စစ်ကောင်စီတပ်အထိနာသော ဟိုဖိတ်ရွာတိုက်ပွဲ ရုပ်သံဖိုင်KGZထုတ်ပြန်
ကရင်နီပြည်နယ် ၊ ဟိုဖိတ်ကျေးရွာ တိုက်ပွဲတွင် ယနေ့ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့သဖြင့်
ရဟတ်ယာဉ်များဖြင့်ပါ လာရောက်ပစ်ကူခဲ့ကြောင်း ကရင်နီ မျိုးဆက် Z(KGZ)ကယနေ့ည၌ သတင်းထုတ်ပြန်သည်။ တိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေမှုနှင့် စစ်ကောင်စီ ရဟတ်ယာဉ် လာရောက်ခဲ့သည်ကိုလည်း ရုပ်သံဖိုင် များဖြင့်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
#လူထုနွေဦး#LuduNwayOo#People’sSpring#PS