လက်သန့်ဆေးရည် ကိုယ်တိုင်ပြုလုပ်နည်း
၂. သန့်စင်ပြီး အရက်ပြန် – ၁လီတာ(အရက်ပြန်က နှစ်သက်ရာ ဆေးဆိုင်.ကုန်ကြမ်းဆိုင်.ပရဆေးဆိုင် တွေမှာ.ဝယ်လို့ရပါတယ်.. အမျိုးစားတွေ တံဆိပ်နဲ့ နိုင်ငံတွေကွာပြီး ဈေး မတူကြဘူးနော်)
၎. အနံ့ . EssentiaL oiL ၁အောင်စ (အနံ့ကို ဆပ်ပြာဆီထဲ ထည့်တဲ့ အနံ့မျိုး မထည့်ရပါဘူး..အကောင်းစားအနံ့ သုံးပေးရပါတယ်။
(အရောင်မထည့်လဲရပါတယ်… ဥပမာ မိမိလုပ်တဲ့အနံ့က နှင်းဆီနံ့သုံးရင် ပန်းရောင်လေး ထည့်~လာဗန်ဒါ အနံ့လေးသုံးထားရင် ခရမ်းနုလေးထည့် lux အနံ့လေးသုံးထားရင် အပြာနုလေး ထည့်လို့ရပါတယ်။
ပြုလုပ်နည်း
ရေမလိုလက်သန့်ဆေးရည် အသုံးဝင်ပုံကိုမိတ်ဆွေတွေ အလွယ်တကူရှာဖွေနိုင်ပါတယ်။သိပြီးသားလည်းဖြစ်မှာပါ။
ရေမလိုလက်သန့်ဆေးရည် ပြုလုပ်ဖို့ကုန်ကြမ်းတွေက
၁. လက်သန့်ဂျယ် ၁ကီလို( hend jell လို့ ကုန်ကြမ်းဆိုင်မှာ ပြောဝယ်လို့ရပါတယ်.. တစ်ကီလို ၂၀၀၀ ဝန်းကျင်ပါ.. အဲဒီထက်မပိုပါနော်.)
၂. သန့်စင်ပြီး အရက်ပြန် – ၁လီတာ(အရက်ပြန်က နှစ်သက်ရာ ဆေးဆိုင်.ကုန်ကြမ်းဆိုင်.ပရဆေးဆိုင် တွေမှာ.ဝယ်လို့ရပါတယ်.. အမျိုးစားတွေ တံဆိပ်နဲ့ နိုင်ငံတွေကွာပြီး စျေး မတူကြဘူးနော်)
၃. Tri EthanoL Amine 99% ၁၂၀ မီလီ (ဓာတုဆိုင်တွေမှာ TEA လို့ပြောဝယ်ရပါတယ်။ လက်ဖက်ရည် မဟုတ်ပါဘူး။
ရေမလိုလက်သန့် တစ်ဖုံဝယ်ရင် အဲဒါ ဘာလဲဆိုတာ ဆိုင်တွေက မပြောပြပါဘူး။ အချို့ ဝယ်လုပ်သူတွေကလည်း ဘာမှန်းမသိပဲ လုပ်ရတာပါပဲ. မှတ်ထားလို့ရအောင်လို့ပါ။
စျေးနှုန်းကတော့ တစ်အောင်စကို ၇၀၀ ကျပ်ပါ။အဖုံလိုက်မဟုတ်ပဲ တစ်မျိုးချင်းဝယ်လုပ်မယ်ဆိုရင် ၃အောင်စ ဝယ်ရ. ထည့်ရပါ့မယ်။)
၄. အနံံ့ . EssentiaL oiL ၁အောင်စ (အနံ့ကို ဆပ်ပြာဆီထဲ ထည့်တဲ့ အနံ့မျိုး မထည့်ရပါဘူး..အကောင်းစားအနံ့ သုံးပေးရပါတယ်။
အနံ့က အကောင်းစားတစ်အောင်ကို ရန်ကုန်မှာတော့ ၁၅၀၀ အနိမ့်ဆုံးမှ ၂၅၀၀ အမြင့်ဆုံး ထိရှိပါတယ်။ အဲ့ထက်မပိုပါဘူးနော်)
၅. ရေ သန့် _ ၆လီတာ (ရေမသနိ့လို့မရပါဘူး. ရေစေးရေသွက်တွေ ဒေသမတူနေရာမတူရင်ဖြစ်တက်လို့. အကောင်းဆုံးက ရေသန့်ဗူး နဲ့သုံးလိုက်စေချင်ပါတယ်။ ၆လီတာဆိုတော့ ၁လီတာဗူး၆ဗူးပါ)
၆. ရေထိန်းဆေး _ လက်ဖက်ရည်စွန်း ၁စွန်း (ရေထိန်းဆေးက တစ်မျိုးချင်းဝယ်လူပ်လို့ အနည်းငယ်မရောင်းခဲ့ရင်မထည့်လည်းရပါတယ်။
ရေထိန်းဆေးရယ်. ဆီထိန်းဆေးရယ် ၂မျိုးရှိပါတယ်။ ဆီထိန်းဆေးက စျေးကြီးပြီးရေထိန်းဆေးက စျေးသက်သာပါတယ်.. ၁ကျပ်သားထုတ်လေးတွေကို ပျမ်းမျှ ၂၀၀ ကျပ်ကျပါမည်။)
၇. အရောင် _ အရည်ဆိုရင် ၈စက် / အမှုန့် ဆိုလျင် ဆန်စေ့ ၅စေ့ခန့်
