ကိုယ့်မိခင်ကိုထောက်ပံ့၊ တိုင်းရင်းသူဝတ်စုံဝတ်ပြီး ထိုင်နေရုံနဲ့တော့ ဘာမှပြီးမသွားဘူးလို့ လူကယ်ပြန်ဝန်ကြီးကို ဒေါက်တာနေစိုးမောင် ဝေဖန်

ကိုယ့်မိခင်ကိုထောက်ပံ့၊ တိုင်းရင်းသူဝတ်စုံဝတ်ပြီး ထိုင်နေရုံနဲ့တော့ ဘာမှပြီးမသွားဘူးလို့ လူကယ်ပြန်ဝန်ကြီးကို ဒေါက်တာနေစိုးမောင် ဝေဖန်

နေရပ်ဌာနေကိုစွန့်ပြီး ဒုက္ခကြီးစွာခံစားနေကြရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် လူကယ်ပြန်ဝန်ကြီးဆိုသူ “ဘာလုပ်နေသလဲ” လို့ ဒေါက်တာနေစိုးမောင်က ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာကနေ မေးခွန်းထုတ်ဝေဖန်လိုက်ပါတယ်။

လူကယ်ပြန်ဝန်ကြီးနေရာကိုရယူထားတဲ့ ဒေါက်တာသက်သက်ခိုင်အနေနဲ့ ပြည်သူတွေကိုထောက်ပံ့ကူညီရမယ့်အဓိတာဝန်ရှိသူဖြစ်ပြီး ဝန်ကြီးထိုင်ခုံပေါ်တက်ထိုင်ရုံ၊ ပြည့်စုံပြီးသားဖြစ်တဲ့ ကိုယ့်မိခင်ကိုထောက်ပံ့ရုံ၊ တိုင်းရင်းသူဝတ်စုံဝတ်ပြီး ဟန်ပြနေရုံနဲ့တော့ ဘာမှပြီးမသွားလို့ ဒေါက်တာနေစိုးမောင်က ဝေဖန်လိုက်တာပါ။

ပြည်ပကျူးကျော်မှုမရှိဘဲ ကိုယ့်ပြည်တွင်းထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနေရာအနှံ့မှာ ဖြစ်ပွားနေပြီး အထူးသဖြင့် ချင်း/ကချင်/ကရင်/ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာနေရပ်ကိုစွန့် ဆင်းရဲဒုက္ခကြီးစွာ စစ်ဘေးဒဏ်ခံစားနေရတဲ့အပေါ် ဒေါက်တာနေစိုးမောင်က ထောက်ပြခဲ့ပါတယ်။

အာဏာရှင်ဟောင်းသန်းရွှေရဲ့ သားမက်ဖြစ်ပေမယ့် ဒေါက်တာနေစိုးမောင်ဟာ တိုင်းရင်းသားပြည်သူတွေနဲ့ ရင်းနှီးဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်ပြီး ၎င်းတတ်မြောက်တဲ့ဆေးပညာရပ်တွေနဲ့ပရဟိတလုပ်ဆောင်ပေးမှုကြောင့် လူချစ်လူခင်ပေါများသူလည်းဖြစ်ပါတယ်။

၆၅ နှစ်ပြည့်မွေးနေ့မှာ ငွေကျပ် ၆၅ သိန်းကို စစ်ရှောင်စခန်းကသွေးချင်းတိုင်းရင်းသားပြည်သူတွေအတွက် ပေးလှူခဲ့သလို လက်ရှိမှာလည်း စေတနာရှင်ပြည်သူတွေရဲ့အကူအညီနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို နောက်ထပ်ထောက်ပံ့ကူညီမှုတွေပြုလုပ်နေသူလည်း ဖြစ်ပါတယ်။

#AKonThi #အကုန်သိသတင်းဌာန

Leave a Reply

Your email address will not be published.