ်။ ပိုက်ဆံပေးပေါ့။သေနတ်တွေ ဗုံးတွေပြတော့ ပိုက်ဆံပေးလိုက်တယ်။ ဗုံးကို ထောင်လိုက်တယ်။ ဗုံးကိုထောင်ပြီးတာနဲ့ ပိုက်ဆံထုပ်နဲ့ ကားပေါ် ပြေးတက်သွားတယ်။ ရုတ်တရက် ဗုံးကြီးထောင်ထားတော့ တော်ရုံတန်ရုံလူက မလိုက်ရဲဘူး။ အခု ဖမ်းဆီးရမိရေး ဆက်လုပ်နေပါတယ်” Photo Credit – Nanyu

Be the first to comment

Leave a Reply

Your email address will not be published.


*