(အရောင်မထည့်လဲရပါတယ်… ဥပမာ မိမိလုပ်တဲ့အနံ့က နှင်းဆီနံ့သုံးရင် ပန်းရောင်လေး ထည့်~လာဗန်ဒါ အနံ့လေးသုံးထားရင် ခရမ်းနုလေးထည့် lux အနံ့လေးသုံးထားရင် အပြာနုလေး ထည့်လိူ့ရပါတယ်။
အရောင်အများကြီး ရဲတောက်ပြာနှမ်းနေရင် အရမ်းကိုရုပ်ဆိုးပြီး. ဆပ်ပြာဆီလိုလို ကျောက်ကျောတုံး လိုလိုဖြစ်ပြီး.. ရောင်းလို့လည်းအရည်သွေးမမီတဲ့ ပုံစံမျိုးဖြစ်တတ်လို့ပါ.. စားသောက်ကုန် food colour ရပါတယ်နာ် .တစ်ထုတ်မှ ၅ဝဝကျပ်ပါ)
၈. ဒီတားဂျင့် ပန်းပေါင်ဒါမှုန့် _ ၁အောင်စ ( ရေမလိုလက်သန့် ဆေးရည်မှာ အချို့မှာ အစေ့လေးတွေပါပါတယ်။အဲဒါလေးတွေမထည့်လည်းရပါတယ်။ ထည့်ရင်၁အောင်စထည့်ပေးရပါတယ်။ ခရမ်းနုရောင်အစေ့လေးတွေပါ.. )
၉. လက်သန့်ဆေးရည် ဗူး _ ၁၀၀.သို့မဟုတ် ၁၅၀ ဗူး။ (လက်သန့်ဆေးရည် အတွက် သီးသန့် အိတ်ဆောင်ဗူးလေးတွေ ရောင်းပါတယ်။ လက်လီကတော့ စျေးအမျိုးမျိုးရောင်းကြပါတယ်။
လက်ကားတစ်ဗူးကို ၂၀၀ ကျပ်ပါ။ ဂရမ်ကတော့ ၅ဝဂရမ်ဗူး နဲ့ထည့်ရပါတယ်။၁ဝဝဂရမ် ဗူးလေးတွေနဲ့ထည့်လို့ရပါတယ်။
မိမိ ကုန်ပစ္စည်း အတွက် decoration ကို မနှမျောပါနဲ့။ ကုန်ပစ္စည်း တစ်ခုက အရည်သွေးဘယ်လောက်ကောင်းကောင်း ထုတ်ပိုးမှု ပက်ကေ့ရှ် မှာ ခိုလိုက်ရင် အရည်သွေးမကောင်းဘူးထင်ပြီး ရောင်းဝယ်ဖောက်ကားတဲ့အခါမှာ နှောင့်နှေးတက်လို့ပါ။
အခု.ရလီတာ ပျမ်းမျှ ကုန်ချောထွက်မှာပါ။၅ဝဂရမ် ဗူး နဲ့ထုတ်ပိုးရင် အရေအတွက် ၁၄၀ အနည်းဆုံးထွက်ပါတယ်။
ပြုလုပ်နည်း
၁. ပထမ ဆုံး ဂျယ်ထုတ်ကို ဖောက်ပြီး အရက်ပြန်၁လီတာ နှင့် ရောမွှေပါ။ မြန်မြန်မွှေရပါ့မယ်။အရက်ပြန်က အငွေ့ပြန်လွွယ်လို့ပါ။
၂. အရန်ပြန်နဲ့ဂျယ်ဟာ အသားကျပြီးနှံ့စပ်သွားခဲ့ရင် ရေသန့် ၆လီတာ ထည့်ပြီး မွှေပါမည်။
၃. ပြီးရင် ရေထိန်းဆေး ထည့်ပြီး မွှေပါ့မည်။ (မထည့်လဲ ရပါတယ်)
၄. ပြီးရင် TEA ထည့်မွှေရပါတယ်။TEA အစွမ်းကတော့ အလှကုန်တိုင်းလိုလိုသုံးကြတဲ့ပစ္စည်းပါ။ဂရစ်စလင်း လိုအာနိသင်ရှိပြီး အခုကုန်ကြမ်းအတွက်ကတော့ ပျစ်စေတဲ့အာနိသင်ဖြစ်သွားစေပါတယ်။များလို့လည်း မရပါ။ အချိုးစားတိုင်းထည့်ရပါတယ်။
၅. အရောင်ထည့််၊အနံ့ ထည့်၊ မိမိစိတ်ကြိုက် အရောင်အနံ့ ပုံဖော်လို့ရပါတယ်၊ ဒီတားဂျင့် ပေါင်ဒါမှုန့် အစေ့လေးတွေ ထည့်လည်း ရပါတယ်၊နောက်ဆုံးမှာထည့်ပြီးမွှေပါမယ်။ သူကမကြတတ်ပါဘူး၊ကြေသွားစရာလဲမလိုပါဘူး၊အလှပါ။
၆. အားလုံးပြီးရင် ၈နာရီအကြာထားပြီးရင် ဗူးတွေထဲထည့်လို့ရပါတယ်။ အိမ်သုံးဖြစ်ဖြစ်၊ရောင်းတန်းဖြစ်ဖြစ် ပြုလုပ်အဆင်ပြေပါစေ။
Be the first to comment
Leave a Reply
Your email address will not be published.
*