နိုက်ကလပ်နှင့် ကေတီဗွီများ ပိတ်ရန် ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား

နိုက္ကလပ္နဲ႔ ေကတီဗြီေတြ ပိတ္ဖို႔ ညႊန္ၾကားလိုက္ၿပီလို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

“ပိတ္ဖို႔ကေတာ့ ညႊန္ၾကားလိုက္ၿပီ။ အဓိကကေတာ့ ကာရာအိုေကနဲ႔ နိုက္ကလပ္နဲ႔ပဲ။ ဘားေတာ့ မပါေသးဘူး”လို႔ သူကဆိုပါတယ္။

တ႐ုတ္ျပည္ဝူဟန္ၿမိဳ႕က စတင္ျပန႔္ပြားခဲ့တဲ့ ကိုရိုနာဗိုင္းရပ္စ္ေရာဂါကို ကမၻာလုံးဆိုင္ရာ ကပ္ေရာဂါအျဖစ္ ကမၻာ့က်န္းမာေရး အဖြဲ႕က မတ္လ ၁၁ ရက္ေန႔မွာ သတ္မွတ္ေၾကညာခဲ့ပါတယ္။

အဲဒီေနာက္ ျမန္မာနိုင္ငံမွာလည္း လူစုလူေဝးနဲ႔က်င္းပတဲ့ အခမ္းအနားေတြ၊ သၾကၤန္မ႑ပ္ ေဆာက္လုပ္က်င္းပတာအပါအဝင္ ပြဲလမ္းသဘင္ေတြကို ဧၿပီလ ၃၀ ရက္ေန႔ထိ မက်င္းပဘဲ ရပ္ဆိုင္းထားဖို႔ နိုင္ငံေတာ္သမၼတ႐ုံးက သတင္းထုတ္ျပန္ထားတာပါ။

႐ုပ္ရွင္႐ုံေတြအားလုံး ပိတ္ထားဖို႔ကိုလည္း မတ္လ ၁၆ ရက္ေန႔က ညႊန္ၾကားခဲ့ပါေသးတယ္။

credit DVB – ထက္ေဝေအာင္

နိုက်ကလပ်နဲ့ ကေတီဗွီတွေ ပိတ်ဖို့ ညွှန်ကြားလိုက်ပြီလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပိတ်ဖို့ကတော့ ညွှန်ကြားလိုက်ပြီ။ အဓိကကတော့ ကာရာအိုကေနဲ့ နိုက်ကလပ်နဲ့ပဲ။ ဘားတော့ မပါသေးဘူး”လို့ သူကဆိုပါတယ်။

တရုတ်ပြည်ဝူဟန်မြို့က စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံမှာလည်း လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနားတွေ၊ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ကျင်းပတာအပါအဝင် ပွဲလမ်းသဘင်တွေကို ဧပြီလ ၃၀ ရက်နေ့ထိ မကျင်းပဘဲ ရပ်ဆိုင်းထားဖို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားတာပါ။

ရုပ်ရှင်ရုံတွေအားလုံး ပိတ်ထားဖို့ကိုလည်း မတ်လ ၁၆ ရက်နေ့က ညွှန်ကြားခဲ့ပါသေးတယ်။

credit DVB – ထက်ဝေအောင်

Be the first to comment

Leave a Reply

Your email address will not be published.


*