ဟယ်လ်ပင်ကလေးဆေးရုံကြီးမှာ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နဲ့ အလှူငွေတွေလှူဒါန်းခဲ့တဲ့ ဝတ်မှုံရွှေရည်





လတ်တလောဖြစ်ပွားနေတဲ့ Coron Virus ကို ပြည်သူတွေက စိုးရိမ်နေကြသလို အနုပညာရှင်တွေအနေနဲ့လည်း သူတို့တတ်နိုင်တဲ့အင်အားနဲ့ အလှူအတန်း၊ ပညာပေးအစီအစဉ်တွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

နိုင်ငံကျော် အကယ်ဒမီ ဝတ်မှုံရွှေရည်အနေနဲ့လည်း သူမရဲ့ပရိသတ်တွေကို အသိပညာပေးတာမျိုးတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဝတ်မှုံရွှေရည်ကချစ်ရတဲ့ပြည်သူတွေကျန်းမာစေဖို့ လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

ဝတ်မှုံရွှေရည်က ဟယ်လ်ပင်ကလေးဆေးရုံကြီးမှာ လက်သန့်ဆေးရည် ( Handgel )၊ နှာခေါင်းစည်း (Mask) နဲ့ တစ်နေ့တာအာဟာရအတွက် အလှူငွေ (၃) သိန်းကျပ်တိတိကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ အနုပညာကြေးလေးနဲ့ ချစ်ရတဲ့ပြည်သူတွေ ကျန်းမာစေဖို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*