ျမန္မာ့သမိုင္းတစ္ေလ်ာက္လုံးမွာ မင္းေလာင္းေပၚခါနီးတိုင္း ေပၚေပါက္ခဲ့ေသာ ထင္ရွားသည့္ တေဘာင္ႀကီး (၅)ခု…z

မြန်မာ့သမိုင်းတစ်လျောက်လုံးမှာ မင်းလောင်းပေါ်ခါနီးတိုင်း ပေါ်ပေါက်ခဲ့သော ထင်ရှားသည့် တဘောင်ကြီး (၅)ခု

တဘောင်ပေါ်သည့်အတိုင်းလည်း ထွက်ပေါ်ခဲ့ကြသည့် မင်းများမှာ ၁။ပုဂံခေတ်(စီးချင်းထိုးလျက် မျိုးမင်းထွက် ပြည်တော်သာလိမ့်မယ်။)ထို”တဘောင်”ပေါ်ပြီးနောက် “အနော်ရထာ”မင်းလောင်းသည် ဦးရီးတော် စုက္ကတေးမင်းနှင့် စီးချင်းထိုးခဲ့သည်။

စုက္ကတေးမင်းအား အနိူင်တိုက်ခိုက်ပြီးနောက် အနော်ရထာသည် ပုဂံပြည့်ရှင်ဖြစ်လာခဲ့သည်။ ထိုမင်းလက်ထက်တွင် သာသနာရောင်ဝါထွန်းလင်းပြီး ဆန်ရေစပါးပေါများကာ ချမ်းသာကြွယ်ဝခဲ့သည်။

၂။အင်းဝခေတ် (အင်းအိုင်ထဲကလူတစ်ယောက် မီတောက်ကလေးကိုင်လို့ပေါက်) ထို”တဘောင်”ပေါ်ပြီးနောက် “သတိုးမင်းဖျား“သည်ရှင်ဘုရင်ဖြစ်လာကာ နန်းတော်ကို အင်းဝမြို့၌ တည်ခဲ့သည်။ ထိုမင်းသည်လည်း နယ်ပယ်အများအပြားကို သိမ်းပိုက်ကာ ဘုန်းမီးနေလတောက်ပခဲ့သည်။

၃။ တောင်ငူခေတ် (အိုဘယ့်အမောင် ဆံရွေဆောင် နောက်လိုက်ဘုန်းခေါင်ပြောင်လိမ့်မယ်။) ထို“တဘောင်”ပေါ်ပြီး ကြာသော် တောင်ငူမြို့တွင်မင်းကြီးညိုမှ သားတော်တပါး မွေးဖွားလာလေသည်။ ထိုသားတော်၏ဦးခေါင်းတွင် ရွေရောင်ဆံပင် တစ်မွေးပါလာလေသည်။

နောင်သော် ထိုမင်းသားသည် “တပင်ရွေထီး“ဟု၍ တောင်ငူဘုရင်ဖြစ်လာလေသည်။ သို့သော်လည်းသက်တော်မရှည်ပဲ သူ၏ယောက်ဖတော် ဘုရင့်နောင်က ထီးနန်းကို ဆက်ခံလေသည်။ ဘုရင့်နောင်လက်ထက်ရောက်သော် မြန်မာပြည်ကြီး ဘုန်းမီးနေလတောက်ပလေသည်။

၄။ကုန်းဘောင်ခေတ် (ဖိုသုံးဖို တစ်ဖိုတောက်မည်) ထို “တဘောင်”ပေါ်ပြီးနောက် မုဆိုးဖိုရွာ သူကြီးဦးအောင်ဇေယျသည် ပျက်ပြားနေသော မြန်မာပြည်ကြီးအား လက်ရုံးရည်၊နှလုံးရည်ဖြင့် ပြန်လည်စုစည်းပြီးနောက် အလောင်းမင်းတရားဘွဲ့ဖြင့် ဘိသိတ်ခံ နန်းတက်လေသည်။

၅။ယခုခေတ်(ပေါ်မလာသေး၍ စောင့်ကြည့်ရမည်) (၂၆၀၀ သာသနာ “ဗုဒ္ဓရာဇာ”ပေါ်လာမှာ စည်တော်ကြီးလည်း ဟီးလိမ့်မယ်။) ထို“တဘောင်”သည် ဗုဒ္ဓ သာသနာအား ကမ္ဘာတစ်ခွင်ဖြန့်ကျက်ထွန်းလင်းစေပြီး မြန်မာပြည်အားလည်း သာသနာတော်ကို

နေတစ်ဆူ လတစ်ဆူလို ထင်ရှားစေမည့်သာသနာပြုမင်းပေါ် မည်ဖြစ်သည်။ ထိုမင်းလက်ထက်တွင် တိုင်းပြည်သည် တိုးတက်ချမ်းသာကြွယ်ဝ လွန်းအားကြီးမည်။ စည်ပင် သာယာလှပသော တိုင်းပြည်ဖြစ်မည်။

