“အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ”ဘွဲ့တံဆိပ်တော် ချီးမြှင့်ခံရတဲ့ ဒေါက်တာခင်ခင်ရီ ၏ သိန်းပေါင်း သောင်းချီသည့် လှူဒါန်းမှု
ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ပေးခြင်း၊ရှိုင်းဟုပ်သာမဏေကျော်ဖောင်ဒေးရှင်းတည်ထောင်၍သာမဏေကျော်စာသင်တိုက်များမ,တည် တည်ထောင်ပေးခဲ့ခြင်း၊ဆရာတော်ကြီးများအားလင်ဇီးနှင့်ဓါတ်စာ လစဉ်လှူဒါန်းခြင်းတို့ကိုအလှူရှင်တို့၏ အင်္ဂါလေးပါးနှင့်ညီညွတ်စွာ လှူဒါန်းခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်အစိုးရမှ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင်ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့တို့တွင်လူပုဂ္ဂိုလ်ဆိုင်ရာ အမြင့်ဆုံးဖြစ်သော”အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ”ဘွဲ့တံဆိပ်တော်ကို
ချီးမြှင့်ခြင်းခံရသောရှိုင်းဟုပ်ကုမ္ပဏီမှ ဒေါက်တာခင်ခင်ရီ-အားစန်းမေတ္တာ-သံဃာတော်များမှဝမ်းမြောက်မှုပီတိသောမနဿဖြင့်သာဓုခေါ်ဆိုအပ်ပါသည်။ ဒေါက်တာခင်ခင်ရီ-၏ပရဟိတ၊ သာသနာတွင်း၊သာသနာပ အစရှိသောလှူဒါန်းမှုပေါင်းများစွာထဲတွင်
သာသနာတော်အတွက်ထောက်ပံ့မှုများသည်အထူးခြားဆုံးနှင့်မွန်မြတ်ဆုံး ဖြစ်ခဲ့သည်။သူသည် ဆရာတော်ကြီးများ၏သြဝါဒကို ခံယူကာသာသနာတော်အတွက်အဓိကအကျဆုံးသည်ပရိယတ္တိဖြစ်ကြောင်းသိမြင်နားလည်ခဲ့သည်။
၎င်းနောက်မြန်မာတစ်နိုင်ငံလုံးရှိပရိယတ္တိစာသင်တိုက်များအားထောက်ပံ့ခဲ့မှု၊တစ်နိုင်ငံလုံးရှိ ပရိယတ္တိစာချဆရာတော်များနှင့်သီလရှင်စာချ တစ်ပါးစီအားတစ်နှစ်လျှင် (၁) သိန်းကျပ်စီနှင့်ပိဋကတ်တော်စာပေများပါရှိသောiPad တစ်လုံးစီ လှူဒါန်းခြင်း၊
ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ပေးခြင်း၊ရှိုင်းဟုပ်သာမဏေကျော်ဖောင်ဒေးရှင်းတည်ထောင်၍သာမဏေကျော်စာသင်တိုက်များမ,တည် တည်ထောင်ပေးခဲ့ခြင်း၊ဆရာတော်ကြီးများအားလင်ဇီးနှင့်ဓါတ်စာ လစဉ်လှူဒါန်းခြင်းတု့ိကိုအလှူရှင်တို့၏ အင်္ဂါလေးပါးနှင့်ညီညွတ်စွာ လှူဒါန်းခဲ့သည်။
ထို့အပြင် ပြည်နယ်နှင့်တိုင်းပရိယတ္တိဆိုင်ရာသံဃာ့ညီလာခံများကျင်းပရန်စီစဉ်ခဲ့ပြီး ကုန်ကျမှုအစုစုတို့ကိုဒါယကာအဖြစ်ခံယူခဲ့သည်။တစ်နိုင်ငံလုံး ဓမ္မစကူးကျောင်းတော်များဖြစ်ပေါ်လာရန်ပြည်နယ်နှင့်တိုင်းတစ်ခုစီအားအနည်းဆုံး သိန်း (၁၀၀၀) စီ မ,တည်ကာ
ရေရှည်တည်တံ့ရန်လည်း ဆက်လက်ထောက်ပံ့လျက်ရှိသည်။ ၎င်းများစွာထဲမှဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့နယ်ချောင်းဖျားကျေးရွာ-၌စန်းမေတ္တာဆရာတော်၏သာသနာ့အထောက်အကူပြုပရိယတ္တိစာသင်တိုက်တည်ထောင်ရာဝယ် အခြေခံလိုအပ်သော မြေနေရာနှင့်
ကျောင်းဆောင်တို့ကိုလှူဒါန်းခဲ့သည်။ ကျောင်းတိုက်တည်ထောင်ရာ၌ထူးခြားသော သူ၏ ရည်မှန်းချက်မှာသိမ်တော်နှင့်မုခ်ဦးတို့ကို ဦးစားပေး မလှူဘဲလိုအပ်သော ကျောင်းခြံ၊ သံဃာသီတင်းသုံးဆောင်စသည့် အခြေခံအဆောက်အဦးတို့ကိုသာလှူဒါန်းခြင်းဖြစ်သည်။
ရည်ရွယ်ချက်မှာ”သိမ်တော်နှင့် မုခ်ဦးတို့ကိုလှူဒါန်းဖို့ရန် အလှူရှင်အများစုကစိတ်ဝင်စားကြခြင်းကြောင့်” ဟု ဖြစ်သည်။ ထိုကဲ့သို့သာသနာတော်အား များစွာအထောက်အကူဖြစ်စေခဲ့သောအလှူများကို လှူဒါန်းသောဒါယိကာမကြီးဒေါက်တာခင်ခင်ရီ အား
နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်-မှလူပုဂ္ဂိုလ်ဆိုင်ရာ အမြင့်ဆုံးဖြစ်သော”အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ”ဘွဲ့တံဆိပ်တော်ကိုချီးမြှင့်ခြင်းခံရသောရှိုင်းဟုပ်ကုမ္ပဏီမှ ဒေါက်တာခင်ခင်ရီ-အားစန်းမေတ္တာ-သံဃာတော်များမှဝမ်းမြောက်မှုပီတိသောမနာဖြင့်
သာဓုခေါ်ဆိုအပ်ပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။ စန်းမေတ္တာ, ဆန်းလပမာ, အေးချမ်းသာယာကြပါ​ေမှတ်ချက်။ ဒေါက်တာခင်ခင်ရီ-၏လှူဒါန်းများစွာထဲတွင်ပရိယတ္တိအထောက်အကူပြုလှူဒါန်းမှုများစွာထဲမှအချို့ကိုသာ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*