ဆန်းကြယ်စရာ လူနှလုံးအစား ဝက်နှလုံးနဲ့ အစားထိုးကုသမှု အောင်မြင်နေတဲ့ အမေရိကန်
အမေရိကန်နိုင်ငံမှာ နှလုံးရောဂါခံစားနေရသူ နိုင်ငံသားတစ်ဦးကို မျိုးဗီဇအဆင့်မြှင့်တင်ထားတဲ့ဝက်ရဲ့ နှလုံးနဲ့ အစားထိုးကုသပေးခဲ့ရာမှာ ၃ ရက်ကြာတဲ့အထိ ကျန်းမာရေးအခြေအနေ ကောင်း မွန်နေဆဲဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အသက် ၅၇ နှစ်အရွယ် နှလုံးရောဂါ ဝေဒနာရှင် ဒေးဗစ်ဘန်းနက်ဆိုတဲ့ အမေရိကန်နိုင်ငံသားဟာ အသက်ဆက်လက်ရှင်နိုင်ဖို့အတွက် နှလုံးအစားထိုးကုသဖို့ လိုအပ်ခဲ့တာကြောင့် ဝက်ရဲ့နှလုံးနဲ့ အစားထိုးကုသဖို့ ဆုံးဖြတ်လိုက်တာပါ။
ဒါဟာ ကမ္ဘာပေါ်မှာ ဝက်နှလုံးကို လူသားကိုယ်ခန္ဓာမှာထည့်သွင်း တဲ့ ပထမဆုံးခွဲစိတ်မှု ဖြစ်ပါတယ်။ခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ မေရီလင်းဆေးတက္ကသိုလ်က ဆရာဝန်တွေကတော့ မစ္စတာဘန်းနက်ရဲ့ အသက်ဆက်လက်ရှင်သန်နိုင်ချေဟာ ဘယ်လောက်ကြာမြင့်မလဲဆိုတာ စောင့်ကြည့်နေဆဲဖြစ်ကြောင်း ပြောကြားထားပါတယ်။
ယခုလို အစားထိုးကုသမှုဟာ နှစ်တွေ အများကြီးကြာအောင် သုတေသနတွေ လုပ်ဆောင်ခဲ့ခြင်းရဲ့အသီးအပွင့်ဖြစ်ပြီး ရာနှုန်း ပြည့် အဆင်ပြေတယ်ဆိုရင် ကမ္ဘာတစ်ဝန်းက လူ့အသက်ပေါင်းများစွာကို ကယ်တင် နိုင်တော့မှာဖြစ်ပါတယ်။crd
Leave a Reply
Your email address will not be published.