တေဘာင္ေပၚသည့္အတိုင္းလည္း ထြက္ေပၚခဲ့ၾကသည့္ မင္းမ်ားမွာ ၁။ပုဂံေခတ္(စီးခ်င္းထိုးလ်က္ မ်ိဳးမင္းထြက္ ျပည္ေတာ္သာလိမ့္မယ္။)ထို”တေဘာင္”ေပၚၿပီးေနာက္ “အေနာ္ရထာ”မင္းေလာင္းသည္ ဦးရီးေတာ္ စုကၠေတးမင္းႏွင့္ စီးခ်င္းထိုးခဲ့သည္။

စုကၠေတးမင္းအား အႏိူင္တိုက္ခိုက္ၿပီးေနာက္ အေနာ္ရထာသည္ ပုဂံျပည့္ရွင္ျဖစ္လာခဲ့သည္။ ထိုမင္းလက္ထက္တြင္ သာသနာေရာင္ဝါထြန္းလင္းၿပီး ဆန္ေရစပါးေပါမ်ားကာ ခ်မ္းသာႂကြယ္ဝခဲ့သည္။

၂။အင္းဝေခတ္ (အင္းအိုင္ထဲကလူတစ္ေယာက္ မီေတာက္ကေလးကိုင္လို႔ေပါက္) ထို”တေဘာင္”ေပၚၿပီးေနာက္ “သတိုးမင္းဖ်ား“သည္ရွင္ဘုရင္ျဖစ္လာကာ နန္းေတာ္ကို အင္းဝၿမိဳ႕၌ တည္ခဲ့သည္။ ထိုမင္းသည္လည္း နယ္ပယ္အမ်ားအျပားကို သိမ္းပိုက္ကာ ဘုန္းမီးေနလေတာက္ပခဲ့သည္။

၃။ ေတာင္ငူေခတ္ (အိုဘယ့္အေမာင္ ဆံေ႐ြေဆာင္ ေနာက္လိုက္ဘုန္းေခါင္ေျပာင္လိမ့္မယ္။) ထို“တေဘာင္”ေပၚၿပီး ၾကာေသာ္ ေတာင္ငူၿမိဳ႕တြင္မင္းႀကီးညိဳမွ သားေတာ္တပါး ေမြးဖြားလာေလသည္။ ထိုသားေတာ္၏ဦးေခါင္းတြင္ ေ႐ြေရာင္ဆံပင္ တစ္ေမြးပါလာေလသည္။

ေနာင္ေသာ္ ထိုမင္းသားသည္ “တပင္ေ႐ြထီး“ဟု၍ ေတာင္ငူဘုရင္ျဖစ္လာေလသည္။ သို႔ေသာ္လည္းသက္ေတာ္မရွည္ပဲ သူ၏ေယာက္ဖေတာ္ ဘုရင့္ေနာင္က ထီးနန္းကို ဆက္ခံေလသည္။ ဘုရင့္ေနာင္လက္ထက္ေရာက္ေသာ္ ျမန္မာျပည္ႀကီး ဘုန္းမီးေနလေတာက္ပေလသည္။

၄။ကုန္းေဘာင္ေခတ္ (ဖိုသုံးဖို တစ္ဖိုေတာက္မည္) ထို “တေဘာင္”ေပၚၿပီးေနာက္ မုဆိုးဖို႐ြာ သူႀကီးဦးေအာင္ေဇယ်သည္ ပ်က္ျပားေနေသာ ျမန္မာျပည္ႀကီးအား လက္႐ုံးရည္၊ႏွလုံးရည္ျဖင့္ ျပန္လည္စုစည္းၿပီးေနာက္ အေလာင္းမင္းတရားဘြဲ႕ျဖင့္ ဘိသိတ္ခံ နန္းတက္ေလသည္။

၅။ယခုေခတ္(ေပၚမလာေသး၍ ေစာင့္ၾကည့္ရမည္) (၂၆၀၀ သာသနာ “ဗုဒၶရာဇာ”ေပၚလာမွာ စည္ေတာ္ႀကီးလည္း ဟီးလိမ့္မယ္။) ထို“တေဘာင္”သည္ ဗုဒၶ သာသနာအား ကမာၻတစ္ခြင္ျဖန႔္က်က္ထြန္းလင္းေစၿပီး ျမန္မာျပည္အားလည္း သာသနာေတာ္ကို

ေနတစ္ဆူ လတစ္ဆူလို ထင္ရွားေစမည့္သာသနာျပဳမင္းေပၚ မည္ျဖစ္သည္။ ထိုမင္းလက္ထက္တြင္ တိုင္းျပည္သည္ တိုးတက္ခ်မ္းသာႂကြယ္ဝ လြန္းအားႀကီးမည္။ စည္ပင္ သာယာလွပေသာ တိုင္းျပည္ျဖစ္မည္။

Leave a Reply

Your email address will not be published.